ဟောက်ဆန်အော်ရာကိုပဲ နောက်ဆုံးပစ်မှတ်အဖြစ်ရွေးလိုက်တော့မယ့် အာဆင်နယ်

အပြောင်းအရွှေ့အကြီးစားတွေကို ကိုင်တွယ်နေတဲ့ အာဆင်နယ်ဟာ ကွင်းလယ်မှာ သောမတ်ပါတေးနဲ့ ဟောက်ဆန်အော်ရာကိုချိတ်ဆက်ထားပါတယ်။ အက်သလက်တီကိုကွင်းလယ်လူ သောမတ်ပါတေးကို ကွင်းလယ်အဖျက်အတွက် နှစ်ဦးသဘောတူညီမှုရထားပြီလို့ သတင်းတွေထွက်နေပေမဲ့ အာဆင်နယ်က ကမ်းလှမ်းတာမျိုးတော့ မရှိသေးပါဘူး။

လိုင်ယွန်ကွင်းလယ်လူ ဟောက်ဆန်အော်ရာကို ကနဦးကမ်းလှမ်းချက်မှာ ကစားသမားအလိုက်နဲ့ ယူရိုသန်း (၄၀)ကမ်းလှမ်းခဲ့ပါတယ်။ လိုင်ယွန်ဖက်က ကမ်းလှမ်းချက်ကို ပယ်ချလိုက်ကာ အော်ရာအတွက် ယူရိုသန်း (၆၀)မရရင် လုံးဝရောင်းမှာမဟုတ်ပါဘူးလို့ တုံ့ပြန်လိုက်ပါတယ်။ ကြားထဲမှာ လိုင်လီက ဂါဘရီရယ် အပြောင်းအရွှေ့နဲ့ ဝီလီယမ်အပြောင်းအရွှေ့တွေတောင် အထမြောက်လို့ ပွဲဝင်ကန်နေပါပြီ။

ဒါပေမဲ့ အာဆင်နယ်ဟာ သူတို့ရဲ့ဒီနှစ်ထိပ်တန်းပစ်မှတ်ဟာ ခေါ်ခဲ့တဲ့ ကစားသမားတွေမဟုတ်ဘဲ သောမတ်ပါတေးထက်ကို ဟောက်ဆန်အော်ရာပါလို့ သတင် းထောက် ဖာဘရီဇီယို ရိုမန်နိုကအတည်ပြုပေးလိုက်ပါတယ်။ အဲဒီအတွက် သောမတ်ပါတေးကိုခေါ်ယူဖို့ ငွေကြေးကိုလည်း ဆိုင်းငံ့ထားပြီး၊ အပြောင် းအရွှေ့မှာ ပိုက်ဆံရဖို့ ကစားသမားတွေကို ဈေးကွက်မှာ ရောင်းချနေပါတယ်။

မာတီနက်ဇ်ကိုရောင်းချတာကနေ ယူရိုသန်း (၂၀)ရထားပြီဖြစ်သလို ကွင်းလယ်လူတော်ရဲရားကို တိုရီနိုကိုရောင်းချဖို့ ပေါင်(၂၅)သန်းနဲ့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။ တော်ရဲရားကို ရောင်းချနိုင်ခဲ့ရင်တော့ စုစုပေါင်း ယူရိုသန်း (၅၀)နီးပါးရလာမှာပါ။ ဟောက်ဆန်အော်ရာကိုခေါ်ယူဖို့ ငွေကြေးတရပ်ကို ပိုင်ဆိုင်သွားမှာဖြစ်တဲ့အတွက် အာဆင်နယ်ဟာ လိုင်ယွန်တောင်းဆိုတဲ့ ယူရိုသန်း (၆၀)ကို ပေးချေနိုင်မှာဖြစ်ပါတယ်။

ကစားသမားနဲ့ အာဆင်နယ်ကြားမှာတော့ (၅)နှစ်စာချုပ်နဲ့ ညှိနှုင်းထားပြီး ဖြစ်ပါတယ်။ တပတ်လုပ်ခ ပေါင် (၁)သိန်းအထိပေးချမှာဖြစ်ပြီး၊ လိုင်ယွန်တောင်းဆိုတဲ့ ယူရိုသန်း (၆၀)ကိုသာပေးနိုင်ခဲ့ရင် နေ့ချင်းညချင်းအပြောင်းအရွှေ့ဖြစ်သွားမှာပါ။ အာတီတာရဲ့နောက်ဆုံးပစ်မှတ်လည်း ဖြစ်လာဖို့ ရှိနေတဲ့အပေါ် သောမတ်ပါတေးထက်ဟောက်ဆန်အော်ရာကိုပဲ ရွေးချယ်သွားဖို့ရှိနေပါတယ်။