ကာဗာနီနဲ့ အဲလက်စ်တဲလက်စ်ကို တရားဝင်စာချုပ်လိုက်ပြီဖြစ်တဲ့ ယူနိုက်တက်

မန်ယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့တရားဝင်ညှိနှိုင်းမှုတွေဖြစ်တဲ့ ကာဗာနီနဲ့ အဲလက်စ်တဲလက်စ်ကို ခေါ်ယူလိုက်ပြီလို့ ဖြစ်ပါတယ်။ ကာဗာနီကို (၂)နှစ်စာချုပ် တနှစ်လုပ်ခလစာ ပေါင်(၉)သန်းနဲ့ဖြစ်ပြီး၊ အဲလက်စ်တဲလက်စ်ကိုတော့ ယူရို (၁၅)သန်း+အပိုထပ်ဆောင်းကြေး ယူရို(၂)သန်းပါရှိပါတယ်။ လေးနှစ်စာချုပ်နဲ့ကိုမှ အပိုထပ်ဆောင်းချုပ်ဆိုခွင့် တနှစ်ပါရှိပါတယ်။

ကာဗာနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမဲ့ အေ့ဂျင့်ကြေးပေးချေခဲ့ရပါတယ်။ Huge Ammount လို့ ဖော်ပြထားတဲ့ သဘောတူညီချက်အရ အေ့ဂျင့်ကြေး ဈေးကြီးတရပ်ကိုပေးခဲ့ရတယ်လို့ ယူဆရပါတယ်။ ဘယ်လောက်ပမာဏကိုတော့ ပြောင်းရွှေ့ကြေးမဟုတ်တဲ့အတွက် ကြေညာမှာတော့ မဟုတ်ပါဘူး။ ကာဗာနီအနေနဲ့ ခန့်မှန်းခြေအရ အင်တာနေရှင်ဘရိတ်နဲ့ ကွာရင်တိုင်းအပြီး အောက်တိုဘာ(၂၀)ရက်နေ့မှာ တရားဝင်ကစားနိုင်မှာဖြစ်ပါတယ်။

အဲလက်စ်တဲလက်စ်အနေနဲ့ ပေါ်တိုနဲ့ ဇန်နဝါရီအထိပဲ စာချုပ်ချုပ်အနေအထားမှာ ပေးချေခဲ့ရတဲ့ပြောင်းရွှေ့ကြေးက ယူရို(၁၅)သန်းဖြစ်ပေမဲ့ ပေါ်တိုဟာ (၁၈)သန်းအထိ လိုချင်ခဲ့တာကို လျှော့ချနိုင်ခဲ့တာပါ။ (၂၇)နှစ်သားရဲ့ ဘယ်နောက်ခံလူ ကစားတဲ့တည်နေရာကြောင့် လုခ်ရှောနဲ့အတူ ယူနိုက်တက်ရဲ့ ဘယ်ခြမ်းခံစစ်ကို အားဖြည့်ဖို့ လုပ်ဆောင်နိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

တဖက်မှာတော့ ဘာစီလိုနာကနေ အငှားအနေနဲ့ ဒမ်ဘီလီကို ခေါ်ယူဖို့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ရောက်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ ယူနိုက်တက်ရဲ့အဓိက ပစ်မှတ်အဖြစ် တရားဝင်ဆွေးနွေးထားတဲ့ ဂျေဒင်ဆန်ချိုလည်း မရောက်ဘူးလို့သိရပါတယ်။ သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုကိုယ်တိုင် အတည်ပြုထားတဲ့ သတင်းတွေဖြစ်တဲ့အတွက် ယူနိုက်တက်ရဲ့ ထရန်စဖာအပြီးသတ်သွားပြီဖြစ်ပါတယ်။

အထွက်အနေနဲ့ကတော့ နောက်ခံလူ ဒါမီရန်ကို တနှစ်အငှားနဲ့အတူ အပြီးသတ်ဝယ်ခွင့်နဲ့ အင်တာမီလန်ကို တရားဝင်လက်လွှတ်လိုက်ပြီဖြစ်ပါတယ်။ အင်တာမီလန်ရဲ့ မန်ယူကစားသမားခေါ်ယူမှုအဖြစ် လူကာကူ၊ ဆန်းချက်၊ ယန်းနဲ့ အခု ဒါမီရန်ကို ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးကိုတော့ မဖော်ပြထားပေမဲ့ ပေါင် (၂.၅)သန်းလို့ ခန့်မှန်းထားတာကာ နည်းပါးတဲ့ ပမာဏဖြစ်လာဖို့ရှိနေပါတယ်။

Aung Bwa – SportsGbar