နံနက်ပိုင်း အားကစားသတင်းတိုများ (၂၁.၉.၂၀၂၀)

ချဲလ်ဆီးနဲ့ လီဗာပူးတို့ကစားခဲ့တဲ့ ပွဲစဉ်ကတော့ (ဝ-၂)ရလဒ်နဲ့အတူ လီဗာပူးတို့အနိုင်ရခဲ့ပါတယ်။ မာနေးတဦးတည်နှစ်ဂိုးလုံးသွင်းယူခဲ့ပြီး၊ လမ်းပတ်ရဲ့ ချဲလ်ဆီးအတွက် ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ လူစားဝင်ကစားသမား အယ်ကန်တာရာ ခြေစွမ်းပြခဲ့ကာ လီဗာပူးတို့ အနိုင်ရလဒ်ပြတ်သားခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ ဒယ်လီအလီတို့ကြား အပြီးသတ်ရွှေ့ပြောင်းမှုအတွက် စတင်ဆွေးနွေးနေပြီလို့သိရပါတယ်။ အဆိုပါ (၂၄)နှစ်သားကို စာချုပ်ဖျက်သိမ်းကြေးအမြင့်ပေးကာ ခေါ်ဆောင်သွားဖို့ တရားဝင်ဆွေးနွေးနေပြီဖြစ်တဲ့အတွက် မကြာခင်မှာ အပြောင်းအရွှေ့ဖြစ်လာဖို့ ရှိနေပါတယ်။

ဆောက်သမ်တန်ကို (၂-၅)နဲ့အနိုင်ရခဲ့တဲ့ စပါးအသင်းအတွက် သွင်းဂိုး (၅)ဂိုးလုံးကို ဟယ်ရီကိန်းဟာ ပတ်သက်နိုင်ခဲ့ပါတယ်။ (၄)ကြိမ်ဖန်တီး၊ (၁)ဂိုးသွင်းနဲ့အတူ ဂိုးပြတ်အနိုင်ရခဲ့ပြီး၊ ဆွန်ယောင်မင်ကလည်း စပါးအတွက် (၄)ဂိုးလုံးကို တဦးတည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပီယာလို စတင်ကိုင်တွယ်လာတဲ့ ဂျူဗင်တပ်အသင်းအတွက် ရော်နယ်ဒိုဟာ တစ်ဂိုးသွင်းတဂိုးဖန်တီးပြီး၊ ခြေစွမ်းပြခဲ့ပါတယ်။ (၃-ဝ)နဲ့အတူ ဂိုးပြတ်နိုင်ပွဲတပွဲကို အရယူနိုင်ခဲ့ပြီး၊ ရမ်ဆေးကလည်း ဂိုးဖန်တီးမှု တကြိမ်ကို လုပ်ပေးနိုင်ခဲ့ပါတယ်။

ဝုဗ်ဗာဟမ်တန်အသင်းဟာ လူအင်အားဖြည့်တင်းမှုတွေအတွက် ဘာစီလိုနာအသင်း ကစားသမား ဆီမီဒိုကို အသင်းကိုခေါ်ဖို့ ပေါင်သန်း (၃၀)နဲ့ စတင်ဆွေးနွေးနေပြီလို့ သိရပါတယ်။ ဒိုဟာတီကို စပါးကိုလက်လွှတ်လိုက်ရပြီးချိန်မှာ ခံစစ်အတွက် ဆီမီဒိုကို စိတ်ဝင်စားလာတာဖြစ်ပြီး တရားဝင်ချိတ်ဆက်နေပြီဖြစ်ပါတယ်။

ဆိုစီဒက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ကစားခဲ့တဲ့ ပွဲစဉ်က (ဝ-၀)သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ပွဲချိန်အတွင်း သွင်းဂိုးတွေအဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ့ ရီးရဲလ်တို့ ဂိုးကံခေခဲ့ပြီး၊ နောက်ဆုံးကစားခဲ့တဲ့ ရှစ်ရာသီအတွင်း ပွဲဦးထွက်ငါးရာသီကို ဂိုးမရှိသရေ ရခဲ့တာဖြစ်ပါတယ်။

Aung Bwa – SportsGabar