ဂတ္မူလာရဲ႕(၄၇)ႏွစ္ၾကာစံခ်ိန္ကိုခ်ိဳးျဖတ္ႏိုင္ဖို႔ခ်ိန္ရြယ္လာတဲ့လီဝမ္ေဒါစကီး

လက္ရွိအခ်ိန္မွာရပ္တန္႔လို႔မရႏိုင္ေလာက္ေအာင္ ေျခစြမ္းျပ သြင္းဂိုးေတြ သြင္းယူေနတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕တိုက္စစ္မွဴး လီဝမ္ေဒါစကီးကေတာ့ ဘြန္ဒက္လီဂါ(၉)ပြဲမွာ (၁၃)ဂိုးအထိသြင္းယူထားျပီး ဂႏၱဝင္ကစားသမားၾကီး ဂတ္မူလာရဲ႕စံခ်ိန္ကိုခ်ိဳးဖ်က္ဖို႔ နီးစပ္ေနပါတယ္။

လီဝမ္ေဒါစကီးဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ (၅)ဂိုးအထိသြင္းယူထားျပီး၊ ဂ်ာမန္ပိုကယ္ဖလားျပိဳင္ပြဲမွာသြင္းထားတဲ့(၁)ဂိုးအပါအဝင္ ျပိဳင္ပြဲစံု(၁၅)ပြဲမွာ (၁၉)ဂိုးအထိသြင္းယူထားပါတယ္။ ဒါ့အျပင္ လီဝမ္ေဒါစကီးဟာ ဘြႏ္ဒက္လီဂါျပိဳင္ပြဲမွာလည္း (၉)ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆံုးကစားသမားအျဖစ္ ေဒါ့မြန္ကစားသမားေဟာင္း အူဘာမီယန္ရဲ႕(၈)ပြဲဆက္ စံခ်ိန္ကို ပူပူေႏြးေႏြး ခ်ိဳးထားပါတယ္။

ဒါေပမဲ့လည္း လီဝမ္ေဒါစကီးကေတာ့ ဒီမွာတင္ရပ္တန္႔ေနမွာမဟုတ္ဘဲ ဂ်ာမနီဂႏၱဝင္ကစားသမားၾကီး ဂတ္မူလာတင္ထားခဲ့တဲ့ (၄၇)ႏွစ္ၾကာ စံခ်ိန္တစ္ခုကို ခ်ိဳးျဖတ္သြားႏိုင္လိမ့္မယ္လို႔ ေဘာလံုးကြ်မ္းက်င္သူေတြက ထင္ေၾကးေပးေနၾကပါတယ္။ ဂတ္မူလာဟာ (၁၉၇၁-၇၂)ေဘာလံုးရာသီတုန္းက ဘြန္ဒက္လီဂါျပိဳင္ပြဲမွာ ဂိုးေပါင္း(၄၀)အထိ သြင္းယူႏိုင္ခဲ့ျပီး တစ္ရာသီအတြင္း ဂိုးသြင္းအမ်ားဆံုးစံခ်ိန္ကို တင္ထားခဲ့တာပါ။

အဲဒီ့ေနာက္ပိုင္း ဘြန္ဒက္လီဂါတိုက္စစ္မွဴးေတြဟာ ဒီမွတ္တမ္းကိုခ်ိဳးဖ်က္ႏိုင္ဖို႔ ေနေနသာသာ အနီးစပ္ဆံုးအမေျခအေနေတာင္ မေရာက္ခဲ့ၾကပါဘူး။ လြန္ခဲ့တဲ့(၂၀၁၆-၁၇)ေဘာလံုးရာသီတုန္းကေတာ့ ေဒါ့မြန္တိုက္စစ္မွဴးေဟာင္း အူဘာမီယန္ဟာ တစ္ရာသီအတြင္း (၃၁)ဂိုးသြင္းႏိုင္ခဲ့ျပီး ဂတ္မူလာရဲ႕စံခ်ိန္နဲ႔ အနီးစပ္ဆံုး အေနအထားကို ကပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အခုႏွစ္မွာလည္း လီဝမ္ေဒါစကီးရဲ႕ လက္ရွိဂိုးသြင္းႏႈန္းက ေၾကာက္စရာေကာင္းေလာက္ေအာင္ ေကာင္းမြန္ေနျပီး (၄၇)ႏွစ္စံခ်ိန္ကို ခ်ိဳးျဖတ္သြားေတာ့မလားလို႔ေတာင္ ထင္ေနရပါတယ္။ ဒါနဲ႔ပတ္သက္ျပီး ကာယကံရွင္ လီဝမ္ကေတာ့-

