ပင်နယ်တီစည်းမျဉ်းကို အရင်ကထက်ပိုတင်းကြပ်လာတဲ့ ပရီးမီးယားလိဂ်

ရာသီအစမှာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းချက်အသစ်တွေကို ပရိသတ်တွေမှတ်မိမှာပါ။ ဒိုင်တွေရဲ့အနီကတ်၊ အဝါကတ်ပြသနိုင်တဲ့ လုပ်ပိုင်ခွင့်ပိုတိုးလာသလို ပင်နယ်တီကိုလည်း စည်းမျဉ်းအတိုင်းမကန်ရင် မမှန်သရွေ့ VAR ကြည့်ပြီး ပြန်ကန်မယ်လို့ အသိပေးထားခဲ့ပါတယ်။ တကယ်လည်း စတင်ကျင့်သုံးခဲ့ပြီး၊ ယူနိုက်တက်-ပဲလေ့စ်ပွဲစဉ်မှာ စတင်မြင်ခဲ့ပါတယ်။

လင်ဒီအော့်ဖ်ကွင်းအတွင်း လက်ထိသွားချိန်မှာ ပဲလေ့စ်တို့ ပင်နယ်တီရခဲ့ပါတယ်။ ပင်နယ်တီပေးဖို့ဆုံးဖြတ်ခဲ့ချိန်မှာ ပဲလေ့စ်တို့ပင်နယ်တီရခဲ့ပါတယ်။ ဇာဟာကန်သွင်းချိန်မှာ ပင်နယ်တီမဝင်ခဲ့ပါဘူး။ ဂိုးသမား ဒီဂီယာ နေရာပစ်မှန်ခဲ့တဲ့အတွက် ပဲလေ့စ်တို့ ပင်နယ်တီကနေ ဂိုးရဖို့ ဆုံးရှုံးသွားပြီလို့ထင်ခဲ့ပါတယ်။ ဒါပေမဲ့ VAR ကနေ ပြန်သတိပေးကာ ပင်နယ်တီကို ပြန်ကန်ရဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။

အကြောင်းက ပင်နယ်တီကန်သွင်းချိန်မှာ ဂိုးသမားဟာ ဘောလုံးကိုမထိမချင်း ဂိုးစည်းနောက်မှာပဲရှိနေရမှာပါ။ ဘောလုံးကိုမထိသေးခင်မှာ ထွက်ခဲ့တာကို ဒိုင်လူကြီးက မြင်ခဲ့တာနဲ့ ပြန်ကန်ပင်နယ်တီအဖြစ်သတ်မှတ်ပေးရမှာပါ။ ကွင်းလယ်ဒိုင်က မမြင်ခဲ့ချိန်မှာတော့ VAR ကနေ ဒီဂီယာဟာ စည်းအပြင်ကိုထွက်နေခဲ့တယ်လို့ သတိပေးချက်ရခဲ့ပြီး၊ ပဲလေ့စ်တို့ အခွင့်အရေးထပ်ရခဲ့ပါတယ်။

ပြန်ကန်ခဲ့ချိန်မှာတော့ ဂိုးအဖြစ်ပြောင်းသွားနိုင်ခဲ့ပြီး၊ ပဲလေ့စ်တို့ဦးဆောင်ဂိုးရခဲ့ပါတယ်။ ကွင်းလယ်ဒိုင် မာတင်အက်ကင်ဆန်ရဲ့ပင်နယ်တီပေးခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေရှိခဲ့ပေမဲ့ ပင်နယ်တီကန်သွင်းချက်ကိုတော့ စည်းမျဉ်းအတိုင်းဖြစ်စေခဲ့တာက အတော်လေးကျေနပ်ဖွယ်ကောင်းခဲ့ပါတယ်။ ဒါတင်မကေသေးဘဲ ကစားခဲ့တဲ့ အဲဗာတန်-ဝက်စ်ဘရွန်းပွဲစဉ်မှာလည်း ဒိုင်ရဲ့လုပ်ပိုင်ခွင့်ကိုမြင်ခဲ့ရပါတယ်။

ကီရန်ဂစ်အနီကတ်ပြန်ခံရတာကို ပထမပိုင်းပြီးချိန်မှာ စောဒကလိုက်တက်ခဲ့တဲ့ ဝက်ဘရွန်းနည်းပြဟာ ကွင်းလယ်ဒိုင်မိုက်ဒိန်းရဲ့အနီကတ်ပြသမှုကိုခံခဲ့ရပါတယ်။ ဒိုင်တွေကိုလည်း လိုအပ်ရင်ထုတ်ခွင့်ရှိတဲ့ စည်းမျဉ်းကို အပြည့်အဝရခဲ့တာဖြစ်ပြီး စည်းမျဉ်းနှစ်ခုကတော့ ပရိသတ်တွေ တွေ့ခဲ့ရပြီဖြစ်ပါတယ်။ VAR နဲ့ ဒိုင်တွေပေါင်းပြီး စည်းမျဉ်းတွေပိုတင်းကြပ်လာတဲ့ သဘောဖြစ်ပါတယ်။

Aung Bwa – SportsGabar