ေဂ်ာ္ကာလိုဝတ္ဆင္ျပီးေဟာ္လိုဝင္းပြဲေတာ္ကိုဆင္ႏႊဲခဲ့တဲ့ေရာ္နယ္ဒို

ရုပ္တည္ၾကီးနဲ႔ေနာက္တက္ေျပာင္တက္တဲ့ ကမာၻေက်ာ္ေဘာလံုးသမားေတြထဲမွာ ေပၚတူဂီစူပါစတားေရာ္နယ္ဒိုလည္းတစ္ဦးအပါအဝင္ျဖစ္ျပီး၊ သူ႔ရဲ႕ေအာင္ျမင္မႈ အရွိန္အဝါနဲ႔ မထင္မွတ္ရေလာက္ေအာင္ကို ရုပ္ေျပာင္လြန္းတဲ့သူျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ပရိသတ္ေတြရဲ႕အားေပးမႈအေပၚမွာ ေႏြးေထြးၾကင္နာစြာ တုန္႕ျပန္တက္သလို၊ ဘယ္သူမွ မထင္မွတ္ထားတဲ့ပံုစံနဲ႔လည္း လူေတြကို အံ့ၾသဝမ္းသာသြားေအာင္ မၾကာခဏဆိုသလို ျပဳလုပ္ေလ့ရွိသူပါ။ ေဟာ္လိုဝင္းဆိုတာကေတာ့ ျမင္တာနဲ႔ ေသြးပ်က္ေလာက္စရာ မိတ္ကပ္ျပင္ဆင္ျခယ္သမႈေတြနဲ႔အတူ ေၾကာက္မယ္ဖြယ္ဝတ္စံုေတြကိုဆင္ျမန္းျပီး လူမ်ိဳးေပါင္းစံု ပါဝင္ဆင္ႏႊဲၾကတဲ့ ကမာၻေက်ာ္ပြဲေတာ္တစ္ခုပဲျဖစ္ပါတယ္။

မေန႔ကက်ရာက္ခဲ့တဲ့ ေဟာ္လိုဝင္းေန႔မွာေတာ့ အထူးျပဳလုပ္ထားတဲ့ ေဂ်ာ္ကာဝတ္စံုဝတ္ဆင္ျပီး ေတြ႔သမွ်လူေတြကို လိုက္လံေနာက္ေျပာင္ေနတဲ့ လူတစ္ေယာက္ ရွိပါတယ္။ သူကေတာ့ လက္ရွိဂ်ဴဗင္တပ္အသင္းမွာ ကစားေနတဲ့ ေဘာလြန္းဒီေအာ္ဆု(၅)ၾကိမ္ရေဘာလံုးသမားၾကီး ေရာ္နယ္ဒိုပဲျဖစ္ပါတယ္။ ေပၚတူဂီစူပါစတားဟာ ေဂ်ာ္ကာလူပုေလးတစ္ေယာက္က ခက္ထန္တဲ့ေဂ်ာ္ကာတစ္ေကာင္ကို ထမ္းထားတဲ့ပံုစံအထူးျပဳလုပ္ထားတဲ့ ဝတ္စံုကို ဝတ္ဆင္ခဲ့တာျဖစ္ပါတယ္။

ဒီဝတ္စံုနဲ႔ လမ္းမေတြထက္မွာ ေလွ်ာက္သြားျပီး လူေတြကို လိုက္လံ စေနာက္ေနခဲ့ေပမဲ့ ေရာ္နယ္ဒိုမွန္းေတာ့ ဘယ္သူမွ မရိပ္မိခဲ့ၾကပါဘူး။ ဒါ့အျပင္ သူ႔ရဲ႕ဂ်ဴဗင္တပ္အသင္းေဖာ္ေတြကိုလည္း လိုက္လံ ေနာက္ေျပာင္ခဲ့ေပမဲ့ ဘယ္သူမွသူ႔ကို သတိမထားမိဘဲ ဂိုးသမားဆက္ဇီနီတစ္ေယာက္ကေတာ့ အနည္းငယ္ရိပ္မိပံုရျပီး ေရာ္နယ္ဒိုကို ေသခ်ာအကဲခတ္ေနတာကို ေတြ႔ျမင္ခဲ့ရပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ဂျော်ကာလိုဝတ်ဆင်ပြီးဟော်လိုဝင်းပွဲတော်ကိုဆင်နွှဲခဲ့တဲ့ရော်နယ်ဒို

