အာဆင္နယ္ကိုေမာ္ရင္ဟိုနည္းျပေတာ့မွာလား???

အဂၤလိပ္ထိပ္သီးအသင္း(၃)သင္းမွာ အဓိကဆုဖလားေတြရယူႏိုင္တဲ့ ပထမဆံုးနည္းျပျဖစ္လာဖို႔ ရည္ရြယ္ထားတယ္လို႔ ေမာ္ရင္ဟိုကထုတ္ေျပာခဲ့ျပီးေနာက္ ဒီေပၚတူဂီသားဟာ ပရီးမီးယားလိဂ္ရပ္ဝန္းဆီ ျပန္လာခ်င္ေနတယ္ဆိုတာ ထင္ရွားခဲ့ပါတယ္။

ျပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက မန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးကေန အထုတ္ခံခဲ့ရျပီးေနာက္ ေမာ္ရင္ဟိုဟာ ဘယ္အသင္းကိုမွ ကိုင္တြယ္ထားျခင္းမရွိေသးဘဲ အသင္းလက္မဲ့ျဖစ္ေနပါတယ္။ သူ႔ကို အာဆင္နယ္ရဲ႕လန္ဒန္ျမိဳ႕ခံျပိဳင္ဘက္ စပါးအသင္းက လက္ရွိနည္းျပ ပိုခ်က္တီႏိုထြက္ခြာသြားခဲ့ရင္ အစားထိုးဖို႔ခ်ိတ္ဆက္ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါေသးတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ အာဆင္နယ္အသင္းရဲ႕ရလဒ္ပိုင္း မတည္ျငိမ္မႈေတြနဲ႔အတူ အမ္မရီရဲ႕အနာဂါတ္ကလည္း မေရမရာျဖစ္ေနပါတယ္။

အာစင္ဝင္းဂါးထြက္သြားျပီး အစားဝင္လာတဲ့ နည္းျပ အူႏိုင္းအမ္မရီဟာ ျပီးခဲ့တဲ့ရာသီက အာဆင္နယ္အသင္းကို ယူရိုပါလိဂ္ဗုိလ္လုပြဲအထိေရာက္ေအာင္ စြမ္းေဆာင္ေပးထားခဲ့ေပမဲ့ ပရီးမီးယားလိဂ္မွာ အဆင့္(၄)ျပင္ပေရာက္ခဲ့လို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ေတာ့ ေဝးခဲ့ရပါတယ္။ ယခုမွာလည္း အာဆင္နယ္ဟာ ရာသီအစကေလာက္ ေျခစြမ္းျပသႏိုင္ျခင္းမရွိဘဲ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ဆိုးရြားလွတဲ့ကစားပံုနဲ႔အတူ ရလဒ္ပိုင္းေတြက်ဆင္းေနပါတယ္။

ဒါ့အျပင္ အသင္းေခါင္းေဆာင္ ဇာခါအပါအဝင္ အာဆင္နယ္ကစားသမားေတြျဖစ္တဲ့ လာကာဇက္၊ အူဘာမီယန္ တို႔ရဲ႕စည္းလံုးညီညြတ္မႈနဲ႔ စိတ္ဓါတ္ပိုင္းကလည္း ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။ ဒီလိုအႏုတ္လကၡဏာျပေနတဲ့ အေျခအေနေတြအတြက္ နည္းျပအူႏိုင္းအမ္မရီအေပၚ ေဝဖန္မႈေတြ စုျပံဳက်ေရာက္ေနခဲ့ျပီး၊ နည္းျပထိုင္ခံုလႈပ္ေနခ်ိန္မွာ အဂၤလန္ကို ျပန္လာခ်င္တယ္လို႔ အတိအလင္းထုတ္ေျပာထားတဲ့ ေမာ္ရင္ဟိုက နည္းျပသစ္ျဖစ္လာဖို႔ ေရပန္းစားလာခဲ့ျခင္းျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ ပရီးမီးယားလိဂ္အေတြ႔အၾကံဳေျပာစရာမလိုတဲ့ နည္းျပတစ္ဦးျဖစ္တဲ့အျပင္၊ သူနည္းျပတဲ့အသင္းကို မလာခ်င္တဲ့ ကစားသမားကလည္းခပ္ရွားရွားဆိုေတာ့ အာဆင္နယ္ဘုတ္အဖြဲ႔အေနနဲ႔ ဒီဘုဂလန္႔လူ႔ဂြစာၾကီးကို နည္းျပခန္႔ဖို႔ ႏွစ္ခါျပန္စဥ္းစားေနမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ အာဆင္နယ္သာ လက္ရွိျပႆနာေတြကေန ရုန္းမထြက္ႏိုင္ခဲ့ဘူးဆိုရင္ ေမာ္ရင္ဟို မီးစိမ္းတစ္ခ်က္ျပလိုက္တာနဲ႔ နည္းျပအမ္မရီလည္း ေဂ်ာင္းရဖို႔မ်ားေနပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

အာဆင်နယ်ကိုမော်ရင်ဟိုနည်းပြတော့မှာလား???

