အသင္းၾကီးအားလံုးရုန္းကန္ခဲ့ရတဲ့ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)

ညကယွဥ္ျပိဳင္ကစားသြားတဲ့ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာေတာ့ အသင္းၾကီးေတြ ထင္သေလာက္တိုး မေပါက္ခဲ့ဘဲ မန္ယူႏိုက္တက္အသင္းက ဘုန္းေမာက္ကိုရံႈးနိမ့္သြားသလို၊ အာဆင္နယ္ကလည္း အိမ္ကြင္းမွာ ဝုလ္အသင္းကိုသေရက်ခဲ့ပါတယ္။

လီဗာပူးလ္၊ မန္စီးတီး နဲ႔ ခ်ဲလ္ဆီးအသင္းေတြလည္း ႏိုင္ပြဲအတြက္ ရုန္းကန္ခဲ့ရျပီး ျပိဳင္ဘက္အသင္းေတြကို (၂)ဂိုး (၁)ဂိုးဆိုတဲ့ ရလဒ္ေတြနဲ႔ တူညီစြာ အႏိုင္ရခဲ့ၾကပါတယ္။ အေစာဆံုးပြဲအျဖစ္ ကစားခဲ့တဲ့ ဘုန္းေမာက္နဲ႔ယူႏိုက္တက္အသင္းတို႔ရဲ႕ပြဲစဥ္မွာ အိမ္ရွင္ဘုန္းေမာက္က ပထမပိုင္းသြင္းဂိုး တစ္ဂိုးနဲ႔အတူ ႏိုင္ပြဲရွာေတြ႔ခဲ့ပါတယ္။ ယူႏိုက္တက္ကေတာ့ ဒဏ္ရာရကစားသမားေတြ မ်ားျပားေနသလို ၾကားရက္မွာ ခ်ဲလ္ဆီးအသင္းနဲ႔လိဂ္ဖလားပြဲ ယွဥ္ျပိဳင္ကစားခဲ့ရတဲ့အတြက္ ပြဲပန္းမႈေတြရွိေနခဲ့ပါတယ္။

ဒါေၾကာင့္လည္း ယူႏိုက္တက္ဟာ ေခ်ပဂိုးေလးတစ္ဂိုးေတာင္ ျပန္မသြင္းႏိုင္ခဲ့ဘဲ အေဝးကြင္းရံႈးပြဲတစ္ပြဲထပ္တိုးသြားခဲ့ရတာပါ။ ဗီလာနဲ႔လီဗာပူးလ္တို႔ရဲ႕ပြဲစဥ္ကေတာ့ မထင္မွတ္ထားေလာက္ေအာင္ အၾကိတ္အနယ္ရွိခဲ့ျပီး၊ ၾကည့္ေကာင္းခဲ့ပါတယ္။ ဗီလာဟာ ပြဲခ်ိန္(၈၆)မိနစ္ေက်ာ္တဲ့အထိ လီဗာပူးလ္ကို (၁)ဂိုးသြင္းျပီး ဦးေဆာင္ထားႏိုင္ခဲ့ေပမဲ့ ေရာ္ဘက္ဆန္နဲ႔မာေနးတို႔ရဲ႕ေနာက္က် ဂိုးေတြေၾကာင့္ လီဗာပူးလ္ကို အရံႈးေပးခဲ့ရပါတယ္။

မန္စီးတီးလည္း လီဗာပူးလ္လိုပါပဲ။ မထင္မွတ္ဘဲ ေဆာင္သမ္တန္ရဲ႕ ဦးေဆာင္ထားျခင္းကိုခံခဲ့ရျပီး၊ ပြဲခ်ိန္မိနစ္(၇၀)ေက်ာ္ေရာက္မွသာ ေခ်ပဂိုးေတြနဲ႔အႏိုင္ဂိုးေတြကို သြင္းယူႏိုင္ခဲ့တာပါ။ ေဆာင္သမ္တန္အေနနဲ႔ ၾကားရက္မွာ မန္စီးတီးကို ရံႈးနိမ့္ထားတဲ့ပြဲက အမွားေတြကို သင္ခန္းစာယူကာ ခဲမွန္ဖူးတဲ့ စာသူငယ္လို ကစားသြားခဲ့လို႔လည္း မန္စီးတီးအတြက္ ခက္ခဲသြားခဲ့ရတာျဖစ္ပါတယ္။ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးအသင္းကေတာ့ ဝက္ဖို႔ကို ပထမပိုင္းသြင္းဂိုး(၂)ဂိုးနဲ႔အႏိုင္ယူခဲ့ျပီး၊ ဝက္ဖို႔က ေခ်ပဂိုးတစ္ဂိုးျပန္သြင္းခဲ့ေပမဲ့ သေရအတြက္ေတာ့ မလံုေလာက္ခဲ့ပါဘူး။

ဒီပြဲအႏိုင္ေၾကာင့္ ခ်ဲလ္ဆီးတို႔ အဆင့္(၃)ေနရာကို ယာယီတက္လွမ္းသြားခဲ့ျပီး၊ လီဗာပူးလ္နဲ႔မန္စီးတီးတို႔ကေတာ့ အမွတ္ေပးဇယားထိပ္မွာ ပိုေနျမဲ၊ က်ားေနျမဲဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။ သေက်သြားတဲ့အာဆင္နယ္ကေတာ့ အဆင့္(၄)ေနရာက တစ္ပြဲေလ်ာ့ကစားထားတဲ့ လက္စတာနဲ႔ (၃)မွတ္ျပတ္သြားကာ အဆင့္(၅)မွာ ရပ္ေနပါတယ္။ ယူနိုက္တက္တို႔ကေတာ့ ရံႈးပြဲေၾကာင့္ အဆင့္(၁၀)ကို ထိုးဆင္းသြားျပီး၊ တန္းဆင္းဇုန္ဘက္ကို မ်က္ေစာင္းထိုးလာျပန္ပါျပီ။

