ဆွာရက်ကို အလွတ်ထွက်ခွင့်ပေးလိုက်အပြီးမှာ ဘာစီလိုနာကနေ ဆက်ထွက်ရမယ့် ကစားဖော်(၃)ဦး

ဘာစီလိုနာအသင်းကို နည်းပြကိုးမန်းရောက်လာချိန်မှာ လူးဝစ်ဆွာရက်အတွက် အနာဂတ်မရှိတော့ဘူးလို့ အတိအလင်းပြောခဲ့ပါတယ်။ ပြောခဲ့ပြီး အခုအချိန်မှာတော့နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ကာ ဆွာရက်ဟာ အလွတ်ကြေးဖြစ်သွားပြီလို့ ပရိသတ်တွေကိုအသိပေးလိုက်ပါတယ်။ ဒီအနေအထားက ဘာစီလိုနာဟာ လိုအပ်ရင်စာချုပ်အကုန်ဖျက်ပေးဖို့ အသင့်လို့ကြေညာလိုက်တာပါ။

နည်းပြရော်နယ်ကိုးမန်းရဲ့ ပြောင်းလဲမှုက ဒီအတိုင်းရပ်မသွားပါဘူး။ အသင်းမှာ မလိုတဲ့သူတွေအကုန်ထုတ်ရောင်းဖို့ ပြင်ဆင်နေပြီဖြစ်ပြီး၊ သူ့ရဲ့အသင်းမှာ မလိုဘူးထင်တဲ့ ကစားသမားမှန်သမျှကို ထုတ်ရောင်းဖို့ ပြင်ဆင်နေပါပြီ။ တရားဝင်ထုတ်ပြောထားတဲ့ ကစားသမားသုံးယောက်အထိ ရှိလာပြီဖြစ်ပြီး၊ ချိတ်ဆက်နေတဲ့အသင်းတွေက အခုလို ဖြစ်ပါတယ်။

(၃)ရီကွီပစ်-ရီကွီပစ်ကို အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရှိနိုင်သလို ကစားသမားရဲ့အသက်အရွယ်အရ ပုံမှန်ပွဲထွက်ခွင့်လိုနေပြီလို့ ကိုးမန်းက သတိပေးလိုက်ပါတယ်။ အငှားချမယ်လို့ တရားဝင်ပြောခဲ့ပေမဲ့ အပြီးသတ်ချုပ်ဆိုခွင့်ပါနေတဲ့အသင်းတွေများနေတဲ့အပေါ် ဘာစီလိုနာဟာ ချိန်နေတုန်းပါ။ ဥရောပအသင်းကြီးတွေအကုန်ချိတ်ဆက်နေပြီး၊ အဆိုပါ (၂၁)နှစ်သားကို အသင်းတိုင်းက အလိုရှိနေပါတယ်။

(၂)ဆီမီဒို- ဝုဗ်ဗာဟမ်တန်အသင်းကို ပြောင်းရွှေ့ဖို့ ဘာစီလိုနာဟာ ပေါင်သန်း (၃၀)နဲ့ဆီမီဒိုအတွက် ဆွေးနွေးနေပါတယ်။ ကစားသမားအတွက် ဒီထပ်များတဲ့ ပမာဏတရပ်ကို လိုချင်နေပေမဲ့ မကြာခင်မှာပဲ လက်လွှတ်သွားတော့မှာပါ။ ဘာစီလိုနာအသင်းရဲ့ခံစစ်မှာ ကစားဖို့ ကမ္ဘာ့အဆင့်ကစားသမားတယောက်ဝယ်ယူဖို့ ပိုက်ဆံပမာဏ လိုအပ်နေပြီး၊ ဆီမီဒိုတယောက်လည်း မကြာခင်မှာထွက်ရတော့ဖို့ရှိနေပါတယ်။

(၁)ဗီဒယ်- အင်တာမီလန်နဲ့ တရားဝင်ဆွေးနွေးနေတဲ့ ဗီဒယ်တယောက်၊ မကြာခင်မှာပဲ ကွန်တီရဲ့ကစားကွက်မှာ မြင်တွေ့လာဖို့ရှိနေပါတယ်။ (၃၃)နှစ်သားအတွက် အင်တာမီလန်ကအပြောင်းအရွှေ့ကို တရက်အတွင်းကြေညာဖို့ ပြင်ဆင်ထားပြီး၊ ပြောင်းရွှေ့ကြေးအနိမ့်တရပ်နဲ့လက်လွှတ်ဖို့ စဉ်စားနေပါတယ်။ အီတလီကို ရောက်ပြီဖြစ်တဲ့အတွက် ဆွာရက်ပြီးဒုတိယြမောက်ဖြစ်လာဖို့များနေပါပြီ။

Aung Bwa – Sports_Gabar