နံနက်ပိုင်း အားကစားသတင်းတိုများ (၂၂.၉.၂၀၂၀)

အာဆင်နယ်အသင်းဟာ သူတို့နဲ့ချိတ်ဆက်ထားတဲ့ ဂိုးသမားအသစ်လေး ရန်နာဆန်ကို (၄)နှစ်သဘောတူစာချုပ်နဲ့အတူ ခေါ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂိုးသမားမာတီနက်ထွက်ခွာပြီးနောက် အာဆင်နယ်အသင်းရဲ့ အရန်ဂိုးသမား ခေါ်ယူအားဖြည့်မှုဖြစ်ပြီး၊ အဆိုပါဂိုးသမားအတွက် အာဆင်နယ်ဟာ ပေါင် (၁)သန်းဝန်းကျင်ပေးချေခဲ့ရတယ်လို့သိရပါတယ်။

တဖက်မှာတော့ ချဲလ်ဆီးအသင်းကလည်း ရန်းနက်စ်ဂိုးသမား မန်ဒီကိုခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ပါတယ်။ အပြီးသတ်ခေါ်ယူမှုလုပ်ဖို့ ချဲလ်ဆီးဖက်က ကမ်းလှမ်းဖို့ပဲလိုတော့ချိန်မှာ အရန်ဂိုးသမား ကာပယ်လီယိုကိုပဲ ခဏပွဲထွက်စေဦးမယ်လို့ လမ်းပတ်က အတည်ပြုပြောကြားလိုက်ပါတယ်။

အေစီမီလန်အသင်းနဲ့ ဘိုလော့်ဂ်နာတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ (၂-ဝ)နဲ့အတူ အေစီမီလန်တို့အနိုင်ရခဲ့ပါတယ်။ အီဗရာဟီမိုဗစ်ချ်တဦးတည်း (၂)ဂိုး သွင်းယူခဲ့ပြီးနောက် ကစားသမားဘ၀ မှတ်တမ်းတခုရေးထိုးခဲ့ပါတယ်။ လိဂ်ပြိုင်ပွဲစံမှာ (၂၂)ဆက်ဂိုးသွသ်းနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းနဲ့ ဝုဗ်ဗာဟမ်တို့ကစားတဲ့ပွဲစဉ်မှာ (၂-ဝ)နဲ့အတူ မန်စီးတီးတို့အနိုင်ရခဲ့ပါတယ်။ အဖွင့်ပွဲစဉ်အဖြစ်နဲ့အနိုင်ရခဲတာကြောင့် ပရီးမီးယားလိဂ်ရဲ့ ရာသီအစအဖွင့်ပဲစဉ်ကို (၁၀)နှစ်ဆက်အနိုင်ရတဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ကလပ်ဖြစ်လာခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းနဲ့ ရှက်ဖီးယူနိုက်တက်တို့ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းဂိုးသမားဟောင်း မာတီနက်ဟာ ပွဲစထွက်ခွင့်ရခဲ့ပါတယ်။ အရေးပါတဲ့ ပင်နယ်တီတလုံးကို ဗီလာအတွက်ကာကွယ်နိုင်ခဲ့အပြီးမှာ (၁-ဝ)ရလဒ်နဲ့အတူ ဗီလာတို့အနိုင်ရခဲ့ပြီး၊ မာတီနက်က အနိုင်ဂိုးအတွက် အဓိကနေရာကပါဝင်ပတ်သက်ခဲ့ပါတယ်။

Aung Bwa – SportsGabar