ရုပ်တည်ကြီးနဲ့နောက်တက်ပြောင်တက်တဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေထဲမှာ ပေါ်တူဂီစူပါစတားရော်နယ်ဒိုလည်းတစ်ဦးအပါအဝင်ဖြစ်ပြီး၊ သူ့ရဲ့အောင်မြင်မှု အရှိန်အဝါနဲ့ မထင်မှတ်ရလောက်အောင်ကို ရုပ်ပြောင်လွန်းတဲ့သူဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပရိသတ်တွေရဲ့အားပေးမှုအပေါ်မှာ နွေးထွေးကြင်နာစွာ တုန့်ပြန်တက်သလို၊ ဘယ်သူမှ မထင်မှတ်ထားတဲ့ပုံစံနဲ့လည်း လူတွေကို အံ့သြဝမ်းသာသွားအောင် မကြာခဏဆိုသလို ပြုလုပ်လေ့ရှိသူပါ။ ဟော်လိုဝင်းဆိုတာကတော့ မြင်တာနဲ့ သွေးပျက်လောက်စရာ မိတ်ကပ်ပြင်ဆင်ခြယ်သမှုတွေနဲ့အတူ ကြောက်မယ်ဖွယ်ဝတ်စုံတွေကိုဆင်မြန်းပြီး လူမျိုးပေါင်းစုံ ပါဝင်ဆင်နွှဲကြတဲ့ ကမ္ဘာကျော်ပွဲတော်တစ်ခုပဲဖြစ်ပါတယ်။

မနေ့ကကျရာက်ခဲ့တဲ့ ဟော်လိုဝင်းနေ့မှာတော့ အထူးပြုလုပ်ထားတဲ့ ဂျော်ကာဝတ်စုံဝတ်ဆင်ပြီး တွေ့သမျှလူတွေကို လိုက်လံနောက်ပြောင်နေတဲ့ လူတစ်ယောက် ရှိပါတယ်။ သူကတော့ လက်ရှိဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ ဘောလွန်းဒီအော်ဆု(၅)ကြိမ်ရဘောလုံးသမားကြီး ရော်နယ်ဒိုပဲဖြစ်ပါတယ်။ ပေါ်တူဂီစူပါစတားဟာ ဂျော်ကာလူပုလေးတစ်ယောက်က ခက်ထန်တဲ့ဂျော်ကာတစ်ကောင်ကို ထမ်းထားတဲ့ပုံစံအထူးပြုလုပ်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒီဝတ်စုံနဲ့ လမ်းမတွေထက်မှာ လျှောက်သွားပြီး လူတွေကို လိုက်လံ စနောက်နေခဲ့ပေမဲ့ ရော်နယ်ဒိုမှန်းတော့ ဘယ်သူမှ မရိပ်မိခဲ့ကြပါဘူး။ ဒါ့အပြင် သူ့ရဲ့ဂျူဗင်တပ်အသင်းဖော်တွေကိုလည်း လိုက်လံ နောက်ပြောင်ခဲ့ပေမဲ့ ဘယ်သူမှသူ့ကို သတိမထားမိဘဲ ဂိုးသမားဆက်ဇီနီတစ်ယောက်ကတော့ အနည်းငယ်ရိပ်မိပုံရပြီး ရော်နယ်ဒိုကို သေချာအကဲခတ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။

လူညိုချော@SportsGabar