(၂၁)ရာစုမှာ မတူညီတဲ့လိဂ်(၂)ခုအတွက် ဂိုး(၁၀၀)ကျော်သွင်းထားတဲ့ ကစားသမား(၄)ဦး

ဒီလူစာရင်းက အတော်လေးကိုမှ ထူးခြားပါတယ်။ စီရော်နယ်ဒို၊ မက်ဆီတို့မပါသလို (၂၀၀၀)ပြည့်နောက်ပိုင်းမှာ နှစ်(၂၀)အတွင်း လိဂ်(၂)နှစ်ခုမှာ ဂိုး (၁၀၀)ကျော်စီသွင်းထားတဲ့ ကစားသမားသီးသန့်စာရင်းပါ။ ချန်ပီယံလိဂ်တို့ဘာတို့မှာ အသင်းအတွက်သွင်းပေးတဲ့ ဂိုးတွေပါမှာမဟုတ်ဘဲ ထိပ်သီးလိဂ်တွေမှာ ဂိုး(၁၀၀)နဲ့ အထက်ကို (၂)လိဂ်သွင်းဖူးတဲ့ ကစားသမားတွေဖြစ်ပါတယ်။

ဒီစာရင်းမှာပါမယ့် ကစားသမားဟာ လိဂ်(၂)မှာ ကစားဖူးရပါမယ်။ ဂိုး (၁၀၀)ကျော်လိဂ်ဂိုးတွေလည်း သွင်းထားရမှာဖြစ်တဲ့အတွက် ပရိသတ်မျက်မှန်းတန်းနေတဲ့ ကစားသမားတွေထဲကပဲပါမှာပါ။ အီဗရာဟီမိုဗစ်ချ်၊ ကာဗာနီ၊ ဟီဂူအင်နဲ့ အန်ဒရီပီရား ဂီဂနက်တို့ပဲ အခုလို လုပ်ထားနိုင်တယ်လို့ ပြုစုထားတဲ့ စာရင်းအရသိရပါတယ်။ ဂိုးသွင်းနှုန်းတွေက အခုလိုရှိနေပါတယ်။

ဂီဂနက္

(၁)မိုဗစ်ချ်-စီရီးအေသွင်းဂိုး(၁၁၃)ဂိုး၊ ပြင်သစ်လီဂူဝမ်း (၁၁၃)ဂိုး။ (၂) ကာဗာနီ- လီဂူဝမ်း (၁၃၈)ဂိုး၊ စီရီးအေ (၁၁၂)ဂိုး။ (၃)ဟီဂူအင် -စီးရီးအေ (၁၂၅) ဂိုး၊ လာလီဂါ (၁၀၇)ဂိုး။ (၄)အန်ဒရီ ပီရား ဂီဂနက် – လီဂါမက္ကဆီကို (၁၂၀)၊ လီဂူဝမ်း (၁၀၃)ဂိုးတို့ပါ။ စာရင်းအရဆိုရင် ဥရောပနဲ့ကမ္ဘာတလွှားမှာ (၂၀၀၀) နောက်ပိုင်းမှာ လေးယောက်ပဲရှိပါတယ်။

ရော်နယ်ဒိုအနေနဲ့ ပရီးမီးယားလိဂ်မှာတောက်ပခဲ့ပေမဲ့ သူ့ရဲ့လိဂ်ဂိုးဟာ (၈၄)ဂိုးပဲရှိပါတယ်။ ဥရောပသွင်းဂိုးတွေတော့ ထည့်မတွက်ထားပါဘူး။ ရီးရဲလ်မက်ဒရစ်မှာတော့ (၃၁၁)ဂိုးထိရှိပါတယ်။ ကျန်တဲ့အနီးစပ်ဆုံးတွေလုပ်ပြထားတာက ဆွာရက်၊ တောရက်၊ ရှက်ချင်ကို၊ ရော်ဘီကိန်း၊ ဟန်တယ်လာ၊ ဒေးဗစ်ဗီလာ၊ အဂူရိုနဲ့ ရွိုင်မက်ကေး တို့ပဲရှိပါတယ်။

လိဂ်တခုမှာ (၁၀၀)ကျော်ပေမဲ့ တခုမှာမကျော်တာမျိုးတွေပါ။ တလိဂ်တည်းမှာ သီးသန့်ကစားတဲ့ ကစားသမားမျိုးတွေတော့ ပါဝင်မှာမဟုတ်ပါဘူး။ ဒီစာရင်းက အတော်လေးကိုမှ ပရိသတ်တွေ သတိမထားမိမယ့် စာရင်းမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်သွင်းဂိုးတွေနဲ့ ပြိုင်ပွဲစုံတွေထည့်ပေါင်းမယ်ဆိုရင်တော့ ကစားသမားတွေဟာ အများကြီးမှ အများကြီးပေါ်ထွက်လာမှာတော့ သေချာပါတယ်။

Aung Bwa – SportsGabar