ယူရိုပါလိဂ်တွေဘယ်လိုမဲခွဲကြမလဲနဲ့ ဘယ်အသင်းတွေပါဝင်ကစားကြမလဲ

ဆီဗီလားအသင်းရယူထားတဲ့ ယူရိုပါလိဂ်ဖလားကို ပြိုင်ဆိုင်ဖို့ (၂၀၂၀-၂၁)အတွက် မဲခွဲတော့မှာဖြစ်ပါတယ်။ ကြာသပတေးညမှာ ကွာလီဖိုင်းဖြစ်လာတဲ့အသင်းတွေကိုပါ မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး၊ အင်္ဂလန်စံတော်ချိန် (၁၂)နာရီ သောကြာနေ့ (၂.၁၀.၂၀၂၀)မှာ မဲခွဲတော့မှာပါ။ ဘယ်လိုတွေမဲခွဲမလဲ၊ ပါဝင်ကစားကြမလဲနဲ့ သိထားသင့်တဲ့အချက်အလက်တွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

အသင်းစုစုပေါင်း (၄၈)သင်းကို အိုးလေးအိုးထားပြီး မဲခွဲမှာဖြစ်ပါတယ်။ အုပ်စု (၁၂)ခုဖွဲ့မှာဖြစ်ပြီး၊ အသင်းတွေကို သူတို့ရဲ့အနေအထားအရ မဲအိုးတွေထဲခွဲထည့်မှာပါ။ မဲခွဲတဲ့အခါမှာလည်း ရုပ်သံကြည့်ရှုနှုန်းမြင့်အောင် အစီအစဉ်တွေရှိပါတယ်။ လိဂ်တခုတည်းကနေ နှစ်သင်းနဲ့အထက်ပါတဲ့အဖွဲ့အစည်းတွေက တအိုးတည်းအတူတူထားဖို့ ရှိနေပြီး၊ ပွဲချိန်တိုက်မနေအောင်ကို တမင်နှိုက်မှာဖြစ်ပါတယ်။

ဒါ့အပြင် အိုတအိုးထဲမှာ တနိုင်ငံတည်းကအသင်းတွေကိုထားမှာပါ။ ဥပမာ လက်စတာ-အာဆင်နယ်ပွဲတွေ အုပ်စုမှာတင်ကျမလာဖို့ စီစဉ်ထားမှာဖြစ်တဲ့အတွက် ချန်ပီယံလိဂ်နဲ့ အတူတူဖြစ်ပါတယ်။ ပါဝင်မယ့်အသင်းတွေက လည်း (၄၈)သင်းရှိပေမဲ့ လက်ရှိမှာ တိုက်ရိုက်ဝင်ခွင့်ရထားတဲ့အသင်းက (၁၈)သင်းပဲရှိပါသေးတယ်။ ဗီလာရီးရဲလ်၊ ရီးရဲလ်ဆိုစီဒက်၊ လက်စတာ၊ အာဆင်နယ်။

နာပိုလီ၊ ရိုးမား၊ လေဗာကူဆင်၊ ဟော့ဖန်ဟိမ်း၊ လိုင်လီ၊ နိုက်စ်၊ ဘရာဂါ၊ ဖီယင်နု၊ ဝုဖ်ဘတ်၊ စီအက်ကေအေ မော်စကို၊ ရွိုင်ရယ်အန့်ဝက်၊ ဇော်ရာလူဟန့်စ်၊ ဆီဗာစပေါ၊ စပါတာပါရာဂွေး၊တို့ပါ။ ပလေးအော့ဖ်တွေကနေ တက်လာမယ့် အသင်းတွေက (၂၁)သင်းကျန်သေးပြီး၊ ချန်ပီယံလိဂ်က (၆)သင်းတိုက်ရိုက်ဆင်းလာမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်မှာ ပြုတ်လာတဲ့ ဘင်ဖီကာ၊ အယ်ခမာ၊ ဗီယင်နာတို့ကထပ်ပေါင်းမှာဖြစ်တဲ့အတွက် (၄၈)သင်းပါ။

အခုသောကြာနေ့မှာ မဲအိုးတွေထဲကို အဆိုပါ (၄၈)သင်းကိုထည့်မှာဖြစ်ပြီး၊ အသင်းတွေကအစီအစဉ်အတိုင်း ဆက်ကန်ရမှာဖြစ်ပါတယ်။ မဲခွဲတဲ့အခါမှာတော့ အုပ်စုတိုင်းက လေးသင်းစီရှိမှာမဟုတ်ပါဘူး။ ပွဲချိန်တွေက အောက်တိုဘာ (၂၂)၊ (၂၉)၊ နိုဝင်ဘာ (၅)(၂၆)၊ ဒီဇင်ဘာ (၃)၊ (၁၀)ရက်နေ့တွေ့မှာ အုပ်စုပတ်ချာလည်အတွက် ပွဲတွေကို စီစဉ်ပေးထားမှာဖြစ်တဲ့အတွက် အဲဒါပြီးမှသာ ပါဝင်မှာဖြစ်ပါတယ်။

Aung Bwa – SportsGabar