တနှစ်တာဝင်ငွေအများဆုံး ကစားသမားစာရင်းမှာ ရော်နယ်ဒိုကို ဦးဆောင်လိုက်တဲ့ မက်ဆီ

ဖော့စ်ဘတ်မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်နေကျစာရင်းဖြစ်တဲ့ ကမ္ဘာ့ဝင်ငွေအမျာဆုံး ဘောလုံးသမားစာရင်းအတွက် မက်ဆီက ဦးဆောင်လိုက်ပါတယ်။ (၂၀၂၀) ဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေအကောင်းဆုံးကစားသမားအနေနဲ့ မနှစ်က ဦးဆောင်ခဲ့တဲ့ ရော်နယ်ဒိုကို ကျော်တက်လိုက်ပြီး၊ ဘာစီလိုနာအသင်းခေါင်းဆောင်က ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၁၇)သန်းနဲ့အတူ ရပ်တည်ခဲ့ပါတယ်။

အစဉ်လိုက်အနေနဲ့ ရော်နယ်ဒို အမေရိကန် ဒေါ်လာ (၁၁၇)သန်း၊ နေမာ- ဒေါ်လာ ၉၆သန်း၊ အမ်ဘာပေ – ဒေါ်လာ ၄၂သန်း၊ မိုဆာလား- ဒေါ်လာ ၃၇သန်း၊ ပေါ့ဘာ- ဒေါ်လာ ၃၄သန်း၊ ဂရေ့ဇ်မန်း- ဒေါ်လာ ၃၃သန်း၊ ဂါရတ်ဘေးလ်- ဒေါ်လာ ၂၉သန်း၊ လီဝမ်ဒေါစကီး- ဒေါ်လာ ၂၈သန်း၊ ဒီဂီယာ- ဒေါ်လာ ၂၇ သန်းနဲ့ ပါဝင်ခဲ့ပါတယ်။

ပီအက်စ်ဂျီ ကစားသမား နှစ်ယောက်ဖြစ်တဲ့ နေမာနဲ့အမ်ဘာပေ အဆင့်သုံးနဲ့လေးနဲ့ ပါဝင်ခဲ့သလို ပရီးမီးယားလိဂ် ကစားသမားအနေနဲ့ ဆာလား၊ ပေါ့ဘာ၊ ဒီဂီယာ ပါဝင်ခဲ့ပါတယ်။ ဂါရတ်ဘေးလ်ကလည်း ရုန်းကန်ခဲ့ရပေမဲ့ လစာနှုန်းထားမှာတော့ အတော်လေးကို မြင့်တဲ့ ကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်။ မနှစ်က နည်းပြ ဇီဒန်းလက်အောက်မှာ ပွဲထွက် ၁၄ ပွဲပဲရှိခဲ့တဲ့ ကစားသမားက ကမ္ဘာ့လစာအများဆုံးထဲပါဝင်ခဲ့တာပါ။

လစာနှုန်းထားမြင့်တက်လာဆုံး ကစားသမားအဖြစ် အမ်ဘာပေက ရှိနေပါတယ်။ မနှစ်က အဆင့် (၇)ကနေ ဒီနှစ်မှာ အဆင့် (၄)အထိကို တက်လှမ်းလာနိုင်တဲ့အတွက် အမ်ဘာပေဟာ ပုံရိပ်မြင်ဆယ်ကျော်သက်ဖြစ်လာတာကိုပြနေပါတယ်။ (၂၀၁၉)နဲ့ (၂၀၂၀) နှစ်အတွက် ဝင်ငွေတူခဲ့တဲ့ နေရာကတော့ ထိပ်ဆုံး သုံးနေရာဖြစ်ပြီး၊ မက်ဆီ-ရော်နယ်ဒို-နေမာ သုံးဦးလုံးဟာ ထိပ်ဆုံးမှာရပ်တည်နေဆဲဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ဒီနှစ် ဘာစီလိုနာမှာ ဆက်နေဖို့ဆုံးဖြတ်ခဲ့တဲ့အတွက် လာမယ့် (၂၀၂၁)ဘဏ္ဍာရေးနှစ်မှာလည်း ထိပ်ဆုံးသုံးဦးထဲ ဆက်ရပ်တည်သွားဖို့ရှိနေပါတယ်။ (၃၃)နှစ်သားရဲ့ ဖျက်သိမ်းကြေးစာချုပ် ယူရိုသန်း (၇၀၀)က အသင်းတွေအတွက် ခေါ်ယူဖို့မဖြစ်နိုင်ချိန်မှာ ဘာစီလိုနာမှာတနှစ်ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ နောက်နှစ်မှာ အလွတ်ကြေးနဲ့ထွက်ဖို့ ပြင်ဆင်ထားပြီဖြစ်ပါတယ်။