ဗဟိုတိုက်စစ်နေရာမှာ ဒေါ့မွန်အတွက်ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ ဟာလန်းလိုကစားသမားကို ပရိသတ်တွေကြိုက်ကြမှာပါ။ ငယ်ရွယ်တဲ့အပြင် တည်ငြိမ်တဲ့ခြေစွမ်းနဲ့ကြိုးစားအားထုတ်မှုအပြည့်ရှိတဲ့ သူ့ဟန်ကြောင့် ကမ္ဘာ့ထိပ်တန်းအဆင့်တွေထဲသတ်မှတ်ထားကြပြီး၊ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးလို့ ခိုင်းနှိုင်းပြောဆိုနေကြပါတယ်။
ဒါပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ သူဟာ Striker တွေထဲမှာ အကောင်းဆုံးမဟုတ်သေးဘူးလို့ဆိုလိုက်ပါတယ်။ သူ့အထက်မှာ တကယ်ကောင်းတဲ့ ကမ္ဘာ့အဆင့် (၇)ယောက်ရှိပြီး၊ အဲဒီကစားသမားတွေကိုတော့ မမီသေးဘူးလို့ ဂျာမန်အားကစားဝက်ဘ်ဆိုက် VG နဲ့ အင်တာဗျူးမှာဖွင့်ဟခဲ့ပါတယ်။ ကစားသမားတွေက
ရော်နယ်ဒို၊ လီဝမ်ဒေါစကီး၊ အဂူရို၊ ဖာမီနို၊ အူဘာမီယန်၊ ဟယ်ရီကိန်းနဲ့ တီမိုဝါနာတို့လို့ ညွန်းဆိုခဲ့ပါတယ်။ ဒီနေရာမှာ ဟာလန်းဝန်ခံထားတာရှိပါတယ်။ သူ့အနေနဲ့ မက်ဆီကို မရွေးချယ်ထားဘူးဆိုတာပါ။ အမ်ဘာပေတို့လို ကစားသမားတွေကိုလည်း မရွေးတာက သူကစားတဲ့ နေရာမှာ သူ့ထက်ကောင်းတဲ့ကစားသမားတွေကို ရွေးချယ်တာကြောင့်လို့ဆိုပါတယ်။
အခုလို ရွေးချယ်ပေးခဲ့တဲ့အပေါ် ပရိသတ်တွေက ဟာလန်းရဲ့ရွေးချယ်မှုကို သဘောကျနေပါတယ်။ ဒီစာရင်းမှာမပါပေမဲ့ သူ့အနေနဲ့ နောက်ထပ်ကြိုက်နှစ်သက်တဲ့ ကစားသမားတယောက်လည်းရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ လီဗာပူး ကစားသမား ဖာမီနိုကိုလည်း ဖော့စ်နိုင်းအဖြစ်နဲ့ ရွေးချယ်ထားပြီး၊ သူ့ထက်ကောင်းတဲ့ စာရင်းမှာတော့ ဖော်ပြခဲ့တာမျိုးမရှိပါဘူး။
Aung Bwa – SportsGabar