သောကြာနေ့မှာ ဆေးစစ်ဖို့တော့တင်ဟမ်ကိုလာတော့မယ့် ဘေးလ်နဲ့ အယ်ကန်တာရာကို သဘောတူသွားတဲ့ လီဗာပူး






ZawGyi

အပြောင်းအရွှေ့ရဲ့အလှုပ်ခတ်ဆုံးသတင်းနှစ်ခုလို့ဆိုရမယ့် ဂါရတ်ဘေးလ်နဲ့ အယ်ကန်တာရာတို့ဟာ သတင်းထွက်နေတဲ့ ကလပ်တွေနဲ့ သဘောတူခဲ့ပြီဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ သူတို့ရဲ့ကစားသမားဟောင်း ဂါရတ်ဘေးလ်ကို အသင်းဆီပြန်လာဖို့ ညှိနှိုင်းဆွေးနွေးမှုတွေအပြီးသတ်သွားပြီဖြစ်သလို စက်တင်ဘာလ (၁၈)ရက်နေ့မှာ စပါးအသင်းဆီကို ဆေးစစ်ဖို့လာတော့မှာဖြစ်ပါတယ်။

ရီးရဲလ်နဲ့ စပါးကြားဘေးလ်ကိုခေါ်ယူဖို့ အစီအစဉ်တွေတိုးတက်နေပြီဖြစ်ပြီး၊ သတင်းထွက်နေတဲ့အတိုင်း အငှားနဲ့အရင်လာရောက်ဖို့ရှိနေတယ်လို့ သတင်းထောက် ဖာဘီဇီယို ရိုမန်နိုက အတည်ပြုလိုက်ပါတယ်။ လက်ရှိကြာသပတေးနေ့ညနေအထိ ဘေးလ်ဟာ ရီးရဲလ်နဲ့ထရိန်နင်ဆင်းနေမှာဖြစ်တဲ့အတွက် စပါးနဲ့ဆေးစစ်ဖို့ကို မနက်လေယာဉ်နဲ့လာဖို့ ဖြစ်နိုင်ခြေများနေပါတယ်။

ပြောင်းရွှေ့ကြေးကို အတည်တကျမသိရသေးပေမဲ့ ဘေးလ်ကို (၁)နှစ်အငှားခေါ်ယူခ၊ ပေါင်သန်း (၂၀)အထိပေးချေဖို့ ပြင်ဆင်ထားသလို စာချုပ်မှာ အပြီးခေါ်ယူခွင့်ထည့်ချုပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဘေးလ်နဲ့ရီးရဲလ်ကြားနှစ်နှစ်စာချုပ်ကျန်သေးတဲ့အနေအထားအရ စပါး-ရီးရဲလ်ကြား နှစ်သင်းလုံးသဘောတူညီမယ့် အပြောင်းအရွှေ့မျိုးကိုပဲ ဦးစားပေးဖို့ များနေပါတယ်။

လီဗာပူးကတော့ သူတို့ရဲ့ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ ဘိုင်ယန်ကွင်းလယ်လူ အယ်ကန်တာရာကို ခေါ်ယူဖို့သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ သီယာဂိုအယ်ကန်တာရာအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ + အပိုထပ်ဆောင် ၅ သန်း၊ စုစုပေါင်း ၂၅သန်းနဲ့ လေးနှစ်စာချုပ်နဲ့ခေါ်ယူဖို့ သဘောတူမှာဖြစ်ပါတယ်။ အပိုထပ်ဆောင်ဆုကြေးက လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တခုခုရခဲ့မှသာ ပေးရမယ်လို့ဆိုပါတယ်။

ဆေးစစ်မှုလုပ်မယ့်ရက်ကိုတော့ မကြာခင်ရက်ပိုင်းအတွင်းမှာလုပ်သွားဖို့ရှိနေပေမဲ့ ကြေညာထားခြင်းတော့မရှိသေးပါဘူး။ အယ်ကန်တာရာကို ဘိုင်ယန်မြူးနစ်ဟာ (၂၀၁၃)ခုနှစ်မှာ ဘာစီလိုနာကနေ ခေါ်ဆောင်ခဲ့ပြီး၊ (၂၀၁၉-၂၀)ရာသီ ဘိုင်ယန်မြူးနစ်ဖလားသုံးလုံးအောင်ပွဲရဲ့ အဓိက ပွဲထွက်အဖြစ်လည်းပါဝင်ခဲ့သူဖြစ်ပါတယ်။ ဆီမီကတ်စ်ခေါ်ယူမှုအပြီးမှာ လီဗာပူးရဲ့ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာဖို့ လက်မှတ်ထိုးဖို့ပဲကျန်ပါတော့တယ်။