ဘေးလ်-ရီဂူလွန်-အလီ သုံးပွင့်ဆိုင်ရွှေ့ကွက်နဲ့ ကစားသမားနှစ်ယောက်ကိုခေါ်မယ့် စပါး

ရီးရဲလ်မက်ဒရစ်အနေနဲ့ တောင်ပံကစားသမားဂါရတ်ဘေးလ်ကို အသင်းကနေ ထွက်ခွင့်ပေးဖို့အတွက် အသင်းဟောင်းစပါးနဲ့ညှိနှိုင်းနေပါတယ်။ စပါးအသင်းကသူတို့ရဲ့ လူဟောင်းကို အငှားခေါ်ယူမှုနဲ့အတူ အပြီးသတ်ခေါ်ခွင့်ထည့်ချုပ်ဖို့ တရားဝင်ညှိနှိုင်းနေခဲ့ပါပြီ။ အေ့ဂျင့်ဖြစ်သူက ကစားသမားဟာ စပါးမှာကစားချင်နေတယ်လို့ ထုတ်ြပောထားတဲ့အတွက် အပြောင်းအရွှေ့ဟာ ဖြစ်ဖို့ပဲကျန်ပါတော့တယ်။

တပတ်လုပ်ခပေါင် (၅၀၀၀၀၀)လောက် ရနေတဲ့ ဘေးလ်ကို စပါးအနေနဲ့ လုပ်ခပေးချေဖို့မတတ်နိုင်ပါဘူး။ ရီးရဲလ်ကအငှားချပေးမှာဖြစ်ပေမဲ့ လုပ်ခလစာ တဝက်ကိုစိုက်ပေးမှာဖြစ်သလို ပြိုင်ဘက်အသင်းတွေကိုရောက်မသွားဖို့အတွက် စပါးကိုပဲအငှားအပြီးမှာရောင်းချဖို့ အသင်းကစီစဉ်နေပါတယ်။ အပြန်အလှန်အနေနဲ့ မန်ယူနိုက်တက် လိုက်နေတဲ့ ရီဂူလွန်ကို စပါးဆီပဲရောင်းပေးမှာဖြစ်ပါတယ်။

စပါးက ရီဂူလွန်လို ဘယ်နောက်ခံလူကို တန်ကြေးပေးပြီး၊ ခေါ်နိုင်မှာဖြစ်ပေမဲ့ ဒီအတိုင်းတော့လည်းမရိုးရှင်းပါဘူး။ ဒေးလီးမေးရဲ့ဖော်ပြချက်အရ ဒန်နီအလီကိုလည်း အြပောင်းအရွှေ့မှာ ထည့်ပေးရမှာဖြစ်ပါတယ်။ ဘေးလ်အတွက် အလီ+ရီဂူလွန်ကိုခေါ်ရမယ့် သဘောတူညီမှုမျိုးနဲ့ စပါးကိုညှိနှိုင်းနေပြီလို့ ဖော်ပြထားတဲ့အတွက် စပါးဟာ ကစားသမားနှစ်ယောက်အသစ်ဝင်လာဖို့ရှိနေပါတယ်။

ရီဂူလွန်အတွက် စပါးပေးချေရမယ့် ပမာဏက ပေါင် (၂၅)သန်းဖြစ်တဲ့အတွက် နောက်ဆုံးခေါ်ယူမှုဖြစ်လာဖို့ရှိနေပါတယ်။ ရီးရဲလ်နဲ့ယူနိုက်တက်ကြား ညှိနှိုင်းမှုမှာ ပြန်ဝယ်ခွင့်အချက်ကို ရီးရဲလ်ဖက်ကတောင်းဆိုတာကြောင့် အပြောင်းအရွှေ့ဖြစ်လာဖို့ မရှိတော့ပါဘူး။ စပါးကတော့ ဆက်စီနွန်ရှိနေသလို အသင်းနဲ့အသားမကျသေးတဲ့အချိန်မှာ အငှားချထားပြီး၊ ရီဂူလွန်ကို လတ်တလောသုံးမှာဖြစ်တာကြောင့် ရီးရဲလ်ကမ်းလှမ်းတာကိုလက်ခံဖို့များနေပါပြီ။

စပါးနဲ့ရီးရဲလ်ကြား ဂါရတ်ဘေးလ်ဆက်သွယ်မှုအနေနဲ့ (၂၀၁၃)ခုနှစ်မှာ ပေါင်(၈၅)သန်း နဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောင်းထားခဲ့ဖူးပါတယ်။ ချန်ပီယံလိဂ် ၄ ကြိမ်၊ ဂိုးစုစုပေါင်း (၁၀၀)ကျော်နဲ့အတူ ရီးရဲလ်အတွက် ကစားပေးခဲ့ပြီးချိန်မှာ နည်းပြဇီဒန်းနဲ့အဆင်မပြေဖြစ်လာတဲ့အပေါ် ရောင်းထုတ်ဖို့စဉ်းစားလာခဲ့ချိန် စပါးကပဲ ပြန်လက်ခံဖို့ နှစ်သင်းကြား ဆောင်ရွက်နေပြီဖြစ်ပါတယ်။

SportsGabar