မန်ယူ (၁-၆) စပါးပွဲအတွက် ပွဲအပြီး ဆိုးလ်ရှားဘယ်လိုမှတ်ချက်ပေးခဲ့လဲ

ပွဲအစ (၂)မိနစ်မှာ ဘရူနိုရဲ့ကန်ချက်နဲ့ ဦးဆောင်ဂိုးရ့ခဲ့ပေမဲ့ ဆယ်မိနစ်အတွင်း ဦးဆောင်ဂိုးအထိပါပြန်ပေးလိုက်ရချိန်မှာ ယူနိုက်တက်တို့ တခုခုမှားယွင်းနေခဲ့ပါပြီ။ အန်တိုနီမာရှယ်အထုတ်ခံရပြီး၊ (၁၀)ယောက် (၁၁)ယောက်ဖြစ်သွားချိန်မှာတော့ ယူနိုက်တက်ရဲ့ပထမပိုင်းဟာ (၄-၁)အထိကို ဂိုးပြတ်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ (၁-၆)နဲ့ ဧည့်သည်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ချိန်၊ (၂၀၁၁)နောက်ပိုင်း ပထမဆုံးအကြိမ်(၆)ဂိုးထိပေးရတဲ့ ရှုံးပွဲကိုပြန်ကြုံတွေ့ခဲ့ပါတယ်။

ဒီအနေအေထားက မှတ်တမ်းဆိုးတွေကို ပိုင်ဆိုင်စေပါတယ်။ ဆိုးလ်ရှားနည်းပြဘ၀ ဂိုးအပြတ်ဆုံးရှုံးပွဲလည်းဖြစ်ပါတယ်။ အသင်းရဲ့ရှုံးပွဲကို ပွဲအပြီး အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ချိန်မှာ ဒီအချက်ကိုအခုလို ကိုယ်တိုင်ပဲ ဝန်ခံသွားခဲ့ပါတယ်။ ” ကိုယ်တိုင်ကျရှုံးဖို့ကိုပဲ ကျွန်တော်တို့ကိုယ်တိုင်ဆောင်ယူလာခဲ့တယ်။ အခုအချိန်မှာ ရှင်းပြဖို့ ဆိုတာက တကယ့်ကို ခက်ခဲလွန်းပါတယ်။’

” ကျွန်တော်တို့အသင်းက အင်မတန်မှကောင်းတဲ့တဖက်အသင်းရဲ့ (၁-၆)ဆိုတဲ့အနေအထားနဲ့ ချေမှုန်းခံရတာလေ။ မန်ချက်စတာယူနိုက်တက်ရဲ့ မန်နေဂျာတယောက်အနေနဲ့ ကျွန်တော့်သက်တမ်းတလျှောက်မှာ အဆိုးရွားဆုံးပဲ။ ယူနိုက်တက်ရဲ့ ကစားသမားတွေအားလုံးအတွက်လည်း အဆိုးရွားဆုံးဆိုတဲ့ နေရက်ပဲ။ မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းမှာတော့ အဆိုးရွားဆုံးနေရက်တော့မဟုတ်သေးပါဘူး။”

” ကျွန်တော်တို့ အဲဒီမတိုင်ခင်ကလည်း ပြန်ရုန်းထွက်လာနိုင်ခဲ့ပြီးပြီလေ။ ‘ လို့ တိုတိုတုတ်တုတ်ပဲ မှတ်ချက်ပေးခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ယူနိုက်တက်အတွက် အဆိုးဆုံးလို့လည်းဆိုလို့မရတာမှန်နေပါတယ်။ အခုလိုဂိုးကွာခြားချက် (၅)ဂိုးနဲ့အထက်ရှိခဲ့ဖူးတာမျိုးအရင်က သုံးပွဲရှိပြီးသားပါ။ အခုက ဆိုးလ်ရှားလက်ထက်မှာ လေးပွဲမြောက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။ မန်စီးတီးကို (၆-၁)နဲ့ရှုံးအပြီး ပထမဆုံးအကြိမ်ပြန်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အိမ်ကွင်းနှစ်ပွဲဆက်ကို ရာသီအစဖွင့်ပွဲမှာရှုံးတာက (၁၉၈၆-၈၇)နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ တပွဲတည်း (၆)ဂိုးသွင်းခံရတာကတော့ (၃)ပွဲမြောက်အဖြစ်ဖြစ်လာခဲ့တာပါ။ အတော်လေးကိုမှ မှတ်တမ်းဆိုးတွေရခဲ့အပြီးမှာတော့ ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ကို လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အချိန်ရောက်နေပြဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲလက်စ်တဲလက်စ်နဲ့ ကာဗာနီကို စာချုပ်ဖို့ကျန်နေပါတယ်။

Aung Bwa – SportsGabar