လီဗာပူးနဲ့ပွဲမှာအမှားလုပ်ခဲ့တဲ့ ကီပါနဲ့ပတ်သက်လို့ ပရိသတ်တွေ ဒေါသထွက်မယ့်မှတ်ချက်ပေးလိုက်တဲ့ လမ်းပတ်







Unicode

ချဲလ်ဆီးအသင်းရဲ့ဂိုးသမား ကီပါနဲ့ပတ်သက်လို့ ယူရို (၇၅)သန်းတန်ကြေးရှိတယ်ဆိုတာကို ပရိသတ်တွေ သံသယဖြစ်နေတာကြာပါပြီ။ ဂိုးပေးလိုက်ရဖို့အမှားတွေကိုဆက်တိုက်လုပ်နေဆဲဖြစ်သလို လီဗာပူးလိုအသင်းနဲ့တွေ့တဲ့ပွဲမှာ သူ့အမှားကနေ ဒုတိယဦးဆောင်ဂိုးကို ပေးလိုက်တဲ့အထိ အမှားကြီးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းပြန်ကို မလာနိုင်တော့ဘဲ လီဗာပူးကိုရှုံးနိမ့်ခဲ့ပါတယ်။

တဖက်မှာတော့ ဒီပြဿနာကို ဖြေရှင်းဖို့ ရန်းနက်ဂိုးသမား ဒီအိုရက် မန်ဒီကို ခေါ်ယူပြီး ဖြေရှင်းဖို့လုပ်နေပါပြီ။ ပွဲထွက်နေရာအတွက် ကီပါကို အရန်ခုံပို့တော့ဖို့အလားအလာတွေရှိနေပမဲ့ လမ်းပတ်က သူ့ကစားသမားနဲ့ပတ်သက်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဆက်ယုံကြည်မှုပေးဖို့နဲ့ ကီပါကို ဝန်းရံဖို့ ပြောခဲ့ပြီး၊ သူ့အနေနဲ့ ကီပါမှားခဲ့တာကို နားလည်းပေးတဲ့အကြောင်းအခုလိုပြောခဲ့ပါတယ်။

” ကီပါလုပ်ခဲ့တာက ကျွန်တော်တို့ကို ရှုံးသွားစေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ ကျွန်တော်တို့ အလုပ်ဆက်လုပ်နေရပါမယ်။ ကီပါကလည်း အလုပ်ဆက်လုပ်နေရပါမယ်။ သူပတ်ဝန်းကျင်မှာ သူ့ကို ထောက်ခံမှုရှိဖို့ လိုကိုလိုပါတယ်။ ဒါကလည်း အင်မတန်ကိုရှင်းပါတယ်။ ကစားသမားတွေဆိုတာ ထောက်ခံအားပေးမှုလိုတယ်။ အထူးသဖြင့် ကျွန်တော့်ဆီကပေါ့။”

” ပြီးတော့ ကျွန်တော့်က အဲဒီယုံကြည်မှုကို ကျွန်တော့်ကစားသမားတွေအားလုံးကို ပေးထားပါတယ်။ အခုဆိုရင် ကျွန်တော်တို့အားလုံးက သူ့ကိုယုံကြည်မှုတွေပေးဖို့ ကြိုးစားရမှာပါ။ ဘာလို့လည်းဆိုတော့ ဒါက အရေးကြီးလို့ပါ။ ဘောလုံးမှာဆိုရင် ဘယ်သူမှအမှားတွေလုပ်ဖို့ ကြိုးစားနေတာမျိုးမရှိဘူး။ ဒါက ကစားပွဲတွေရဲ့ သဘောသဘာ၀ တခုပါပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ကီပါဟာ ချဲလ်ဆီးကို အက်သလက်ဘီဘာအိုကနေ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကနေ ပေါင် (၇၁)သန်းနဲ့ ရောက်လာခဲ့တဲ့ ဂိုးသမားဖြစ်ပါတယ်။ ရောက်စမှာ လက်စွမ်းကောင်းတွေပြသခဲ့ပေမဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ လက်စွမ်းကျသွားမှုနဲ့အတူ ဂိုးရနိုင်တဲ့အမှားတွေကို ဆက်တိုက်ပြုလုပ်ခဲ့သူပါ။ အခုတော့ လမ်းပတ်ကဆက်အသုံးပြုမယ်လို့ လေသံထွက်ခဲ့တာဖြစ်တဲ့အပေါ် ချဲလ်ဆီးပရိသတ်တွေအတွက် အနည်းငယ်စိုးရိမ်စရာဖြစ်နေခဲ့ပြီဆိုရမှာပါ။

အားဘောင် (NewsExpress)