နံနက်ပိုင်း အားကစားသတင်းတိုများ (၂၀.၉.၂၀၂၀)

ယူနိုက်တက်နဲ့ပဲလေ့စ်တို့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က (၁-၃)နဲ့အတူ ပဲလေ့စ်တို့အနိုင်ရခဲ့ပါတယ်။ တောင်းဆန်-ဇာဟာအတွဲအထူးခြေစွမ်းပြခဲ့ကာ ဂိုးပြတ်နိုင်ပွဲတပွဲကို ဖန်တီးနိုင်ခဲ့ပြီး၊ အိမ်ရှင်အသင်းကို အသာစီးရယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက်ချေပဂိုးကိုတော့ ကစားသမားသစ် ဘန်ဒီဘိခ်က သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဝက်စ်ဟ်းတို့ ကစားခဲ့တဲ့ ပွဲစဉ်ကတော့ (၂-၁)နဲ့အတူ အာဆင်နယ်တို့ အနိုင်ရခဲ့ပါတယ်။ လာကာဇက်တီရဲ့ဦးဆောင်ဂိုးကို ဝက်စ်ဟမ်းက အန်တိုနီယို ချေပဂိုးပြန်ရယူပေးခဲ့ပြီးချိန်မှာ တလောကမှရန်ဖြစ်ထားခဲတဲ့ ဆီဘယ်လော့-အန်ကတ်တီးယားအတွဲက အနိုင်ဂိုးကို အတွဲညီညီရှာပေးခဲ့ပါတယ်။

စပါးအသင်းကတော့ သူတို့ရဲ့ ကစားသမားအသစ်နှစ်ယောက်ကို ခေါ်ယူမှုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘေးလ်တစ်နှစ်အငှားနဲ့ဖြစ်ပြီး၊ ဘယ်နောက်ခံလူ ရီဂူလွန်ကိုတော့ မဖော်ပြထားတဲ့ ပြောင်းရွှေ့ကြေးနဲ့စာချုပ်ခဲ့ပါတယ်။ ရီဂူလွန်ရဲ့စာချုပ်ပါအချက်အရ ရီးရဲလ်က ပြန်ဝယ်ခင့်ပါပြီး၊ စပါးဟာ ပေါင် (၂၇.၅)သန်းနဲ့ရီးရဲလ်ကအလိုရှိရင် ပြန်ရောင်းပေးရမယ်လို့ ပါရှိခဲ့ပါတယ်။

လီဗာပူးအသင်းကလည်း ဝုဗ်ကစားသမား ဒီယေဂိုဂျိုတာကို ပေါင် (၄၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကစားသမားအလိုက်အနေနဲ့ အသင်းရဲ့ လူငယ်နောက်ခံလူလေး ဟိုဗာကို ဝုဗ်ကိုပြန်ရောင်းပေးခဲ့ရပြီး၊ စာချုပ်ပါအချက်တချက်ကို ထည့်ချုပ်နိုင်ခဲ့ပါတယ်။ ဟိုဗာကို ရောင်းတိုင်း (၁၅)ရာခိုင်နှုန်းအကျိုးခံစားခွင့်ရမယ့်အချက်ကို ထည့်ချက်နိုင်ခဲ့တာဖြစ်ပါတယ်။

စပါးနည်းပြ မော်ရင်ဟိုကတော့ သူ့ရဲ့တပည့်ဟောင်းဖြစ်တဲ့ ယူနိုက်တက်ကစားသမား လင်ဂတ်ကို အလိုရှိနေတယ်လို့သိရပါတယ်။ လင်ဂတ်ကို သူ့နဲ့အဆင်မပြေဖြစ်နေတဲ့ ဒယ်လီ အလီနေရာမှာ ကစားခိုင်းဖို့ ဆန္ဒရှိနေပြီး၊ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စဉ်းစားနေပြီလို့ သတင်းထွက်လာပါတယ်။ တကယ်ခေါ်ယူမလားက စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။

ဥရောပအသင်းကြီးတွေအပြိုင်လုခဲ့တဲ့ ဒေါ့မွန်ကစားသမားလေး ဘယ်လင်ဂမ်ဟာ ပွဲဦးထွက်မှာပဲ ဂိုးဖန်တီးမှုလုပ်နိုင်ခဲ့ပါတယ်။ မိုချင်ဂလာဘတ်ကို ၃-၀ နဲ့အနိုင်ရချိန်မှာ အသင်းအတွက် တဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂိုးတေကိုတော့ ဟာလန်း၊ ရေနာတို့က အသီးသီးသွင်းယူပေးခဲ့ပြီး အဖွင့်ပွဲစဉ်ကို လှပစေခဲ့ပါတယ်။

Aung Bwa – SportsGabar