နံနက်ပိုင်း အားကစားသတင်းတိုများ (၅.၁၀.၂၀၂၀)

ယူနိုက်တက်နဲ့ စပါးအသင်းကစားခဲ့တဲ့ပွဲစဉ်က (၁-၆)နဲ့အတူ စပါးအသင်းအနိုင်ရခဲ့ပါတယ်။ အန်တိုနီမာရှယ်အထုတ်ခံခဲ့ရပြီး၊ (၁၀)ယောက် (၁၁)ယောက်နဲ့ရင်ဆိုင်ခဲ့ရချိန်မှာ ပထမပိုင်းမှာတင် (၄)ဂိုးအထိ ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပါတယ်။ (၂၀၁၁)မန်ချက်စတာစီးတီးကို (၁-၆)နဲ့ရှုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်မှတ်တမ်းဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဗီလာနဲ့ လီဗာပူးပွဲစဉ်က ဝက်ကင်ရဲ့ဟက်ထရစ်နဲ့အတူ ဗီလာတို့ (၇-၂)ရလဒ်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ ဂျက်ဂရီရယ်လစ်ရှ်ရဲ့ ကမ္ဘာ့အဆင့်ခြေစွမ်းကိုတွေ့မြင့်ခဲ့ရပြီး၊ ကစားသမားသစ်ဘာကလေရဲ့ခြေစွမ်းအံဝင်မှုတွေကြောင့် ဂိုးပြတ်နိုင်ပွဲတပွဲကို ဗီလာတို့ဖန်တီးနိုင်ခဲ့ပါတယ်။ ဗီလာအနေနဲ့ သုံးပွဲကစား သုံးပွဲလုံးအနိုင်ရလဒ်ကို ဖန်တီးထားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ဆီဗီလာတို့ပွဲစဉ်က (၁-၁)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ ပွဲအစ (၈)မိနစ်နဲ့ (၁၀)မိနစ်မှာတင် ဆီဗီလားဦးဆောင်ဂိုးရှင် ဒီဂျောင်နဲ့ ဘာစီလိုနာက ကော်တင်ဟိုရဲ့ချေပဂိုးတို့ကြောင့် ပထမပိုင်းရလဒ်အတိုင်းမပြောင်းလဲခဲ့ပါဘူး။ ကော်တင်ဟိုအတွက် ဘာစီလိုနာကစားသမားဘ၀ သွင်းဂိုးကို (၂၀၁၉)နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်သွင်းခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းနဲ့ ပေါ်တိုအကြား နောက်ခံလူ အဲလက်စ်တဲလက်စ်အတွက် ပြောင်းရွှေ့ကြေးညှိနှိုင်းမှု သဘောတူညီချက်ရခဲ့ပြီလို့သိရပါတယ်။ ယူရို (၁၅)သန်းပေးချမှာဖြစ်ပြီး၊ အပိုထပ်ဆောင်းအနေနဲ့ ယူရို (၂)သန်းကိုထပ်ဆောင်းပေးမှာပါ။ လေးနှစ်စာချုပ်နဲ့အတူ တနှစ်အပိုထပ်ဆောင်းချုပ်ခွင့်နဲ့ အဆိုပါ (၂၇)နှစ်သားကိုပေါ်တိုကနေ ခေါ်ဖို့ သဘောတူခဲ့ပါတယ်။

နာပိုလီနဲ့ ဂျူဗင်တပ်ပွဲစဉ် ပျက်ပြယ်သွားခဲ့တာဟာ နာပိုလီအသင်းကစားသမားတွေဖက်မှာ ကိုဗစ်ပေါ့စတစ် ဖြစ်နေတာကို အချိန်မီတွေ့ခဲ့တာကြောင့်လို့ သိရပါတယ်။ ဂျူဗင်တပ်အနေနဲ့ ကွင်းထဲကိုအချိန်မီရောက်နေခဲ့ပြီး၊ နာပိုလီက ရောက်မလာခဲ့ကာမှ ဖြစ်ရပ်ကိုသိရတဲ့အတွက် စည်းမျဉ်းအရဆိုရင် (၃-ဝ)နဲ့အနိုင်ရနိုင်တယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ ပွဲကိုဆိုင်းငံ့လုပ်ထားပါတယ်။

လီဗန်တေးကို အဝေးကွင်းမှာ သွားကစားခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ကတော့ (ဝ-၂)နဲ့အတူ နိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဗင်နီးရှပ်ဂျူနီယာဦးဆောင်ဂိုးသွင်းခဲ့ပြီး၊ ဘန်ဇီးမား ၉၀+၅ မိနစ်သွင်းဂိုးကို သွင်းခဲ့ပါတယ်။ အဆိုပါဂိုးဟာ ဘန်ဇီးမားအတွက် ကစားသမားဘ၀ ရီးရဲလ်မက်ဒရစ် သွင်းဂိုး (၂၅၀)အဖြစ် စံချိန်မှတ်တမ်းသစ်စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။

Aung Bwa – SportsGabar