နံနက်ပိုင်း အားကစားသတင်းတိုများ (၁.၁၀.၂၀၂၀)

ရီးရဲလ်မက်ဒရစ်နဲ့ ဗယ်လာဒိုးလစ်တို့ကစားခဲ့တဲ့ ပွဲစဉ်ကတော့ (၁-ဝ)နဲ့အတူ ရီးရဲလ်တို့အနိုင်ရခဲ့ပါတယ်။ ဗင်နီးရှပ်ဂျူနီယာရဲ့ တလုံးတည်းသောအနိုင်ဂိုးနဲ့အတူ ရီးရဲလ်မက်ဒရစ်နိုင်ပွဲကိုရှာဖွေနိုင်ခဲ့ပြီး၊ ဗယ်လာဒိုးလစ်ရဲ့ သုံးပွဲဆက်နိုင်ပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ကစားခဲ့တဲ့ ကာရာဘောင်ပွဲစဉ်က (ဝ-၃)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ လူစာရင်းပြောင်းလဲမှု (၁၀)နေရာအထိလုပ်ပြီး၊ အရန်အင်အားစုနဲ့ပွဲထွက်ခဲ့ချိန်မှာဂိုးပြတ်နိုင်ပွဲ တပွဲကိုရှာဖွေနိုင်ခဲ့ပြီး၊ မာတာအထူးခြေစွမ်းပြာကာ ပေါ့ဘာကလည်း ဖရီးကစ်ကနေ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘန်လေနဲ့ မန်စီးတီးတို့ ကစားခဲ့တဲ့ ပွဲစဉ်က (ဝ-၃)နဲ့အတူ မန်စီးတီးတို့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ စတာလင် (၂)ဂိုးသွင်းယူခဲ့ပြီး၊ ကစားသမားအသစ် ဖာရန်တောရက်စ်ကလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးဖန်တီးမှုတချိန်လည်း လုပ်နိုင်ခဲ့တဲ့အတွက် ကစားသမားရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ စိတ်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

အဲဗာတန်နဲ့ ဝက်စ်ဟမ်းပွဲစဉ်က (၄-၁)နဲ့အတူ အဲဗာတန်တို့အနိုင်ရခဲ့ပါတယ်။ ကလဲဗက်လေဝင် အထူးခြေစွမ်းပြကာ ဟက်ထရစ်သွင်းယူခဲ့ပြီး၊ ကာရာဘောင်ဖလားပွဲစဉ်တွေမှာ အဲဗာတန်အတွက် ဟက်ထရစ်ရတဲ့ပထမဆုံးကစားသမားအဖြစ် (၁၉၉၃)နောက်ပိုင်း ပထမဆုံးအကြိမ်ပြန်ဖြစ်လာခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ ဘာစီလိုနာကစားသမား ဒမ်ဘီလီကို ညာတောင်ပံအတွက် အငှားခေါ်ယူဖို့ပဲစဉ်းစားသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဂျေဒင်ဆန်ချိုနောက် ဒုတိယဦးစားပေးပစ်မှတ်ဖြစ်ပေမဲ့ အငှားနဲ့မရရင် ဆက်ခေါ်မှာမဟုတ်ဘဲ အပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်မှာမဟုတ်ဘူးလို့ သတင်းတွေကဖော်ပြထားပါတယ်။

စပါးအသင်းအနေနဲ့ ဘင်ဖီကာတိုက်စစ်မှူး ကာလို့စ် ဗင်နီးရှပ်ကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းနေတယ်လို့သိရပါတယ်။ အပြီးသတ်ခေါ်ယူဖို့အထိ ရည်ရွယ်ထားတာကြောင့် ညှိနှိုင်းမှုကို မကြာခင်မှာ ပြီးစီးတော့မှာဖြစ်ပါတယ်။ ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘင်ဖီကာအတွက်ပြိုင်ပွဲစုံ (၂၄)ဂိုးအထိသွင်းထားတဲ့ (၂၅)နှစ်အရွယ် တိုက်စစ်မှူး ဖြစ်ပါတယ်။

ဗန်နီဗန်တိုနဲ့ အင်တာမီလန်အသင်းကစားခဲ့တဲ့ ပွဲစဉ်က (၂-၅)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ လူကာကူ ခြေစွမ်းပြကာ (၂)ဂိုးအထိသွင်းယူခဲ့ပြီး၊ ကစားသမားသစ်ဗီဒယ်ကလည်း ပါဝင်ကစားခဲ့ပါတယ်။ လူစုံတက်စုံဂိုးသွင်းကာ ဂိုးဖန်တီးမှုမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ နိုင်ပွဲတပွဲကို အင်တာမီလန်တို့ဖန်တီးနိုင်ခဲ့ပါတယ်။

Aung Bwa – SportsGabar