စံချိန်တင်ပင်နယ်တီ (၂၄)လုံးအထိ အကြိတ်အနယ်ကန်ပြီး၊ အနိုင်ရခဲ့တဲ့ အေစီမီလန်

အေစီမီလန်လိုအသင်းကြီးတသင်းအနေနဲ့ အခုလိုဖြစ်ရပ်မျိုးတွေဖြစ်လာမယ်ဆိုရင် လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က ဘယ်သူမှယုံမှာမဟုတ်ပေမဲ့ အခုတော့ဖြစ်လာခဲ့ပါပြီ။ ယူရိုပါလိဂ်အုပ်စုအဆင့်ကိုဝင်ခွင့်ရဖို့ ကွာလီဖိုင်ယာပွဲအနေနဲ့ ယှဉ်ပြိုင်ရချိန်မှာ ပင်နယ်တီတွေတသီကြီးသုံးပြီး အနိုင်ကန်ခဲ့ရတာပါ။ အေစီမီလန်နေနဲ့ ပင်နယ်တီ (၉-၈)အဆုံးအဖြတ်နဲ့ ရီယိုအေ့ဗ်အသင်းကိုနိုင်ခဲ့ချိန်မှာဖြစ်ပါတယ်။

ပွဲချိန်အတွင်းဦးဆောင်ဂိုးကို အေစီမီလန်အသင်း (၅၁)မိနစ်မှာရခဲ့ပေမဲ့ (၇၂)မိနစ်မှာ ချေပဂိုးပြန်ပေးလိုက်ရပါတယ်။ (၁-၁)သရေကျသွားပြီး အချိန်ပိုဆက်ကန်ရချိန်မှာ (၉၁)မိနစ်မှာပဲဦးဆောင်ဂိုးပြန်ပေးလိုက်ရပါတယ်။ ရှုံးနိမ့်တော့မယ့်အနေအထားအရောက်မှာမှ (၁၂၂)မိနစ်မှာ ပင်နယ်တီရခဲ့ကာ အေစီမီလန်တို့ (၂-၂)သရေနဲ့ အချိန်ပိုကိုပါ သရေရအောင်ကန်နိုင်ခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ခံယူဖို့ဖြစ်လာခဲ့ချိန်မှာ နှစ်ဖက်အသင်းကိုယ်စီကန်သွင်းခဲ့ပြီး၊ (၅)ယောက်စီအရင်ကန်ခဲ့ပါတယ်။ ကန်ခဲ့ပေမဲ့ အကုန်ဂိုးဝင်ခဲ့ပါတယ်။ နောက်တော့ တဦးချင်းငါးယောက်ထပ်ကန်ခဲ့ပြီး၊ အနိုင်ရလဒ်ကိုထပ်ဖန်တီးပြန်ပါတယ်။ အေစီမီလန်ဖက်က ပင်နယ်တီအရင်လွဲခ့ပေမဲ့ ရီယိုအေ့ဗ်ကစားသမားရဲ့ ကန်ချက်က တိုင်နှစ်တိုင်ကိုပါထိထွက်ကာ ဂိုးမဝင်ဘဲဖြစ်ခဲ့လို့ ဆက်ကန်ခဲ့ရပြန်ပါတယ်။

(၃)လုံးစီပဲဝင်ထားချိန်မှာ ပွဲတွေရဲ့ထုံးစံအတိုင်း နောက်ဆုံးဂိုးသမားချင်းကန်ခဲ့ပါတယ်။ အေစီဂိုးသမား ပင်နယ်တီအရင်လွဲခဲ့ပေမဲ့ ရီယိုအေ့ဗ်ဂိုးသမားကလည်း ထပ်လွဲပြန်ပါတယ်။ (၁၀)ယောက်စီကန်ပြီး အကြိမ်(၂၀)ရှိလာချိန်မှာ (၈-၈)ဖြစ်နေပါပြီ။ နောက်တော့ တယောက်တလုံးအဆုံးအဖြတ်ကိုထပ်ကန်ခဲ့ပြန်ပါတယ်။ အေစီအသင်းရဲ့ကန်ချက်ကို ရီယိုအေ့ဗ်ဂိုးသမား ဖမ်းနိုင်ခဲ့တဲ့အတွက် ဂိုးဝင်ရင်ရီယိုအေ့ဗ်တက်ပါပြီ။

ဒါပေမဲ့ ညာဖက်တိုင်ကိုသွားထိကာ နှစ်သင်းလုံးမဝင်ဖြစ်နေပါတယ်။ နောက်ဆုံးမှာတော့ အေစီမီလန်က ပင်နယ်တီအရင်ဝင်အောင်ကန်လိုက်ကာ ဂိုးသမား ဒိုနာရမ်မာ လက်စွမ်းပြဖမ်းလိုက်ချိန်မှာတော့ (၂၄)လုံးမြောက်မှာ အေစီတို့ အနိုင်ရသွားခဲ့ပါတယ်။ စုစုပေါင်း (၁၂)ကြိမ်စီနှစ်သင်းကန်ခဲ့ချိန်မှာ (၉-၈)ရလဒ်နဲ့အေစီတို့အနိုင်ရခဲ့တာဖြစ်ပါတယ်။ အခုတော့ ယူရိုပါလိဂ်အုပ်စုအဆင့်မှာပါဖို့ မဲအိုးထဲစာရင်းပါသွားခဲ့ပါပြီ။

Aung Bwa – SportsGabar