ဗီလာနဲ႔ပြဲကိုဆာလက္ဝင္ကန္ႏိုင္၊မကန္ႏိုင္ေျပာခဲ့တဲ့နည္းျပကေလာ့

လီဗာပူးလ္အသင္းရဲ႕အဓိကတိုက္စစ္မွဴး မိုဟာမက္ဆာလက္ကေတာ့ စိတ္ပ်က္စရာ ဒဏ္ရာျပႆနာတစ္ခုနဲ႔ၾကံဳေတြ႔ေနရပါတယ္။ အဲဒီ့ဒဏ္ရာေၾကာင့္ပဲ ဆာလက္ဟာ အသင္းနဲ႔အတူ ေလ့က်င့္ခန္းမဆင္းႏိုင္ခဲ့တာၾကာျပီျဖစ္ပါတယ္။

ဒါ့အျပင္ ၾကားရက္မွာ အာဆင္နယ္အသင္းနဲ႔ ကစားခဲ့တဲ့ ကာရာဘာအိုဖလားပြဲကိုလည္း လြဲေခ်ာ္ခဲ့ပါေသးတယ္။ ဆာလက္ဟာ စပါးအသင္းကိုအႏိုင္ရတဲ့ပြဲမွာ စိုးရိမ္ရတဲ့ ေျခခ်င္းဝတ္ဒဏ္ရာကိုရခဲ့တာျဖစ္ေပမဲ့ နည္းျပၾကီးယာကင္ကေလာ့ကေတာ့ သူ႔ရဲ႕ကစားသမားဟာ ဗီလာနဲ႔ပြဲမွာ ျပန္လည္ပါဝင္ႏိုင္မယ္လို႔ ယံုၾကည္ေနဆဲျဖစ္ပါတယ္။ ျပီးေတာ့ ကမာၻတစ္ဝွမ္းလံုးက ဆာလက္ရဲ႕ပရိသတ္ေတြကို စိတ္သက္သာရာရေစမယ့္ စကားကိုေျပာခဲ့ပါတယ္။ ကေလာ့က-

” အသင္းရဲ႕ ေသာၾကာေန႔ ေလ့က်င့္ခန္းအစီအစဥ္မွာ ဆာလက္ပါဝင္လာပါလိမ့္မယ္၊ ဒဏ္ရာဆိုတာကေတာ့ အနည္းနဲ႔အမ်ားေတာ့ၾကံဳရမွာပဲ၊ သူ႔အတြက္အလြန္စိတ္ပ်က္စရာေကာင္းမွာျဖစ္ေပမဲ့ ဒါကို သူကိုင္တြယ္ေျဖရွင္းရမယ္ ” ” ဒဏ္ရာက ထင္သေလာက္ေတာ့မဆိုးရြားလွပါဘူး၊ ဒါေၾကာင့္ သူအဆင္ေျပမွာပါ “လို႔ ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ ကေလာ့က ဒဏ္ရာျပႆနာအနည္းငယ္ရွိေနတဲ့ ေနာက္ခံလူဗန္ဒိုက္လည္း ဗီလာနဲ႔ပြဲမွာ ျပန္လည္ပါဝင္လာမယ္လို႔ထပ္ေလာင္းေျပာၾကားခဲ့ျပီး၊ ဗဟိုတိုက္စစ္မွဴး ဖာမီႏိုကိုေတာ့ အနားေပးသြားမွာျဖစ္လို႔ ပါႏိုင္ဖို႔ မေသခ်ာဘူးလို႔ အသိေပးသြားခဲ့ပါတယ္။

ဒီကေန႔ညမွာ ယွဥ္ျပိဳင္ရမယ့္ ဗီလာနဲ႔ပြဲစဥ္ဟာ လီဗာပူးလ္အတြက္ အေရးၾကီးေနျပီး အေဝးကြင္းပြဲစဥ္လည္းျဖစ္ေနလို႔ မန္စီးတီးကို ဆက္လက္အမွတ္ျဖတ္ထားႏိုင္ေရးအတြက္ သတိၾကီးၾကီးထား ကစားဖို႔ေတာ့လိုေနပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ဗီလာနဲ့ပွဲကိုဆာလက်ဝင်ကန်နိုင်၊မကန်နိုင်ပြောခဲ့တဲ့နည်းပြကလော့

လီဗာပူးလ်အသင်းရဲ့အဓိကတိုက်စစ်မှူး မိုဟာမက်ဆာလက်ကတော့ စိတ်ပျက်စရာ ဒဏ်ရာပြဿနာတစ်ခုနဲ့ကြုံတွေ့နေရပါတယ်။ အဲဒီ့ဒဏ်ရာကြောင့်ပဲ ဆာလက်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့တာကြာပြီဖြစ်ပါတယ်။

ဒါ့အပြင် ကြားရက်မှာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘာအိုဖလားပွဲကိုလည်း လွဲချော်ခဲ့ပါသေးတယ်။ ဆာလက်ဟာ စပါးအသင်းကိုအနိုင်ရတဲ့ပွဲမှာ စိုးရိမ်ရတဲ့ ခြေချင်းဝတ်ဒဏ်ရာကိုရခဲ့တာဖြစ်ပေမဲ့ နည်းပြကြီးယာကင်ကလော့ကတော့ သူ့ရဲ့ကစားသမားဟာ ဗီလာနဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်မယ်လို့ ယုံကြည်နေဆဲဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာတစ်ဝှမ်းလုံးက ဆာလက်ရဲ့ပရိသတ်တွေကို စိတ်သက်သာရာရစေမယ့် စကားကိုပြောခဲ့ပါတယ်။ ကလော့က-

” အသင်းရဲ့ သောကြာနေ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဆာလက်ပါဝင်လာပါလိမ့်မယ်၊ ဒဏ်ရာဆိုတာကတော့ အနည်းနဲ့အများတော့ကြုံရမှာပဲ၊ သူ့အတွက်အလွန်စိတ်ပျက်စရာကောင်းမှာဖြစ်ပေမဲ့ ဒါကို သူကိုင်တွယ်ဖြေရှင်းရမယ် ” ” ဒဏ်ရာက ထင်သလောက်တော့မဆိုးရွားလှပါဘူး၊ ဒါကြောင့် သူအဆင်ပြေမှာပါ “လို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ကလော့က ဒဏ်ရာပြဿနာအနည်းငယ်ရှိနေတဲ့ နောက်ခံလူဗန်ဒိုက်လည်း ဗီလာနဲ့ပွဲမှာ ပြန်လည်ပါဝင်လာမယ်လို့ထပ်လောင်းပြောကြားခဲ့ပြီး၊ ဗဟိုတိုက်စစ်မှူး ဖာမီနိုကိုတော့ အနားပေးသွားမှာဖြစ်လို့ ပါနိုင်ဖို့ မသေချာဘူးလို့ အသိပေးသွားခဲ့ပါတယ်။

ဒီကနေ့ညမှာ ယှဉ်ပြိုင်ရမယ့် ဗီလာနဲ့ပွဲစဉ်ဟာ လီဗာပူးလ်အတွက် အရေးကြီးနေပြီး အဝေးကွင်းပွဲစဉ်လည်းဖြစ်နေလို့ မန်စီးတီးကို ဆက်လက်အမှတ်ဖြတ်ထားနိုင်ရေးအတွက် သတိကြီးကြီးထား ကစားဖို့တော့လိုနေပါတယ်။

လူညိုချော@SportsGabar