နံနက်ပိုင်း အားကစားသတင်းတိုများ (၁၇.၉.၂၀၂၀)

အာဆင်နယ်အသင်းရဲ့ဂိုးသမားဖြစ်သူ မာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀)နဲ့အတူ လေးနှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ အက်စတွန်ဗီလာနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်အတွက် ဦးစားပေးချင်တဲ့အပေါ် အာဆင်နယ်အသင်းကိုစွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ခြေစွမ်းပွဲအနေနဲ့ ကစားခဲ့ကြတဲ့ ဂျီရွန်နာ-ဘာစီလိုနာပွဲစဉ်မှာ ဘာစီလိုနာဟာ (၁-၃)နဲ့အတူ အနိုင်ရခဲ့ပါတယ်။ အသင်းခေါင်းဆောင် မက်ဆီခြေစွမ်းပြ (၂)ဂိုးသွင်းယူခဲ့ပြီး၊ ကော်တင်ဟိုက တဂိုးသွင်းယူခဲ့ပါတယ်။

အများစုက သတင်းတွေမှာထင်နေကြသလို ကွင်းလယ်ကစားသမား အလီနဲ့ သူ့အကြားမှာ ပြဿနာမရှိပါဘူးလို့ မော်ရင်ဟိုက ဖြေရှင်းလိုက်ပါတယ်။ ကစား သမားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတဲဖြစ်တဲ့အတွက် အလီနဲ့အဆင်မပြေဘူးဆိုတာတွေဟာ သတင်းအမှားသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရီးရဲလ်ဘယ်နောက်ခံလူ ရီဂူလွန်ကို စပါးအသင်းက ခေါ်ယူဖို့ အလုံးစုံသဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် (၂၅)သန်းနဲ့ ဖြစ်လာဖို့ရှိနေပြီး၊ ဆေးစစ်မှုပြီးတာနဲ့ အသင်းကိုခေါ်ဆောင်ဖို့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ရီဂူလွန်ကိုလည်း စပါးကိုပဲရောင်းချဖို့ ရီးရဲလ်က ပြင်ဆင်ထားပါတယ်။

ဂါရတ်ဘေးလ်ရဲ့အေ့ဂျင့် ဘားနက်ကတော့ သူ့ကစားသမားနဲ့ အသင်းဟောင်းစပါးကြားမှာ ညှိနှိုင်းတာတွေလုပ်နေပေမဲ့ အလျင်စလို လုပ်တာမျိုးမရှိဘဲ အေးဆေးပဲသွားနေတယ်လို့ အသိပေးလိုက်ပါတယ်။ ပြောင်းရွှေ့ချင်တဲ့ဆန္ဒကတော့ အမှန်တကယ်ဖြစ်တဲ့အတွက် စပါးကိုရောက်ဖို့ ရာခိုင်နှုန်းက အတော်လေးများနေပါတယ်။

ပီအက်စ်ဂျီနဲ့ မတ်ဇ်တို့ကစားခဲ့တဲ့ ပွဲစဉ်က (၁-ဝ)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ တလုံးတည်းသောအနိုင်ဂိုးဖြစ်လာမယ့် ဂိုးကို ဒရက်ဇလာက ပီအက်စ်ဂျီအတွက် သွင်းယူပေးခဲ့ပြီး၊ (၃)ပွဲကစား ပထမဆုံးလီဂူဝမ်းနိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။ ရှေ့က ကစားပြီးခဲ့တဲ့ နှစ်ပွဲလုံးကို တဂိုးမှမရဘဲ နှစ်ပွဲလုံးရှုံးနိမ့်ထားတာဖြစ်ပါတယ်။