ဒယ်လီအလီကို ခေါ်ယူဖို့ တရားဝင်ချိတ်ဆက်နေပြီဆိုတဲ့ ပီအက်စ်ဂျီ

ဆောက်သမ်တန်အသင်းနဲ့ ရင်ဆိုင်ကစားမယ့် ပွဲစဉ်အတွက် အသင်းရဲ့လူစာရင်းမှာ ဒယ်လီအလီကို မော်ရင်ဟိုတယောက် မထည့်သွင်းခဲ့ပါဘူး။ ဒဏ်ရာကြောင့်မဟုတ်ဘူးလို့ ဆိုလိုက်ပြီးနောက်မှာ နည်းပြနဲ့ ကစားသမားကြား အဆင်မပြေမှုတွေရှိနေခဲ့ပြီလို့ မီဒီယာတွေက ယူဆခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ဒီအချက်ကမဟုတ်ဘဲ အလီကို ပီအက်စ်ဂျီကခေါ်ယူဖို့ ချိတ်ဆက်နေတာကြောင့်လို့ တယ်လီဂရက်က ဖွင့်ဟလိုက်ပါတယ်။

တယ်လီဂရက်သတင်းစာရဲ့ ဂျေဆန်ဘာ့တ်က ပီအက်စ်ဂျီဟာ စပါးကစားသမားအလီကို ခေါ်ယူဖို့ တရားဝင်ချိတ်ဆက်နေပြီလို့ ဖော်ပြလိုက်ပါတယ်။ သတင်းထွက်တထာတာမျိုးမရှိဘဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ရီးရဲလ်နဲ့အငှားသတင်းထွက်ခဲ့တဲ့ ကစားသမားကို ပီအက်စ်ဂျီကခေါ်ယူဖို့ လုပ်နေတဲ့အကြောင်း သတင်းအပြည့်အစုံအနေနဲ့ ဖော်ပြလိုက်ပါတယ်။

အလီဟာ ဂါရတ်ဘေးလ်နဲ့ မက်ဒိုဟာတီကို ခေါ်ယူဖို့ စပါးရဲ့ညှိနှိုင်းမှုမှာ အငှားချခံအနေနဲ့ပါဝင်ခဲ့တယ်လို့ သတင်းထွက်ခဲ့သူပါ။ နည်းပြဇီဒန်းက လက်မခံတဲ့အတွက် အလီကို အငှားချခွင့်အစား မက်ဒိုဟာတီကိုပဲ Buy-Back အချက် ပေါင် (၂၇.၅)သန်းနဲ့ ထည့်ပေးခဲ့ရပြီး၊ အလီအစား ကစားသမားပြန်ဝယ်ခွင့်ပေးခဲ့ရပါတယ်။ ပီအက်စ်ဂျီနဲ့သတင်းထွက်တာမျိုးမရှိပါဘူး။

အလီဟာ ယူရိုပါလိဂ်ပွဲစဉ်အတွက် ဘူဂေးလ်ရီးယားကိုသွားခဲ့တဲ့ လူစာရင်းကတည်းက စမပါတော့ပါဘူး။ မပါခဲ့လို့ ဆောက်သမ်တန်နဲ့ကစားမယ့် ပွဲမှာ ရွေးခံရတာမျိုးလည်း မရှိသလို ကစားသမားနဲ့မော်ရင်ဟိုကြားမှာ ပြဿနာရှိနေခဲ့တယ်လု့ိ ချိန်သားကိုက်ထွက်လာခဲ့ပါတယ်။ ဆေးအဖွဲ့ဖက်ကလ ဒဏ်ရာရတာမျိုးလည်းမရှိဖြစ်နေချိန်မှာ ပီအက်စ်ဂျီက ခေါ်ဖို့ညှိနေပြီလို့ ဖော်ပြလိုက်တာဖြစ်ပါတယ်။

စပါးနဲ့ (၂၀၂၄)အထိ စာချုပ်ရှိထားတဲ့ ကစားသမားမျိုးကို ခေါ်ယူမယ်ဆိုရင် ကာလပေါက်ကြေးနည်းမှာတော့ မဟုတ်ပါဘူး။ အပြီးကိုဝယ်မယ်လို့ကို ဖော်ပြထားတဲ့အတွက် အငှား+ဝယ်ယူတာမျိုးဖြစ်လာဖို့တော့မရှိဘဲ တခါတည်းရောင်းချသွားဖို့ကိုများပါတယ်။ အသက် (၂၄)နှစ်ပဲရှိသေးသလို အင်္ဂလန်ရဲ့အလားအလာရှိလူငယ်အဖြစ်သတ်မှတ်ခံထားရတဲ့ အလီဟာ ပီအက်စ်ဂျီနဲ့တကယ်ပဲ စာချုပ်ညှိနှိုင်းနေခဲ့ရင်တော့ အပြောင်းအရွှေ့ဖြစ်လာဖို့ရှိနေပါတယ်။

Aung Bwa – SportsGabar