ဘာစီလိုနာစတား ဒမ်ဘီလီကို တရာသီအငှားနဲ့ကမ်းလှမ်းလိုက်တဲ့ လီဗာပူး

ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းအနေနဲ့ ဘာစီလိုနာစတား ဒမ်ဘီလီကို တရာသီအငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့သိရပါတယ်။ စပိန်နာမည်ကြီး သတင်းစာ SPORT ကနေ လီဗာပူးဟာ သီယာဂိုအယ်ကန်တာရာ အေပြာင်းအရွှေ့ကို လုပ်ဆောင်နိုင်အပြီးမှာ ဒမ်ဘီလီကို အငှားခေါ်ဖို့ အတွက် ကမ်းလှမ်းခဲ့တယ်လို့ အခုလို ဖော်ပြထားပါတယ်။

တနှစ်အငှားကို ဘာစီလိုနာပေးနေတဲ့ လစာအပြည့်နဲ့ပေးချေမှာပါ။ ဘာကာအနေနဲ့ သူတို့ကိုအငှားချနိုင်မနိုင် အချက်အလက်တောင်းခံထားလိုက်ပြီဖြစ်တဲ့အပြင် ဒမ်ဘီလီကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်လည်း ထပ်ချုပ်ချင်နေပါတယ်။ ဘာစီလိုနာဖက်က အတွင်းသတင်းတွေကလည်း ချက်ချင်းဆိုသလို ထွက်လာပြီး၊ အပြီးသတ်ရောင်းချသွားဖို့ကိုပဲ ဆန္ဒရှိတယ်လို့ ဖော်ပြထားပါတယ်။

ဂျာဂင်ကလော့ရဲ့လက်ရှိတိုက်စစ်ပိုင်းမှာ ဆာလား၊မာနေး၊ဖာမီနို သုံးယောက်ရှိပြီးသားအနေအထားမှာ ဒမ်ဘီလီကိုအငှားနဲ့ခေါ်ဖို့ ကမ်းလှမ်းလိုက်တဲ့အတွက် အပြောင်းအလဲတခုခုကို မြင်ရဖို့ရှိနေပါတယ်။ အိုရီဂီရဲ့ကာလရှည်ဒဏ်ရာရမှုအပြင် အသင်းကထွက်ခွာဖို့ အနေအထား၊ တောင်ပုံကိုဝင်ပေးနိုင်တဲ့ ရှာကွီရီတို့ဟာ အသင်းကနေ ထွက်ခွာဖို့အပြောင်းအရွှေ့တွေဖြစ်လာနိုင်တယ်လို့ စပေါ့ကပဲ သုံးသပ်ထားပါတယ်။

ဒမ်ဘီလီကိုအပြီးသတ်ခေါ်စေချင်တဲ့ ဘာစီလိုနာရဲ့ သဘောထားက မြပောင်းဘူးဆိုရင်တော့ လီဗာပူးတို့ခေါ်ဖို့ မဖြစ်နိုင်ပါဘူး။ (၂၀၁၇)မှာ ဒေါ့မွန်ကနေ နေမာ့နေရာကို အစားထိုးဖို့ ယူရို (၁၀၅)သန်း+(၄၅)သန်းနဲ့ ခေါ်ခဲ့ပေမဲ့ ဒဏ်ရာရကစားသမားပဲဖြစ်ခဲ့ပါတယ်။ သုံးရာသီလုံးမှာမှ (၇၄)ပွဲပဲ ကစားခဲ့ရပြီး၊ ဘာစီလိုနာအတွက် ဆေးကုသဖို့ သတ်သတ်လိုဖြစ်ခဲ့တာပါ။

လီဗာပူးက သူတို့ရဲ့ဆေးအဖွဲ့နဲ့အတူ ဒမ်ဘီလီကို စစ်ဆေးဖို့ တရာသီကြာအငှားခေါ်ဖို့ ကြိုစားလာမယ့် လုပ်ရပ်က ဘာစီလိုနာကို စဉ်းစားသွားစေမလား စောင့်ကြည့်ရပါမယ်။ နောက်ဆုံးမှာ ဒဏ်ကောက်ကြောဒဏ်ရာနဲ့နားထားရတဲ့ ဒမ်လီလီဟာ ခန္ဓာကိုယ်အနံ့မှာ (၁၀)ခုအထက်ရှိတဲ့အနေအထားက ခြေစွမ်းကောင်းပေမဲ့ အသင်းတိုင်းက ခေါ်ယူဖို့ မစဉ်းစားထားတဲ့ ကစားသမားတဦးလည်းဖြစ်ပါတယ်။

Aung Bwa – SportsGabar