နံနက်ပိုင်းအားကစားသတင်းတိုများ (၄.၁၀.၂၀၂၀)

ပီအက်စ်ဂျီတိုက်စစ်မှူးကာဗာနီတယောက် ယူနိုက်တက်အသင်းနဲ့စာချုပ်ဖို့ လန်ဒန်ကိုလာရောက်နေပြီလို့သိရပါတယ်။ တနင်္ဂနွေနေ့မှာ စာချုပ်မယ်လို့ဆိုထားတဲ့အတွက် အောက်တိုဘာလ(၅)ရက်နေ့မှာ တရားဝင်အပြောင်းအရွှေ့တခုကို ကြေညာဖို့ှရှိနေပါတယ်။ (၃၃)နှစ်အရွယ် အတွေ့အကြုံရှိတိုက်စစ်မှူးကြောင့် ယူနိုက်တက်တို့ (၂)နှစ်စာချုပ်ဖြစ်ဖို့များနေပါတယ်။

မန်ချက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့လိဒ်ယူနိုက်တက်ကတော့ (၁-၁)သရေရလဒ်ကိုထွက်ပေါ်ခဲ့ပါတယ်။ (၁၇)မိနစ်မှာ စတာလင်ရဲ့ဦးဆောင်ဂိုးကိုခွင့်ပြုခဲ့ရပေမဲ့ ဒုတိယပိုင်းမှာ ရိုဒရီဂိုချေပဂိုးပြန်ရယူနိုင်ခဲ့ကာ ပွဲကောင်းတပွဲကို နှစ်ဖက်အသင်း ရသအပြည့်နဲ့ ကစားပြခဲ့ပါတယ်။

ဒေါ့မွန်နဲ့ ဖရိုင်းဖတ်တို့ ကစားခဲ့တဲ့ ပွဲစဉ်က(၄-ဝ)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ ဟာလန်း (၂)ဂိုးသွင်းယူခဲ့ကာ (၁၇)နှစ်သားလေး ရေနာ(၃)ဂိုးအထိ ဖန်တီးပေးခဲ့ပြီး၊ ခြေစွမ်းပြ ဂိုးပြတ်နိုင်ပွဲကို ဖန်တီးခဲ့ပါတယ်။ အဆိုပါပွဲမှာ ဂျေဒင်ဆန်ချို ပါဝင်ခဲ့ခြင်းမရှိဘဲ ကစားခဲ့တာဖြစ်ပါတယ်။

ဂျေဒင်ဆန်ချိုပါဝင်ခဲ့ရခြင်းမရှိပေမဲ့ ယူနိုက်တက်နဲ့အပြောင်းအရွှေ့ကြောင့် မဟုတ်ဘူးလို့ သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုက ပြောကြားခဲ့ပါတယ်။ ဒေါ့မွန်ဖက်က ပြောကြားချက်အရ နေမကောင်းဖြစ်နေတာကြောင့်မပါခဲ့တာပါလို့ဆိုထားခဲ့ပြီး၊ ပွဲထွက်ပါခွင့်ရရင် ပါမှာပါလို့ ဆိုခဲ့ပါတယ်။

ဘရိုက်တန်ကို ယှဉ်ပြိုင်ကစားခဲ့ဲ့ အဲဗာတန်ကတော့ (၄-၂)ရလဒ်နဲ့အတူ ဂိုးပြတ်နိုင်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။ ရိုဒရီဂွက် (၂)ဂိုးသွင်း (၁)ဂိုးဖန်တီးကာ နောက်ခံလူ မီနာအစွမ်းပြခဲ့ပြီး၊ ဘရိုက်တန်ကို အနိုင်ယူခဲ့ပါတယ်။ ဘရိုက်တန်အနေနဲ့ ဘစ်ဆူးမားရဲ့ကန်ချက်ကောင်းတခုရလိုက်တာကလွဲလို့ အဆုံးသတ်ပိုင်းတွေအားနည်းခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ဘန်လေအသင်းကစားခဲ့တဲ့ပွဲစဉ်ကတော့ (၃-၁)နဲ့အတူ နယူးကာဆယ်တို့အနိုင်ရခဲ့ပါတယ်။ ကောလမ်ဝီလ်ဆင် ခြေစွမ်းပြကာ (၂)ဂိုးသွင်း (၁)ဂိုးဖန်တီးခဲ့ပြီး၊ စိန့်မက်ဆီမန်နဲ့အတူ အကောင်းဆုံးတွဲဖက်ကာ နိုင်ပွဲတပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။

ပဲလေ့စ်ကို (၄-ဝ)နဲ့နိုင်ပွဲအပြီးမှာ ကောလာဟလသတင်းအနေနဲ့ ချဲလ်ဆီးကစားသမား ဂျော်ဂျင်ဟိုဟာ အာဆင်နယ်အသင်းကို အမှတ်မထင်ရောက်လာနိုင်တယ်လို့သိရပါတယ်။ လက်ကျန်နှစ်ရက်အတွင်း အငှားချခံရဖို့ရှိနေပြီး၊ ကစားသမားအလဲအထပ်တခုလည်း ဖြစ်လာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

Aung Bwa – SportsGabar