” ဒီစံခ်ိန္အေၾကာင္းကိုေျပာဖို႔ အနည္းငယ္ေတာ့ ေစာေနပါေသးတယ္၊ အခုလို ဂိုးေတြသြင္းေနႏိုင္တာ တကယ့္ကိုေကာင္းမြန္ပါတယ္၊ ဂိုးေတြ ဆက္လက္သြင္းယူသြားႏိုင္ေအာင္လည္း ကြ်န္ေတာ္ေမွ်ာ္လင့္ပါတယ္၊ ဂတ္မူလာရဲ႕စံခ်ိန္ကို ေက်ာ္ဖ်က္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ၾကတာေပါ့ “လို႔ ေျပာသြားခဲ့ပါတယ္။

လူညိဳေခ်ာ@Sportsgabar

Unicode

ဂတ်မူလာရဲ့(၄၇)နှစ်ကြာစံချိန်ကိုချိုးဖြတ်နိုင်ဖို့ချိန်ရွယ်လာတဲ့လီဝမ်ဒေါစကီး

လက်ရှိအချိန်မှာရပ်တန့်လို့မရနိုင်လောက်အောင် ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်မှူး လီဝမ်ဒေါစကီးကတော့ ဘွန်ဒက်လီဂါ(၉)ပွဲမှာ (၁၃)ဂိုးအထိသွင်းယူထားပြီး ဂန္တဝင်ကစားသမားကြီး ဂတ်မူလာရဲ့စံချိန်ကိုချိုးဖျက်ဖို့ နီးစပ်နေပါတယ်။

လီဝမ်ဒေါစကီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၅)ဂိုးအထိသွင်းယူထားပြီး၊ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှာသွင်းထားတဲ့(၁)ဂိုးအပါအဝင် ပြိုင်ပွဲစုံ(၁၅)ပွဲမှာ (၁၉)ဂိုးအထိသွင်းယူထားပါတယ်။ ဒါ့အပြင် လီဝမ်ဒေါစကီးဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာလည်း (၉)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ဒေါ့မွန်ကစားသမားဟောင်း အူဘာမီယန်ရဲ့(၈)ပွဲဆက် စံချိန်ကို ပူပူနွေးနွေး ချိုးထားပါတယ်။

ဒါပေမဲ့လည်း လီဝမ်ဒေါစကီးကတော့ ဒီမှာတင်ရပ်တန့်နေမှာမဟုတ်ဘဲ ဂျာမနီဂန္တဝင်ကစားသမားကြီး ဂတ်မူလာတင်ထားခဲ့တဲ့ (၄၇)နှစ်ကြာ စံချိန်တစ်ခုကို ချိုးဖြတ်သွားနိုင်လိမ့်မယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက ထင်ကြေးပေးနေကြပါတယ်။ ဂတ်မူလာဟာ (၁၉၇၁-၇၂)ဘောလုံးရာသီတုန်းက ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ဂိုးပေါင်း(၄၀)အထိ သွင်းယူနိုင်ခဲ့ပြီး တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်ကို တင်ထားခဲ့တာပါ။

အဲဒီ့နောက်ပိုင်း ဘွန်ဒက်လီဂါတိုက်စစ်မှူးတွေဟာ ဒီမှတ်တမ်းကိုချိုးဖျက်နိုင်ဖို့ နေနေသာသာ အနီးစပ်ဆုံးအမခြေအနေတောင် မရောက်ခဲ့ကြပါဘူး။ လွန်ခဲ့တဲ့(၂၀၁၆-၁၇)ဘောလုံးရာသီတုန်းကတော့ ဒေါ့မွန်တိုက်စစ်မှူးဟောင်း အူဘာမီယန်ဟာ တစ်ရာသီအတွင်း (၃၁)ဂိုးသွင်းနိုင်ခဲ့ပြီး ဂတ်မူလာရဲ့စံချိန်နဲ့ အနီးစပ်ဆုံး အနေအထားကို ကပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာလည်း လီဝမ်ဒေါစကီးရဲ့ လက်ရှိဂိုးသွင်းနှုန်းက ကြောက်စရာကောင်းလောက်အောင် ကောင်းမွန်နေပြီး (၄၇)နှစ်စံချိန်ကို ချိုးဖြတ်သွားတော့မလားလို့တောင် ထင်နေရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကာယကံရှင် လီဝမ်ကတော့-

” ဒီစံချိန်အကြောင်းကိုပြောဖို့ အနည်းငယ်တော့ စောနေပါသေးတယ်၊ အခုလို ဂိုးတွေသွင်းနေနိုင်တာ တကယ့်ကိုကောင်းမွန်ပါတယ်၊ ဂိုးတွေ ဆက်လက်သွင်းယူသွားနိုင်အောင်လည်း ကျွန်တော်မျှော်လင့်ပါတယ်၊ ဂတ်မူလာရဲ့စံချိန်ကို ကျော်ဖျက်နိုင်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့ “လို့ ပြောသွားခဲ့ပါတယ်။

လူညိုချော@Sportsgabar