ယှဉ်ပြိုင်ဖူးသမျှထဲမှာအခက်ခဲဆုံးပြိုင်ဘက်ဖြစ်ခဲ့တဲ့ ကစားသမားကို ပြောပြခဲ့တဲ့ဇီဒန်း

ဇီဒန်းတယောက် ကစားသမားဘဝမှာ အအောင်မြင်ဆုံးအချိန်တွေတုန်းက ပြိုင်ဘက်အသင်းတွေထဲမှာ ရင်ဆိုင်ရခက်တဲ့ ကစားသမားတဦးရှိခဲ့ဖူးပါတယ်။ ကစား သမားဘဝမှာရင်ဆိုင်ခဲ့ချိန်က ဖြစ်တဲ့အတွက် ဇီဒန်းတို့ခေတ်ကာလက ဒိတ်ဒိတ်ကြဲတွေထဲကကစားသမားဖြစ်မှာအသေအချာပါ။ တကယ်လည်း ဇီဒန်းပြောခဲ့တဲ့ ကစားသမားက ယူနိုက်တက် ဂန္ဓဝင်ပေါလ်စခိုးပါ။

ဇီဒန်းက The Daily Mirror နဲ့အင်တာဗျူးမှာအခုလိုပြောဖူးပါတယ်။ ” ကိုယ့်ရဲ့အကောင်းဆုံးကစားသမားတွေကို ရွေးချယ်တယ်ဆိုတာက သဘာဝကျပါတယ်။ ပြီးတော့ ကျွန်တော့်အတွက်ဆိုရင် ပေါလ်စခိုးကသူကိုယ်ပိုင်ဟန်ထဲမှာအပြည့်ရှိနေတဲ့ ကစားသမားဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူကစားပြနေတုန်းကဆိုရင် သူ့ကိုထိလို့တောင်မရတာတွေရှိတယ်။ ”

” သူကစားတာကို ကြည့်နေရတာ ကျွန်တော်ဘယ်တော့မှရိုးမသွားဘူး။ ပြည့်စုံတဲ့ ဘောလုံးသမားတွေကို တွေ့ဖို့ခက်ခဲရင်ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ပေါလ်စခိုးကတော့ ခင်ဗျားမြင်ဖူးနေကြလူမျိုးပဲ။ ကျွန်တော့် နောင်တတွေထဲက တစ်ခုကိုပြောပါဆိုရင် ကစားသမားဘ၀ တလျှောက်မှာ ပေါလ်စခိုးဘေးမှာ ကစားရဖို့ ကမ်းလှမ်းခံရတဲ့ အခွင့်အရေးမျိုးမရှိဖူးတာပါ”

” သူ့ကိုရင်ဆိုင်ပြီး၊ ကစားဖို့ဆိုတာ အတော်လေးကို ခက်ခဲတယ်။ သူသာဘေးနားမှာရှိနေရင် ခင်ဗျားဘောလုံးကို အချိန်တိုင်းမရနိုင်ဘူး။ သူခင်ဗျားအနားကိုကပ်လာလိမ့်မယ်ပြီးတော့ ခင်ဗျားမသက်မသာ ခံစားရအောင်လုပ်လိမ့်မယ်။ ပေါလ်စခိုးဆိုတာနဲ့ ကွင်းထဲမှာ ခင်ဗျားဘက်က ရှိစေချင်တဲ့ သူမျိုးပဲ။ ပြိုင်ဘက်ဆီမှာပါစေချင်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့”

” သူက ထိရောက်တာတွေကို အများကြီးလုပ်ပြနိုင်တယ်။ တကယ်ကို့ ရှားပါးကစားသမားမျိုး။ သူပါရင် ပွဲတပွဲကို လွယ်လွယ်လေးဖြစ်သွားအောင်လုပ်နိုင်တယ်။ အဲဒါကလည်း သဘာဝကပေးတဲ့ သူ့ရဲ့အရည်အချင်းပဲ ” လို့ ပေါလ်စခိုးကိုညွန်းခဲ့