ဘောလုံးပွဲတွေကို ရုပ်ရှင်ရုံတွေမှာ ကြည့်နိုင်ပြီဖြစ်တဲ့ ပရီးမီးယားလိဂ်

ဘောလုံးပွဲတွေကို အခုအချိန်မှာ အပြင်မှာကြည့်ဖို့ မဖြစ်နိုင်သေးပါဘူး။ ကွင်းထဲကိုလည်း ပရိသတ်တွေဝင်ခွင့်မပြုနိုင်သေးတဲ့အချိန်မှာ လူတွေအများကြီးနဲ့ ကြည့်ရတဲ့ အရသာကို ပရိသတ်တွေက လွမ်းဆွတ်နေမှာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းအမျိုးမျိုးနဲ့ စဉ်းစားနေကြတဲ့ပေမဲ့ သင့်တော်တဲ့ ဖြေရှင်းချက်မျိုးလည်း တာဝန်ရှိသူတွေမစီစဉ်နိုင်သေးပါဘူး။

ဒီအချိန်မှာ ရုပ်ရှင်ရုံတွေက ပရိသတ်တွေအများကြီး စုစုဝေးဝေးနဲ့ကြည့်လို့ရမယ့် အစီအစဉ်တရပ်ကိုလုပ်ပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲတွေကို ရုံတင်ပြသပေးမယ့်အစီအစဉ်နဲ့အတူ ပရိသတ်တွေဟာ လူတွေအများကြီးနဲ့ကြည့်လို့ရတော့မှာပါ။ အရင်ဆုံး ဘောလုံးပွဲစဉ် သုံးပွဲအတွက် ပြသခွင့်တောင်းခံထားပြီး၊ ချဲလ်ဆီးနဲ့ပဲလေ့စ်ကန်မယ့် ပွဲစဉ်အတွက် စတင်စမ်းသပ်မှာဖြစ်ပါတယ်။

နေ့ခင်း (၁၂)နာရီမှာ ချဲလ်ဆီး-ပဲလေ့စ်ပွဲပြီးတာနဲ့ နောက်တပွဲဆက်ကြည့်ချင်တဲ့ သူတွေက အဲဗာတန်-ဘရိုက်တန်ပွဲကို (၃)နာရီမှာ ဆက်တိုက်ကြည့်နိုင်မှာပါ။ ပြီးရင်တော့ ဆန်းဒေးမှာ ကန်မယ့် လက်စတာ-ဝက်စ်ဟမ်း ပွဲကိုလည်း လန်ဒန်ရဲ့သတ်မှတ်ရုပ်ရှင်ရုံတွေမှာ ပြသမှာဖြစ်ပါတယ်။ အစီအစဉ်ကို ပရီးမီးယားလိဂ်ကိုယ်တိုင်က ပူးပေါင်တာဖြစ်တဲ့အတွက် ထူးဆန်းတဲ့တင်ဆက်မှုဖြစ်လာမှာပါ။

ခါတိုင်းလို ရုံတွေမှာ ဇာတ်ကားတွေကိုကြည့်ရမယ့်အပြင် တိုက်ရိုက် Live ဖြစ်နေတဲ့အချက်က ရုပ်ရှင်ရုံသမိုင်းမှာလည်း စံချိန်အသစ်ဖြစ်လာမှာဖြစ်ပါတယ်။ တပွဲကို ၅ ပေါင်နှုန်းနဲ့ ပြမှာဖြစ်တဲ့အတွက် တော်တော်လေးတော့ ဈေးကြီးတယ်လို့ဆိုရမှာပါ။ ရုပ်ရှင်လက်မှတ်ဈေးအနေနဲ့ပါ။ ပုံမှန်ဘောလုံးပွဲတပွဲဆိုရင်တော့ ဒီပမာဏဟာ အသင်းအပေါ်မူတည်ပြီး ကွာခြားသွားမှာဖြစ်ပါတယ်။

လက်စတာစီးတီးနဲ့ လီဗာပူးအခြေစိုက် ရုပ်ရှင်ရုံတွေမှာလည်း ပြသွားမှာဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ ကိုယ့်အသင်းပွဲတွေမဟုတ်လည်း ဝယ်ကြည့်ရဖို့ရှိနေပါတယ်။ ဘယ်လိုပုံတွေနဲ့လာမလဲကိုတော့ မသိသေးပေမဲ့ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြသတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကိုယ်တိုင်က ပူးပေါင်းတဲ့အတွက် ရုံထဲမှာ လူပြည့်မပြည့်နဲ့ အောင်မြင်မှုရမရကို ဒီတပတ်မှာစောင့်ကြည့်ရဖို့ရှိနေပါတယ်။

Aung Bwa – SportsGabar