အလီကိုခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမဲ့ မှတ်ချက်တခုကြောင့် ပယ်ချလိုက်တဲ့ ဇီဒန်း

ဂါရတ်ဘေးလ်ကို စပါးဆီအငှားချုဖို့ စီစဉ်နေတဲ့ ရီးရဲလ်ဟာ မော်ရင်ဟိုနဲ့အဆင်မပြေဖြစ်နေတဲ့ ဒန်နီအလီကို ခေါ်ယူဖို့ ပြန်တောင်းဆိုခဲ့ပါတယ်။ စပါးကသဘောတူခဲ့ပြီး အငှားနဲ့ အပြီးစာချုပ်ကိုပါထည့်သွင်းပေးဖို့ ပြန်စီစဉ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြချုပ်ဇီဒန်းက အလီကိုအကြောင်းပြချက်တခုကြောင့်ပယ်ချလိုက်တယ်လို့ စပိန်နာမည်ကြီး သတင်းစာ AS ကနေ အခုလိုဖော်ပြလိုက်ပါတယ်။

ရီးရဲလ်ဟာ ဘေးလ်ကို တနှစ်အငှားနဲ့ ရီဂူလွန်ကို ရောင်းချပေးမှာပါ။ တဖက်မှာတော့ စပါးက ဒန်နီအလီကို တရာသီအငှားနဲ့ပြန်ချပေးမှာဖြစ်တဲ့အပြင် ရာသီကုန်မှာ အပြီးသတ်ဝယ်ယူခွင့်နဲ့ပါ ထည့်ချုပ်ပေးမှာဖြစ်ပါတယ်။ ဇီဒန်းက အလီကိုခေါ်ယူခွင့်ရလာပေမဲ့ နည်းပြတယောက်အနေနဲ့ ပယ်ချခဲ့ပြီး တချိန်က အလီပေးဖူးတဲ့မှတ်ချက်တစ်ခုကြောင့် အသင်းကို ရောက်မလာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဆိုပါမှတ်ချက်က (၂၀၁၇)ခုနှစ်က ယူအီးအက်ဖ်အေချန်ပီယံလိဂ်မှာ စပါး ၃-၁ ရီးရဲလ်ပွဲစဉ် ပိုချက်တီနိုလက်အောက်မှာ ပြောခဲ့တာပါ။ အလီ အထူးခြေစွမ်းပြခဲ့ချိန်မှာ သူဟာ ဟက်ထရစ်ရနိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့ပေမဲ့ ဂိုးမရခဲ့တဲ့အကြောင်းကို ပွဲအပြီးမှာ အခုလိုဆိုခဲ့ပါတယ်။ ” အရိုးသားဆုံးပြောရမယ်ဆိုရင် ကျွန်တော်ဟက်ထရစ်မရခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို ဝန်ခံပါတယ်။’

” ထရစ်ပီယာပေးပို့လိုက်တဲ့ အလုံးကောင်းကောင်းတလုံးက အဆုံးသတ်မှာ ကျွန်တော့်အတွက် ဂိုးရဖို့အတော်လေးလွယ်ကူတဲ့ အခွင့်အရေးရှိခဲ့တာပါ” ဆိုပြီး ပြောခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်လိုအသင်းကို သူ့အနေနဲ့ ဂိုးသွင်းဖို့ အတော်လေးလွယ်ခဲ့တယ်ဆိုတဲ့အနေအထားက ဇီဒန်းအတွက် ခံရခက်ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် အလီကို စာချုပ်ဖို့အခွင့်အရေး ရချိန်မှာတောင် ပယ်ချလိုက်တယ်လို့ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

မူလက အလီအတွက် အငှားချခ ပေါင် (၁၅)သန်းဖိုးကို ဘေးလ်ကို ခေါ်ယူမယ့် တနှစ်ငှားခ ပေါင်သန်း (၂၀)အတွက် သက်သာဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ အခုအတိုင်းကတော့ ရီးရဲလ်လည်းမရောက်တော့ဘဲ စပါးမှာပဲဆက်နေရတော့မှာပါ။ မော်ရင်ဟိုနဲ့လည်း မတည့်ဘူးလို့ သတင်းတွေထွက်နေတဲ့အပေါ် အလီအနေနဲ့ အသင်းပြောင်းသွားမလားက စိတ်ဝင်စားစရာပါပဲ။