အင်္ဂလိပ်ထိပ်သီးအသင်း(၃)သင်းမှာ အဓိကဆုဖလားတွေရယူနိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ မော်ရင်ဟိုကထုတ်ပြောခဲ့ပြီးနောက် ဒီပေါ်တူဂီသားဟာ ပရီးမီးယားလိဂ်ရပ်ဝန်းဆီ ပြန်လာချင်နေတယ်ဆိုတာ ထင်ရှားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကနေ အထုတ်ခံခဲ့ရပြီးနောက် မော်ရင်ဟိုဟာ ဘယ်အသင်းကိုမှ ကိုင်တွယ်ထားခြင်းမရှိသေးဘဲ အသင်းလက်မဲ့ဖြစ်နေပါတယ်။ သူ့ကို အာဆင်နယ်ရဲ့လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းက လက်ရှိနည်းပြ ပိုချက်တီနိုထွက်ခွာသွားခဲ့ရင် အစားထိုးဖို့ချိတ်ဆက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အာဆင်နယ်အသင်းရဲ့ရလဒ်ပိုင်း မတည်ငြိမ်မှုတွေနဲ့အတူ အမ်မရီရဲ့အနာဂါတ်ကလည်း မရေမရာဖြစ်နေပါတယ်။

အာစင်ဝင်းဂါးထွက်သွားပြီး အစားဝင်လာတဲ့ နည်းပြ အူနိုင်းအမ်မရီဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲအထိရောက်အောင် စွမ်းဆောင်ပေးထားခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ အဆင့်(၄)ပြင်ပရောက်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တော့ ဝေးခဲ့ရပါတယ်။ ယခုမှာလည်း အာဆင်နယ်ဟာ ရာသီအစကလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ နောက်ပိုင်းပွဲစဉ်တွေမှာ ဆိုးရွားလှတဲ့ကစားပုံနဲ့အတူ ရလဒ်ပိုင်းတွေကျဆင်းနေပါတယ်။

ဒါ့အပြင် အသင်းခေါင်းဆောင် ဇာခါအပါအဝင် အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ လာကာဇက်၊ အူဘာမီယန် တို့ရဲ့စည်းလုံးညီညွတ်မှုနဲ့ စိတ်ဓါတ်ပိုင်းကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒီလိုအနုတ်လက္ခဏာပြနေတဲ့ အခြေအနေတွေအတွက် နည်းပြအူနိုင်းအမ်မရီအပေါ် ဝေဖန်မှုတွေ စုပြုံကျရောက်နေခဲ့ပြီး၊ နည်းပြထိုင်ခုံလှုပ်နေချိန်မှာ အင်္ဂလန်ကို ပြန်လာချင်တယ်လို့ အတိအလင်းထုတ်ပြောထားတဲ့ မော်ရင်ဟိုက နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားလာခဲ့ခြင်းဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်အတွေ့အကြုံပြောစရာမလိုတဲ့ နည်းပြတစ်ဦးဖြစ်တဲ့အပြင်၊ သူနည်းပြတဲ့အသင်းကို မလာချင်တဲ့ ကစားသမားကလည်းခပ်ရှားရှားဆိုတော့ အာဆင်နယ်ဘုတ်အဖွဲ့အနေနဲ့ ဒီဘုဂလန့်လူ့ဂွစာကြီးကို နည်းပြခန့်ဖို့ နှစ်ခါပြန်စဉ်းစားနေမှာမဟုတ်ပါဘူး။ ဒါကြောင့် အာဆင်နယ်သာ လက်ရှိပြဿနာတွေကနေ ရုန်းမထွက်နိုင်ခဲ့ဘူးဆိုရင် မော်ရင်ဟို မီးစိမ်းတစ်ချက်ပြလိုက်တာနဲ့ နည်းပြအမ်မရီလည်း ဂျောင်းရဖို့များနေပါတယ်။

လူညိုချော@SportsGabar