နံနက်ပိုင်း အားကစားသတင်းတိုများ (၂.၁၀.၂၀၂၀)

ယူအီးအက်ဖ်အေ အုပ်စုအဆင့်မဲခွဲပြီးချိန်မှာ လီဝမ်ဒေါစကီးနဲ့ ဟန်ဆီဖလစ်နှစ်ယောက် အကောင်းဆုံးဆုကို အသီးသီးကိုယ်စီရခဲ့ပါတယ်။ ယူအီးအက်ဖ်အေတနှစ်တာအကောင်းဆုံးကစားသမားဆုကို လီဝမ်ဒေါစကီးကရခဲ့ပြီး၊ နည်းပြဆုကို ဟန်ဆီဖလစ်က ရခဲ့ကာ ဘိုင်ယန်မြူးနစ်တသင်းတည်းကပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကာရာဘောင် ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ လီဗာပူးနဲ့အာဆင်နယ်အသင်းကတော့ (ဝ-၀)နဲ့အတူ ပွဲပြီးဆုံးခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်ဆက်သွားခဲ့ချိန်မှာ (၅-၄) နဲ့အတူ အာဆင်နယ်တို့အနိုင်ရခဲ့ပြီး၊ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ တဖက်မှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အသင့်စောင့်နေတဲ့ မန်စီးတီးနဲ့သွားတွေ့ခဲ့ပြီဖြစ်ပါတယ်။

အင်္ဂလန်အသင်းကြီးအတွက် တပွဲမှ မပါဝင်ရသေးတဲ့ ကစားသမားသုံးယောက်ကို နည်းပြဆောက်ဂိတ်ဟာ အသင်းကြီးဆီထည့်သွင်းခဲ့ပါတယ်။ အဲဗာတန်က ကလဲဗက်လေဝင်၊ အာဆင်နယ်က ဘူကာယိုဆာကာနဲ့ လက်စတာရဲ့ ဟာဗေးဘားနက်စ်တို့ကိုခေါ်ခဲ့ပါတယ်။ တဖက်မှာတော့ ဖိုဒင်နဲ့ ဂရင်းဝုဒ်တို့ဟာ အသင်းကြီးလူစာရင်းက ထွက်ခဲ့ရပြီလို့သိရပါတယ်။

ယူရိုပါလိဂ်အုပ်စုအဆင့်မဲခွဲပွဲကို သောကြာနေ့ (၂.၁၀.၂၀၂၀)မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။ (၁၂)အုပ်စုအဖြစ် (၄၈)သင်းကို မဲခွဲမှာဖြစ်ပြီး၊ တနိုင်ငံထဲအသင်းတွေ အုပ်စုထဲမကျစေဖို့ မဲခွဲတာကို ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အာဆင်နယ်-လက်စတာတို့ဟာ တအုပ်စုတည်းကျရောက်မှာမဟုတ်ဘူးလို့သိရပါတယ်။

မက္ကာဘီဟိုင်ဖာအသင်းကို ယူရိုပါလိဂ်အုပ်စုအဆင့်ဝင်ခွင့်အတွက် ယှဉ်ပြိုင်ခဲ့တဲ့ စပါးအသင်းကတော့ (၇-၂)နဲ့အတူ အနိုင်ရခဲ့ပါတယ်။ ဟယ်ရီကန်း ဟက်ထရစ်ရခဲ့ပြီး၊ တဂိုးဖန်တီးခဲ့ကာ ဒန်လီအလီလည်း ပါဝင်ကစားခဲ့ကာ တဂိုးသွင်းယူခဲ့ပါတယ်။ MOTM ကိုတော့ ခြေစွမ်းပြခဲ့တဲ့ ဟယ်ရီကိန်းကပဲ ရရှိသွားခဲ့တယ်လို့သိရပါတယ်။

ဘာစီလိုနာနဲ့ ဆယ်တာဗီဂိုအသင်းကစားခဲ့တဲ့ ပွဲစဉ်မှာ (ဝ-၃)နဲ့အတူ ဆယ်တာဗီဂိုက အနိုင်ရခဲ့ပါတယ်။ အန်ဆုဖာတီဂိုးသွင်းနိုင်ခဲ့တဲ့အတွက် လာလီဂါသွင်းဂိုးကို မနှစ်ကအပါဝင် (၁၀)ဂိုးအထိရှိလာခဲ့ပြီဖြစ်ပြီး၊ ဘာစီလိုနာသမိုင်းတလျှောက်ပထမဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကိုစံချိန်တင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ (၄၂)မိနစ်မှာ လင်ဂလတ်အထုတ်ခံရတာကြောင့် (၁၀)ယောက်တည်းနဲ့ ဆယ်တာဗီဂိုကို ကစားခဲ့ရတာဖြစ်ပါတယ်။

Aun Bwa – SportsGabar