သဘာဝလွန်ပယောဂတွေပါဝင်နေတဲ့ခရိုအေးရှားလိဂ်ကအံ့ဖွယ်သွင်းဂိုးတစ်ဂိုး

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ခရိုအေးရှားလိဂ်ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆလာဗန်ဘလူပိုအသင်းနဲ့ဟက်ဂျ်ဒူစပလစ်တို့ရဲ့ပွဲစဉ်မှာ အလွန်ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဟက်ဂျ်ဒူစပလစ်အသင်းက(၂)ဂိုးပြတ် အနိုင်ရသွားခဲ့တဲ့ အဆိုပါပွဲစဉ်အတွင်း ဟက်ဂျ်ဒူစပလစ်အသင်းက(၁)ဂိုးအသာနဲ့ဦးဆောင်ထားစဉ် ဆလာဗန်ဘလူပိုအနေနဲ့ အဖိုးတန်ခြေပဂိုးတစ်ဂိုးရရှိဖို့ အခွင့်အရေးကြီးကြီးမားမားတစ်ခုရခဲ့ပါတယ်။ အဲတာကတော့ ပွဲချိန်မိနစ်(၇၀)ကျော်ခန့်မှာ ဟက်ဂျ်ဒူစပလစ်ဂိုးသမားရဲ့ လူပေးမှားမှုကို အခွင့်ကောင်းယူပြီး၊ ဆလာဗန်ဘလူပိုကစားသမားက ဘယ်သူမှ မရှိတော့တဲ့ ဂိုးပေါက်ထဲကို အပိုင်ကန်သွင်းလိုက်ပါတယ်။

ဒီကန်သွင်းချက်ကို ဟက်ဂျ်ဒူစပလစ်အသင်းနောက်တန်းနဲ့ဂိုးသမားတို့ အသည်းအသန်လိုက်လံဖျက်ထုတ်ခဲ့ကြပေမဲ့ ဘယ်လိုမှ မမှီတော့ဘဲ ဘောလုံးဟာ ဂိုးပေါက်ထဲကို တန်းတန်းမက်မက်ဝင်ရောက်သွားခဲ့ပါတယ်။ ဆလာဗန်ဘလူပိုကစားသမားတွေလည်း ခြေပဂိုးရပြီအထင်နဲ့ အောင်ပွဲခံတော့မယ့်အချိန်မှာ ဘောလုံးဟာ ဘယ်သူမှရှိမနေတဲ့ ဂိုးပေါက်ထဲကနေ တိုင်မှန်ခြင်းလည်းမရှိခဲ့ဘဲ ပြန်ကန်ထွက်လာခဲ့ပါတယ်။

လေထဲကနေ တစ်စုံတစ်ယောက်က ပုတ်ထုတ်လိုက်သလိုမျိုး ဘောလုံးက ပြန်ထွက်လာတာကြောင့် ဆလာဗန်ဘလူပိုတစ်သင်းလုံး အံ့အားသင့်နေချိန်မှာ ဟက်ဂျ်ဒူစပလစ်အသင်းက ဒီအခွင့်အရေးကို အမိအရအသုံးချပြီး တန်ပြန်တိုက်စစ်ဆင်ကာ ဆလာဗန်ဘလူပိုအသင်းဘက်ကို နောက်ထပ်အနိုင်ဂိုးတစ်ဂိုးသွင်းယူသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုလို့ဆိုရမှာဖြစ်သလို ဘောလုံးလောကမှာ ကျွန်တော်တို့ မမြင်နိုင်တဲ့ အခြားသော လျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေသလားဆိုတဲ့ သံသယတွေကိုလည်း ပိုမိုကြီးထွားလာစေခဲ့ပါတယ်။

လူညိုချော@SportsGabar

Unicode






