နံနက်ပိုင်း အားကစားသတင်းတိုများ (၁၈.၉.၂၀၂၀)

အေစီမီလန်အသင်းနဲ့ ရှန်ရော့ခ်ရိုဗာတို့ကစားခဲ့တဲ့ပွဲစဉ်မှာ ဝ-၂ ဆိုတဲ့ ရလဒ်နဲ့အတူ အေစီမီလန်တို့အနိုင်ရခဲ့ပါတယ်။ ယူရိုပါလိဂ် ခြေစစ်ပွဲဒုတိယအဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး၊ အီဗရာဟီမိုဗစ်ချ်က ဦးဆောင်ဂိုးကို သွင်းပေးခဲ့ကာ အသင်းနိုင်ပွဲအတွက် အရေးပါတဲ့ သွင်းဂိုးအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ သူတို့ရဲ့ကစားသမား ဟီဂူအင်ကို နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းပြီး၊ အသင်းကထွက်ခွာခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ထွက်ခွာခွင့်ရသွားတဲ့ကစားသမားအနေနဲ့ ဒေးဗစ်ဘက်ခမ်းပိုင် အင်တာမိုင်ယာမီအသင်းကို သွားရောက်ကစားတော့မှာဖြစ်တဲ့အကြောင်းကို မိုင်ယာမီနည်းပြ ဂျော့မက်ကဓာတ်ပုံနဲ့အတူ အတည်ပြုပေးခဲ့ပါတယ်။

ဘာစီလိုနာအသင်းကနေ ဂျူဗင်တပ်ကိုပြောင်းဖို့ သဘောတူထားတဲ့ လူးဝစ်ဆွာရက်အနေနဲ့ အခက်အခဲဖြစ်နေတဲ့ အီတလီပတ်စပို့ကိုရခဲ့ပြီလို့သိရပါတယ်။ အီတလီဘာသာစကားကိုအောင်မြင်ခဲ့ပြီးနောက် ပတ်စပို့အဆင်ပြေသွားချိန်မှာ ဂျူဗင်တပ်ကိုပြောင်းလို့ရသွားပြီဖြစ်တဲ့အပေါ် မကြာခင်မှာ ရော်နယ်ဒိုနဲ့တွဲကစားလာဖို့ရှိနေပါတယ်။

တိုက်စစ်အတွက် ဆွာရက်ကိုခေါ်ထားလိုက်ပေမဲ့ နည်းပြပီယာလိုဟာ ရိုးမားတိုက်စစ်မှူး ဒီဇီကိုကို အသင်းကိုခေါ်ယူဖို့ ညှိနှိုင်းထားပြီလို့သိရပါတယ်။ ဆွာရက်ရော၊ ဒီဇီကိုရော နှစ်ယောက်လုံးကိုအသင်းမှာခေါ်ယူမှာဖြစ်တဲ့အတွက် သက်ကြီးကစားသမားတွေပဲ တိုက်စစ်ပိုင်းမှာ စုပြုံလာဖို့ ရှိနေပါတယ်။

လိုကိုမိုတစ် ပလော့ဒစ်နဲ့ ကစားခဲ့တဲ့ စပါးအသင်းအနေနဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲ ဒုတိယအဆင့်ကို ခက်ခက်ခဲခဲကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရချိန်မှာ ချေပဂိုးရဖို့ခက်ခဲနေခဲ့ပေမဲ့ လိုကိုမိုတစ်ကစားသမား နှစ်ယောက်ထုတ်ခံရခြင်းနဲ့အတူ (၁-၂)ရလဒ်ကိုပုံဖော်နိုင်ခဲ့ပြီး၊ နိုင်ပွဲကို မထင်မှတ်ထားတဲ့နည်းနဲ့ပုံဖော်နိုင်ခဲ့ပါတယ်။