ဒီယေဂိုဂျိုတာအတွက် ဝုဗ်နဲ့လီဗာပူးသဘောတူလိုက်တဲ့ ပေါင် (၄၅)သန်းတန် ရွှေ့ကွက်

ကစားသမားခေါ်ယူမှုတွေကို ဆက်တိုက်လုပ်နေတဲ့ လီဗာပူးအနေနဲ့ လီဗာပူးတိုက်စစ်မှူး ဒီယေဂိုဂျိုတာကို သတင်းထွက်နေတဲ့အတိုင်း တရားဝင်သဘောတူနိုင်ခဲ့ပြီဖြစ်ပါတယ်။ စုစုပေါင်း ပေါင် (၄၅)သန်း ပြောင်းရွှေ့ကြေးနဲ့ သဘောတူခဲ့တာဖြစ်ပြီး၊ ပေါင် (၄၁)သန်း+ အပိုဆုကြေး (၄)သန်းနဲ့ သဘောတူခဲ့တာပါ။ အဆိုပါ (၂၃)နှစ်အရွယ် ပေါ်တူဂီသားအနေနဲ့ လီဗာပူးနဲ့ ငါးနှစ်စာချုပ်မယ်လို့ ဘီဘီစီ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

သီယေဂိုအယ်ကန်တာရာကိုပေါင်သန်း(၂၀)နဲ့ခေါ်ယူအပြီး သတင်းထွက်လာချိန်မှာ ချက်ချင်ဆိုသလိုအတည်ပြုချက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အပြောင် းအရွှေ့ ငွေသားချည်းသီးသန့်မဟုတ်ဘဲ အလဲအထပ်လေးတွေနဲ့ ကစားမှာပါ။ အသားတင်ငွေသား ပေါင်သန်း (၃၀)၊ အလိုက်ပေးကမ်းလှမ်းမှုအနေနဲ့ (၁၈)နှစ်အရွယ် နောက်ခံလူ ကီဂျန်နာဟိုဗာကို ပေါင် (၉)သန်းတန်ကြေးနဲ့

တခြားဘောနပ်အပါဝင်အပိုဆုကြေးက ပေါင် (၄.၅)သန်းအထိမြင်တက်နိုင်တဲ့ ပမာဏနဲ့ဖြစ်ပါတယ်။ (၄၁+၄)လို့အကြမ်းဖျဉ်း ပမာဏမှတ်ယူနိုင်မှာဖြစ်ပေမဲ့ ကစားသမားတယောက်ချင်းစီဟာ သီးသန့်အပြောင်းအရွှေ့ဖြစ်တာကြောင့် အတိုးအလျော့အနည်းငယ်ရှိမှာပါ။ဒါ့အပြင် လီဗာပူးဟာ ဂျိုတာကိုခေါ်ယူမှုအတွက် မထင်မှတ်ထားတဲ့ အချက်တချက်ကိုထည့်ချုပ်နိုင်ခဲ့ပါတယ်။

သူတို့အလိုက်ပေးလိုက်တဲ့ ကစားသမားလေးရဲ့စာချုပ်မှာ ဒီအတိုင်းထည့်ပေးလိုက်တာမဟုတ်ဘဲ (၁၅)ရာခိုင်နှုန်း Sell-on အချက်ကိုထည့်လိုက်တာပါ။ ဝုဗ်အနေနဲ့ တချိန်မှာ ကစားသမားကို လီဗာပူးမဟုတ်တဲ့အခြားအသင်းကိုရောင်းချတိုင်း ရောင်းရငွေရဲ့ (၁၅)ရာခိုင်နှုန်းကို လီဗာပူးကပြန်ရမှာဖြစ်ပါတယ်။ဒါကြောင့် အပြောင်းအရွှေ့မှာ ငွေကြေးပိုင်းဆိုင်ရာအနည်းငယ် ကွာဟချက်လေးတွေတော့ ရှိနေမှာပါ။

ဆီမီကတ်၊ အယ်ကန်တာရာ ပြီးတဲ့နောက် တိုက်စစ်ပိုင်းအတွက် ဂျိုတာဝင်လာတော့မယ့်အနေအထားက အိုရီဂီ၊ ရှာကွီရီတို့လို ကစားသမားတွေကို လက် လွှတ်တော့ဖို့ရှိနေပါတယ်။ ဂျိုတာဟာ ဝုဗ်ကိုအက်သလက်တီကိုကနေ အငှားနဲ့(၂၀၁၇-၁၈)မှာ ရောက်လာအပြီး၊ (၂၀၁၈)မှာ ပေါင်(၁၂.၈)သန်းနဲ့အပြီး သတ်ပြောင်းရွှေ့ခဲ့ပါတယ်။ (၁၃၁)ပွဲကစားပြီး (၄၄)ဂိုးအထိဝုဗ်အတွက်သွင်းခဲ့ချိန်မှာ လီဗာပူးရဲ့ခေါ်ဆောင်မှုအတွက် စိတ်ဝင်စားခံခဲ့ရပြီး၊ အပြီးသတ်သဘောတူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Aung Bwa – Sports_Gabar