လူညိဳေခ်ာ@SportsGabar

Unicode

အသင်းကြီးအားလုံးရုန်းကန်ခဲ့ရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)

ညကယှဉ်ပြိုင်ကစားသွားတဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေ ထင်သလောက်တိုး မပေါက်ခဲ့ဘဲ မန်ယူနိုက်တက်အသင်းက ဘုန်းမောက်ကိုရှုံးနိမ့်သွားသလို၊ အာဆင်နယ်ကလည်း အိမ်ကွင်းမှာ ဝုလ်အသင်းကိုသရေကျခဲ့ပါတယ်။

လီဗာပူးလ်၊ မန်စီးတီး နဲ့ ချဲလ်ဆီးအသင်းတွေလည်း နိုင်ပွဲအတွက် ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်အသင်းတွေကို (၂)ဂိုး (၁)ဂိုးဆိုတဲ့ ရလဒ်တွေနဲ့ တူညီစွာ အနိုင်ရခဲ့ကြပါတယ်။ အစောဆုံးပွဲအဖြစ် ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်ဘုန်းမောက်က ပထမပိုင်းသွင်းဂိုး တစ်ဂိုးနဲ့အတူ နိုင်ပွဲရှာတွေ့ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဒဏ်ရာရကစားသမားတွေ များပြားနေသလို ကြားရက်မှာ ချဲလ်ဆီးအသင်းနဲ့လိဂ်ဖလားပွဲ ယှဉ်ပြိုင်ကစားခဲ့ရတဲ့အတွက် ပွဲပန်းမှုတွေရှိနေခဲ့ပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်ဟာ ချေပဂိုးလေးတစ်ဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ဘဲ အဝေးကွင်းရှုံးပွဲတစ်ပွဲထပ်တိုးသွားခဲ့ရတာပါ။ ဗီလာနဲ့လီဗာပူးလ်တို့ရဲ့ပွဲစဉ်ကတော့ မထင်မှတ်ထားလောက်အောင် အကြိတ်အနယ်ရှိခဲ့ပြီး၊ ကြည့်ကောင်းခဲ့ပါတယ်။ ဗီလာဟာ ပွဲချိန်(၈၆)မိနစ်ကျော်တဲ့အထိ လီဗာပူးလ်ကို (၁)ဂိုးသွင်းပြီး ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ ရော်ဘက်ဆန်နဲ့မာနေးတို့ရဲ့နောက်ကျ ဂိုးတွေကြောင့် လီဗာပူးလ်ကို အရှုံးပေးခဲ့ရပါတယ်။

မန်စီးတီးလည်း လီဗာပူးလ်လိုပါပဲ။ မထင်မှတ်ဘဲ ဆောင်သမ်တန်ရဲ့ ဦးဆောင်ထားခြင်းကိုခံခဲ့ရပြီး၊ ပွဲချိန်မိနစ်(၇၀)ကျော်ရောက်မှသာ ချေပဂိုးတွေနဲ့အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့တာပါ။ ဆောင်သမ်တန်အနေနဲ့ ကြားရက်မှာ မန်စီးတီးကို ရှုံးနိမ့်ထားတဲ့ပွဲက အမှားတွေကို သင်ခန်းစာယူကာ ခဲမှန်ဖူးတဲ့ စာသူငယ်လို ကစားသွားခဲ့လို့လည်း မန်စီးတီးအတွက် ခက်ခဲသွားခဲ့ရတာဖြစ်ပါတယ်။ လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းကတော့ ဝက်ဖို့ကို ပထမပိုင်းသွင်းဂိုး(၂)ဂိုးနဲ့အနိုင်ယူခဲ့ပြီး၊ ဝက်ဖို့က ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့ပေမဲ့ သရေအတွက်တော့ မလုံလောက်ခဲ့ပါဘူး။

ဒီပွဲအနိုင်ကြောင့် ချဲလ်ဆီးတို့ အဆင့်(၃)နေရာကို ယာယီတက်လှမ်းသွားခဲ့ပြီး၊ လီဗာပူးလ်နဲ့မန်စီးတီးတို့ကတော့ အမှတ်ပေးဇယားထိပ်မှာ ပိုနေမြဲ၊ ကျားနေမြဲဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ သကျေသွားတဲ့အာဆင်နယ်ကတော့ အဆင့်(၄)နေရာက တစ်ပွဲလျော့ကစားထားတဲ့ လက်စတာနဲ့ (၃)မှတ်ပြတ်သွားကာ အဆင့်(၅)မှာ ရပ်နေပါတယ်။ ယူနိုက်တက်တို့ကတော့ ရှုံးပွဲကြောင့် အဆင့်(၁၀)ကို ထိုးဆင်းသွားပြီး၊ တန်းဆင်းဇုန်ဘက်ကို မျက်စောင်းထိုးလာပြန်ပါပြီ။

လူညိုချော@SportsGabar