ဖာဘရီဂတ်ကိုခေါ်ပြီးချိန်မှာ မက်ဆီကအစ အာဆင်နယ်ကိုခေါ်ဖို့ကြိုးစားဖူးတဲ့ ကင်းထောက်

အာဆင်နယ်ရဲ့အဓိက ကစားသမားတွေအနေနဲ့ ခြေစွမ်းပြခဲ့ဖူးတဲ့ ဖာဘရီဂတ်၊ ဗန်ပါစီ၊ ဘယ်လာရင်၊ အသစ်ခေါ်ထားတဲ့ မာတင်နယ်လီတို့လို လူငယ်တွေကို ရှာဖွေပြီး၊ အသင်းမှာအကျိုးပြုဖို့ ကြိုးစားခဲ့တဲ့ ကင်းထောက်နာမည်က ဖရန်စစ် ကာဂီဂေါင်ပါ။ ၂၄ နှစ်ကြာတာဝန်ထမ်းဆောင်ပြီးချိန်မှာ အသင်းနဲ့ နှစ်ဦးသဘောတူညီချက်နဲ့အတူ ဝန်ထမ်းလျှော့ချရေး အစီအစဉ်မှာပါဝင်ခဲ့ပါတယ်။

အခုတော့ (၅၁)နှစ်ရှိနေပြီဖြစ်တဲ့ ဖရန်ဆစ်တယောက် အနာဂတ်ကို မဆုံးဖြတ်ရသေးပါဘူး။ လက်ရှိအချိန်မှာ ကလပ်လက်မဲ့ဖြစ်နေတဲ့ သူ့ကို ဘီဘီစီ ရေဒီယို 5 ကနေ အင်တာဗျူးအတွက်ခေါ်ခဲ့ပြီး၊ အာဆင်နယ်အတွက် ဘယ်လိုတွေလှုပ်ရှားပေးခဲ့လဲကို မေးခဲ့ပါတယ်။ ဖရန်ဆစ်က ဖာဘရီဂတ်ကိုခေါ်ပြီးအောင်မြင်လာခဲ့ချိန်မှာ မက်ဆီကိုကြိုးစားခဲ့ပုံကိုအခုလိုရှင်းပြခဲ့ပါတယ်။

” ကလပ်အသင်းကြီးတသင်းကနေ လူငယ်လေးတယောက် ကျွန်တော်တို့ဆီကိုပြောင်းလာတဲ့အချိန်က တခြားကိစ္စတွေကို ကျွန်တော်မမှတ်မိတော့ပါဘူး။ သူကအဲဒီတုန်းက ဘာစီယူ (၁၆)မှာ အကောင်းဆုံးကစားနေတဲ့အချိန်၊ စာချုပ်မယ့်နေ့အထိကျွန်တော်သူ့ကိုမမြင်ဖူးသေးဘူး။ သူ့ကို စာချုပ်ဖို့ လန်ဒန်ကို ကိုယ့်ဘာသာလာရမယ်လို့ ပြောလိုက်တယ်”

” အဲလိုလုပ်ခိုင်းတာက ခက်ခဲမှာကိုသိပါတယ်။ ဒါပေမဲ့ သူရင့်ကျက်ကြောင်းကို ပြသခဲ့တာက ထူးခြားလွန်းနေတယ်။ အာဆင်နယ်က ကစားပွဲတပွဲမှာ အနံ့ထွက်လာတိုင်း ခေါ်ဖို့လုပ်လိမ့်မယ်။ လုံးဝကိုထူးခြားနေတဲ့ အနံ့မျိုးပေါ့ (ခြေစွမ်းကောင်းတာကိုဆိုလို)။ အရည်အချင်းစစ်မယ်။ တိုင်းတာမယ်။ ဖာဘရီဂတ်လို ဉာဏ်ကောင်း၊ အမြင်ရှိပြီး ဘောလုံးဦးနှောက်ပြည့်တဲ့ ကစားသမားမျိုးဆိုလို့ကတော့ ချက်ချင်းစာချုပ်ဖို့ပြောလိမ့်မယ်”

ဖာဘရီဂတ်ကို စာချုပ်ချိန်က အာဆင်နယ်ဟာ (၁၅)နှစ်သားပဲရှိပါသေးတယ်။ အောက်တိုဘာ (၂၀၀၃)ခုနှစ်မှာ (၁၆)နှစ် (၁၇၇)ရက်နဲ့ အာဆင်နယ်ရဲ့အသက်အငယ်ဆုံးပွဲထွက်ကစားသမားဖြစ်လာခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့သူပါ။ မက်ဆီကိုခေါ်ယူတာနဲ့ပတ်သက်လို့ အခုလိုထပ်ပြောပါတယ်။ ” အာဆင်းက အဲဒီတုန်းက မက်ဆီကိုခေါ်ဖို့ ကျွန်တော်တို့နီးစပ်နေပြီလို့ ပြောခဲ့လိမ့်မယ် (၂၀၀၃)လောက်ကပေါ့”

” ကျွန်တော်ကတော့ စာချုပ်ဖို့ နီးစပ်ခဲ့တယ်ဆိုတာမျိုးတော့ ပြောမှာမဟုတ်ပါဘူး။ အဲဒီမှာရှိခဲ့တာမှန်တယ် ပြီးတော့ မက်ဆီရဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်။ သူ့မှာပြဿနာရှိတာက အလုပ်သတ်မှတ်ချက်လိုဟာမျိုးရှိတယ်။ ဒါကြောင့် ပျက်ပြယ်သွားခဲ့တယ်။” လို့ ပြောခဲ့ပါတယ်။ ဖရန်ဆင်ဟာ ဗန်ပါစီ၊ ဘယ်လာရင်၊ မာတင်နယ်လီတို့ကိုခေါ်ပေးခဲ့တဲ့ ကင်းထောက်လည်းဖြစ်ပေမဲ့ အာဆင်နယ်ကတော့ လမ်းခွဲခဲ့ပြီးဖြစ်ပါတယ်။