သူ့ကို လူပျင်းလို့ခေါ်တဲ့သူတွေကို ယူရိုပါလိဂ်အကောင်းဆုံးဆုရှင်ရအပြီးမှာ ပြန်တုံ့ပြန်လိုက်တဲ့ လူကာကူ

လူကာကူရဲ့ အင်တာမီလန်က ခြေစွမ်းကို ပရိသတ်တွေ သိပြီးဖြစ်မှာပါ။ ရောက်ရောက်ချင်းနှစ်မှာပဲ အသင်းအတွက် စံချိန်တွေတင်ခဲ့သလို ယူရိုပါလိဂ်ဖိုင်နယ်ကိုလည်း ပို့ပေးခဲ့ပြီး၊ ရာသီအကုန်မှာ စီးရီးအေဒုတိယချိတ်တဲ့အထိ အသင်းကိုကူညီနိုင်ခဲ့ပါတယ်။ ဆုဖလားတွေနဲ့လက်တကမ်းအလိုမှာရှိခဲ့ပေမဲ့ လူကာကူအတွက်ကတော့ အောင်မြင်တဲ့ရာသီ ဖြစ်ခဲ့တယ်ဆိုတာက ငြင်းမရပါဘူး။

ယူရိုပါလိဂ်ရဲ့အကောင်းဆုံး ကစားသမားဆုကိုရတဲ့အထိ ခြေစွမ်းပြခဲ့သူပါ။ လိဂ်ဂိုး (၂၃)ဂိုးနဲ့ ယူရိုပါလိဂ် (၉)ဂိုးကို စံချိန်တင်ပွဲဆက်တွေနဲ့ဂိုးသွင်းခဲ့အပြီး၊ အခုလိုခြေစွမ်းပြခဲ့တဲ့အပေါ် တချိန်က သူ့ကိုဝေဖန်ခဲ့တဲ့ လူတွေကိုပြန်တုံ့ပြန်လိုက်ပါတယ်။ ဆုရအပြီး Times သတင်းစာနဲ့အင်တာဗျူးမှာအခုလို ပြောခဲ့ပါတယ်။ ” ပြီးခဲ့တဲ့ ကျွန်တော် အင်္ဂလန်မှာရှိတုန်းက ကျွန်တော်ပျင်းခဲ့တယ်။ ကျွန်တော်မပြေးနိုင်ခဲ့ဘူး။”

” ကျွန်တော်အခုဒါကိုလုပ်မှာမဟုတ်တော့ဘူး။ အင်တာမှာဆိုရင် အခန်းထဲမှာ ကျွန်တော်ကို အကြိုးစားဆုံးကစားသမားလို့ ချီးကျူးကြတယ်။ ကျွန်တော်ဒီမှာကစားနေတာကို ကြည့်လိုက်တာနဲ့ အင်္ဂလန်မှာကစားတာကိုကြည့်လိုက်၊ တိုးတက်မှုတွေအများကြီးရှိတယ်။ ဒါပေမဲ့ လူကာကူကတော့ အခုဒီမှာရှိနေတယ်။ ခြေစွမ်းမပြနိုင်တာမျိုးတွေက ဘောလုံးလောကမှာ ဖြစ်တတ်ပါတယ်။ ‘

” နောက်မျိုးဆက်တွေကို ခင်ဗျားအနေနဲ့ ဒီအချက်ကိုရှင်းပြဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ကံတရားကို ကိုယ်တိုင်အပြည့်အဝထိန်းချုပ်ဖို့လိုတယ်။ ပုစ္ဆာတခုရဲ့ခက်ခဲနေတဲ့အပိုင်းတွေမှန်ကန်သွားတဲ့နေရာကိုသွားတဲ့အခါမှာ သေချာနေဖို့လိုတယ်။ ကျွန်တော်ဆိုလိုတာကို သဘောပေါက်မလားတော့မသိ။ အဲဒီအချိန်တုန်းက ဖြစ်လာမှာတွေကို ကျွန်တော်တို့ မြင်ခဲ့တယ်”

” ကျွန်တော်ဘယ်လိုလုပ်ခဲ့လဲကို ခင်ဗျားတို့မြင်ခဲ့တယ်။ အခုတော့ ခင်ဗျားကျွန်တော့်ကိုကြည့်လိုက်မယ်ဆိုရင် မတူတော့ဘူးဆိုတာတွေ့လိမ့်မယ်။ လူကာကူအစစ်၊ အလားအလာအပြည့်၊ ကျွန်တော် အင်္ဂလန်မှာဆိုရင်လည်း လုပ်ပြနိုင်ခဲ့မယ်အရာမျိုးပေါ့။ အဲဒီတုန်းကဆိုရင် သူတို့က ကျွန်တော့်ကို နှေးတယ်လို့ဆိုလိမ့်မယ်။ ကျွန်တော် တကယ်ပဲ နှေးနေလို့လား။ ကျွန်တော်က မန်ယူရဲ့အမြန်ကစားဟန်ကို မလိုက်နိုင်ဘူးလား’

” ဒီအချက်ကလည်း မမှန်ဘူးဆိုတာကို ပြသနေတဲ့ အချက်လေးတွေကလည်း အများကြီးရှိတယ်။ ကျွန်တော့်ကိုနှေးတယ်လို့ဆိုမယ်ဆိုရင် ယူရိုပါလိဂ်ဆီးမီးဖိုင်နယ်မှာ ရှက်တာဒိုးနက်ကိုသွင်းသွားတဲ့ ဒုတိယဂိုးလိုမျိုးကိုကျွန်တော်သွင်းနိုင်မှာမဟုတ်ဘူး။ အကယ်လို့ ကျွန်တော်နှေးမယ်ဆိုရင် ဆီးဗီးလားနဲ့ဖိုင်နယ်ပွဲမျိုးမှာ ကျွန်တော်လုပ်ခဲ့တဲ့ ပင်နယ်တီလိုမျိုး ကျွန်တော်ရခဲ့မှာ မဟုတ်ဘူး”

” ဒါက နှစ်နှစ်ကြာအပြီးမှာ ဖြစ်ခဲ့တာ။ တခါထပ်ပြီး (၂၅)နှစ်သားတုန်းကထက် (၂၇)နှစ်မှာ ပိုမြန်နေတာလားလို့ ထပ်ပြောကြလိမ့်မယ်။ ဒါက ကျွန်တော်ပြောဖို့ ကြိုးစာေးနခဲ့တဲ့အရာပဲ။ သေးသေးမွှားမွှားလေးတွေပါပဲ။ ငါကဘာလဲမင်းသိလားဆိုတာမျိုးပေါ့။ ” လို့ ပြောခဲ့ပါတယ်။ လူကာကူတယောက် မခံချင်စိတ်တွေနဲ့ကြိုးစားအပြီးမှာ လုပ်ပြနိုင်ခဲ့တဲ့အရာတွေအပေါ် ဝေဖန်သူတွေကို တုံ့ပြန်ခဲ့တဲ့စကားလုံးတွေက ပြင်းရှနေခဲ့တာတော့အမှန်ပါပဲ။

Aung Bwa – SportsGabar