ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)ပြဲၾကိဳသံုးသပ္ခ်က္မ်ား

ဒီတစ္ပတ္ပရီးမီးယားလိဂ္ပြဲစဥ္(၁၀)ပြဲကို စေနနဲ႔တနဂၤေႏြ(၂)ရက္ခြဲျပီးက်င္းပသြားမွာျဖစ္ပါတယ္။ အဲဗာတန္နဲ႔စပါးပြဲစဥ္ကလြဲလို႔ အသင္းၾကီးအခ်င္းခ်င္းထိပ္တိုက္ေတြ႔ဆံုေနတာမ်ိဳးမရွိတဲ့အတြက္ အႏိုင္အရံႈးရလဒ္ေတြလည္း သဲသဲကြဲကြဲေတြ႔ျမင္ရဖို႔ရွိေနပါတယ္။

အေစာဆံုးပြဲစဥ္အေနနဲ႔ လက္တေလာပံုစံေကာင္းေတြရရွိေနတဲ့ မန္ယူႏိုက္တက္အသင္းနဲ႔ကစားအားေကာင္းတဲ့ဘုန္းေမာက္အသင္းတို႔ယွဥ္ျပိဳင္သြားၾကမွာျဖစ္ျပီး၊ အိမ္ကြင္း(၃)ပြဲဆက္ အရံႈးမရွိထားတဲ့ ဘုန္းေမာက္ကို အေဝးကြင္းနိုင္ပြဲျပန္ရခါစ ယူႏိုက္တက္တို႔ခက္ခက္ခဲခဲကစားသြားရဖို႔ရွိပါတယ္။ ေနာက္ဆံုးထိပ္တိုက္ေတြ႔ခဲ့တဲ့(၆)ပြဲမွောေတာ့ ဘုန္းေမာက္ကို ယူႏိုက္တက္တို႔(၅)ပြဲအထိအႏိုင္ရခဲ့ျပီး တစ္ပြဲသာ သေရက်ထားပါတယ္။ ပြဲပန္းေနတဲ့ယူႏိုက္တက္တို႔(၃)မွတ္ရသြားဖို႔ရွိေပမဲ့ ဂိုးေတာ့မျပတ္ပါဘူး။

ေနာက္ပိုင္းရလဒ္ေတြကေမာက္ကမျဖစ္ေနတဲ့အာဆင္နယ္အသင္းနဲ႔အသင္းၾကီးေတြဆိုဒုကၡလွလွေပးေလ့ရွိတဲ့ ဝုလ္အသင္းတို႔ရဲ႕ပြဲစဥ္ကေတာ့ အၾကိတ္အနယ္ရွိလာမွာျဖစ္ျပီး၊ သေရက်သြားဖို႔မ်ားေနသလို မထင္မွတ္ဘဲ ဝုလ္ကေတာင္ကပ္ျပီး အႏိုင္ရသြားႏိုင္ပါတယ္။ အဆင့္(၁)ေနရာကလီဗာပူးလ္နဲ႔တန္းတက္ဗီလာတို႔ရဲ႕ပြဲစဥ္ကေလည္း မထင္မွတ္ဘဲ အၾကိတ္အနယ္ရွိလာႏိုင္ျပီး၊ ေနာက္ဆံုး(၂)ပြဲဆက္ႏိုင္ပြဲရထားေပမဲ့ အသင္းၾကီးေတြနဲ႔ေတြ႔ရင္ ဗီလာဟာ ေရေျမြပါပဲ။ လီဗာပူးလ္အႏိုင္နဲ႔ဂိုးအမ်ားကိုေရြးတာ လက္ေတြ႕က်ပါလိမ့္မယ္။

တစ္ပတ္အတြင္းဒုတိယေျမာက္အျဖစ္ မန္စီးတီးနဲ႔ေဆာက္သမ္တန္ေတြ႔ျပန္ပါျပီ။ ပူပူေႏြးေႏြးေတြ႕ဆံုထားမႈမွာလည္း မန္စီးတီးအ(၃)ဂိုး(၁)ဂိုးနဲ႔အႏိုင္ရထားပါတယ္။ ဒီပြဲက ေဆာက္သမ္တန္ကို အရွက္ခြဲမယ့္ ေနာက္ထပ္တစ္ပြဲလို႔ဆိုရမွာပါ။ မန္စီးတီးရဲ႕ဂိုးေတြကိုေရတြက္ဖို႔ ဂဏန္းေပါင္းစက္အကူအညီယူရမယ္ထင္တယ္။

ပရီးမီးယားလိဂ္ေနာက္ဆံုး(၄)ပြဲဆက္အႏိုင္ရထားတဲ့ ခ်ဲလ္ဆီးနဲ႔ ဇယားေအာက္ဆံုးက ဝက္ဖို႔တို႔ေတြ႔ဆံုမႈကေတာ့ ရွည္ရွည္ေဝးေဝးမေျပာေတာ့ပါဘူး။ တန္းဆင္းဇုန္ရုန္းအားနဲ႔အိမ္ကြင္းမွာ တိုက္စစ္ဖြင့္လာမယ့္ ဝက္ဖို႔ကို ခ်ဲလ္ဆီးတို႔ ဂိုးျပန္ေပးရဖို႔ရွိလို႔ ႏွစ္သင္းေပါင္း ဂိုးအမ်ားနဲ႔ ခ်ဲလ္ဆီးအႏိုင္ကိုေရြးထားတာပဲ အဆင္ေျပပါလိမ့္မယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပွဲကြိုသုံးသပ်ချက်များ

ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ပွဲကို စနေနဲ့တနင်္ဂနွေ(၂)ရက်ခွဲပြီးကျင်းပသွားမှာဖြစ်ပါတယ်။ အဲဗာတန်နဲ့စပါးပွဲစဉ်ကလွဲလို့ အသင်းကြီးအချင်းချင်းထိပ်တိုက်တွေ့ဆုံနေတာမျိုးမရှိတဲ့အတွက် အနိုင်အရှုံးရလဒ်တွေလည်း သဲသဲကွဲကွဲတွေ့မြင်ရဖို့ရှိနေပါတယ်။

အစောဆုံးပွဲစဉ်အနေနဲ့ လက်တလောပုံစံကောင်းတွေရရှိနေတဲ့ မန်ယူနိုက်တက်အသင်းနဲ့ကစားအားကောင်းတဲ့ဘုန်းမောက်အသင်းတို့ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး၊ အိမ်ကွင်း(၃)ပွဲဆက် အရှုံးမရှိထားတဲ့ ဘုန်းမောက်ကို အဝေးကွင်းနိုင်ပွဲပြန်ရခါစ ယူနိုက်တက်တို့ခက်ခက်ခဲခဲကစားသွားရဖို့ရှိပါတယ်။ နောက်ဆုံးထိပ်တိုက်တွေ့ခဲ့တဲ့(၆)ပွဲမှောတော့ ဘုန်းမောက်ကို ယူနိုက်တက်တို့(၅)ပွဲအထိအနိုင်ရခဲ့ပြီး တစ်ပွဲသာ သရေကျထားပါတယ်။ ပွဲပန်းနေတဲ့ယူနိုက်တက်တို့(၃)မှတ်ရသွားဖို့ရှိပေမဲ့ ဂိုးတော့မပြတ်ပါဘူး။

နောက်ပိုင်းရလဒ်တွေကမောက်ကမဖြစ်နေတဲ့အာဆင်နယ်အသင်းနဲ့အသင်းကြီးတွေဆိုဒုက္ခလှလှပေးလေ့ရှိတဲ့ ဝုလ်အသင်းတို့ရဲ့ပွဲစဉ်ကတော့ အကြိတ်အနယ်ရှိလာမှာဖြစ်ပြီး၊ သရေကျသွားဖို့များနေသလို မထင်မှတ်ဘဲ ဝုလ်ကတောင်ကပ်ပြီး အနိုင်ရသွားနိုင်ပါတယ်။ အဆင့်(၁)နေရာကလီဗာပူးလ်နဲ့တန်းတက်ဗီလာတို့ရဲ့ပွဲစဉ်ကလေည်း မထင်မှတ်ဘဲ အကြိတ်အနယ်ရှိလာနိုင်ပြီး၊ နောက်ဆုံး(၂)ပွဲဆက်နိုင်ပွဲရထားပေမဲ့ အသင်းကြီးတွေနဲ့တွေ့ရင် ဗီလာဟာ ရေမြွေပါပဲ။ လီဗာပူးလ်အနိုင်နဲ့ဂိုးအများကိုရွေးတာ လက်တွေ့ကျပါလိမ့်မယ်။

တစ်ပတ်အတွင်းဒုတိယမြောက်အဖြစ် မန်စီးတီးနဲ့ဆောက်သမ်တန်တွေ့ပြန်ပါပြီ။ ပူပူနွေးနွေးတွေ့ဆုံထားမှုမှာလည်း မန်စီးတီးအ(၃)ဂိုး(၁)ဂိုးနဲ့အနိုင်ရထားပါတယ်။ ဒီပွဲက ဆောက်သမ်တန်ကို အရှက်ခွဲမယ့် နောက်ထပ်တစ်ပွဲလို့ဆိုရမှာပါ။ မန်စီးတီးရဲ့ဂိုးတွေကိုရေတွက်ဖို့ ဂဏန်းပေါင်းစက်အကူအညီယူရမယ်ထင်တယ်။

ပရီးမီးယားလိဂ်နောက်ဆုံး(၄)ပွဲဆက်အနိုင်ရထားတဲ့ ချဲလ်ဆီးနဲ့ ဇယားအောက်ဆုံးက ဝက်ဖို့တို့တွေ့ဆုံမှုကတော့ ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ တန်းဆင်းဇုန်ရုန်းအားနဲ့အိမ်ကွင်းမှာ တိုက်စစ်ဖွင့်လာမယ့် ဝက်ဖို့ကို ချဲလ်ဆီးတို့ ဂိုးပြန်ပေးရဖို့ရှိလို့ နှစ်သင်းပေါင်း ဂိုးအများနဲ့ ချဲလ်ဆီးအနိုင်ကိုရွေးထားတာပဲ အဆင်ပြေပါလိမ့်မယ်။

လူညိုချော@SportsGabar