လန္ဒန္ကလပ္ေတြတပ္ဆုတ္ခဲ့ရတဲ့ကာရာဘာအိုဖလားညခ်မ္း

ျပီးခဲ့တဲ့ညက ကစားခဲ့တဲ့ ကာရာဘာအိုဖလား ရံႈးထြက္အဆင့္ပြဲစဥ္ေတြမွာေတာ့ မန္ယူႏိုက္တက္အသင္းနဲ႔လီဗာပူးလ္အသင္းတို႔ဟာ သူတို႔ရဲ႕ထိပ္သီးျပိဳင္ဘက္အသင္းေတြကို အသီးသီးအႏိုင္ရခဲ့ျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္သြားခဲ့ပါတယ္။

ပထမပြဲစဥ္ျဖစ္တဲ့ လီဗာပူးလ္နဲ႔အာဆင္နယ္အသင္းတို႔ရဲ႕ပြဲကေတာ့ ေတာ္ေတာ္ေလးကို အၾကိတ္အနယ္ရွိခဲ့ျပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔အတူ ႏွစ္သင္းေပါင္း(၁၀)ဂိုးအထိသြင္းယူခဲ့ၾကပါတယ္။ ႏွစ္သင္းစလံုးဟာ လူငယ္အမ်ားစုနဲ႔ပြဲထြက္လာခဲ့လို႔လည္း အခုေလာက္အထိ ထိန္းမႏိုင္ သိမ္းမရ သြင္းဂိုးေတြ အမ်ားအျပားေတြ႕ျမင္ခဲ့ရတာျဖစ္ျပီး၊ ပြဲခ်ိန္အတြင္း တစ္ဖက္(၅)ဂိုးစီသေရက်ေနခဲ့လို႔ ပင္နယ္တီအဆံုးအျဖတ္ခံယူခဲ့ရပါတယ္။

ပင္နယ္တီမွာလည္း ႏွစ္သင္းစလံုးဟာ ကန္သြင္းခ်က္အေတာ္မ်ားမ်ားဂိုးဝင္ခဲ့ၾကျပီး၊ အာဆင္နယ္က တစ္ဂိုးလြဲေခ်ာ္သြားခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ပြဲစဥ္မွောေတာ့ ႏွစ္သင္းစလံုးမွာ အဓိက ကစားသမားေတာ္ေတာ္မ်ားမ်ားပါဝင္လာခဲ့ျပီး၊ အၾကိတ္အနယ္ရွိကာ ၾကည့္ေကာင္းခဲ့ပါတယ္။ အဖြင့္ဂိုးကို ေတာက္ေလ်ာက္တိုက္စစ္ဆင္ကစားေနတဲ့ ယူႏိုက္တက္တို႔က ပင္နယ္တီကတစ္ဆင့္ရရွိသြားခဲ့ျပီး၊ ရက္ဖို႔က အမွားအယြင္းမရွိကန္သြင္းရယူသြားခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုးတစ္ဂိုးျပန္လည္ရရွိသြားျပီး ဒီဂိုးကိုေတာ့ ဘက္ရႈယာယီက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဆြဲေျပးကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။ ေခ်ပဂိုးရျပီးေနာက္ တုိက္စစ္ျမွင့္လာတဲ့ ခ်ဲလ္ဆီးတို႔ဟာ ဂိုးသြင္းခြင့္အခ်ိဳ႕ရရွိခဲ့ေပမဲ့ အဆံုးသတ္ မေသခ်ာခဲ့လို႔ ဂိုးကံေခေနခဲ့ပါတယ္။ ပြဲခ်ိန္(၇၁)မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ျပစ္ဒဏ္ေဘာရရွိခဲ့ျပီး၊ ဒီျပစ္ဒဏ္ေဘာကို ရက္ဖို႔က တိုက္ရိုက္ကန္သြင္းသြားခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ အႏိုင္ဂိုးရရွိသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔ကေတာ့ ပရီးမီးယားလိဂ္အရံႈးကို အိမ္ကြင္းပရိသတ္ေ့ရွေမွာက္မွာ ကလဲ့စားေခ်ျပဖို႔ ၾကိဳးစားခဲ့ေပမဲ့ အရာမထင္ခဲ့ဘဲ ယူႏိုက္တက္အေပၚ ေနာက္ထပ္အေၾကြးတစ္ခုထပ္တင္သြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

လန်ဒန်ကလပ်တွေတပ်ဆုတ်ခဲ့ရတဲ့ကာရာဘာအိုဖလားညချမ်း

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ကာရာဘာအိုဖလား ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာတော့ မန်ယူနိုက်တက်အသင်းနဲ့လီဗာပူးလ်အသင်းတို့ဟာ သူတို့ရဲ့ထိပ်သီးပြိုင်ဘက်အသင်းတွေကို အသီးသီးအနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ပထမပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်နဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲကတော့ တော်တော်လေးကို အကြိတ်အနယ်ရှိခဲ့ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ နှစ်သင်းပေါင်း(၁၀)ဂိုးအထိသွင်းယူခဲ့ကြပါတယ်။ နှစ်သင်းစလုံးဟာ လူငယ်အများစုနဲ့ပွဲထွက်လာခဲ့လို့လည်း အခုလောက်အထိ ထိန်းမနိုင် သိမ်းမရ သွင်းဂိုးတွေ အများအပြားတွေ့မြင်ခဲ့ရတာဖြစ်ပြီး၊ ပွဲချိန်အတွင်း တစ်ဖက်(၅)ဂိုးစီသရေကျနေခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

ပင်နယ်တီမှာလည်း နှစ်သင်းစလုံးဟာ ကန်သွင်းချက်အတော်များများဂိုးဝင်ခဲ့ကြပြီး၊ အာဆင်နယ်က တစ်ဂိုးလွဲချော်သွားခဲ့တာကြောင့် လီဗာပူးလ်တို့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှောတော့ နှစ်သင်းစလုံးမှာ အဓိက ကစားသမားတော်တော်များများပါဝင်လာခဲ့ပြီး၊ အကြိတ်အနယ်ရှိကာ ကြည့်ကောင်းခဲ့ပါတယ်။ အဖွင့်ဂိုးကို တောက်လျောက်တိုက်စစ်ဆင်ကစားနေတဲ့ ယူနိုက်တက်တို့က ပင်နယ်တီကတစ်ဆင့်ရရှိသွားခဲ့ပြီး၊ ရက်ဖို့က အမှားအယွင်းမရှိကန်သွင်းရယူသွားခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ချေပဂိုးတစ်ဂိုးပြန်လည်ရရှိသွားပြီး ဒီဂိုးကိုတော့ ဘက်ရှုယာယီက တစ်ကိုယ်တော်အစွမ်းနဲ့ ဆွဲပြေးကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ ချေပဂိုးရပြီးနောက် တိုက်စစ်မြှင့်လာတဲ့ ချဲလ်ဆီးတို့ဟာ ဂိုးသွင်းခွင့်အချို့ရရှိခဲ့ပေမဲ့ အဆုံးသတ် မသေချာခဲ့လို့ ဂိုးကံခေနေခဲ့ပါတယ်။ ပွဲချိန်(၇၁)မိနစ်မှာတော့ ယူနိုက်တက်တို့ ပြစ်ဒဏ်ဘောရရှိခဲ့ပြီး၊ ဒီပြစ်ဒဏ်ဘောကို ရက်ဖို့က တိုက်ရိုက်ကန်သွင်းသွားခဲ့တာကြောင့် ယူနိုက်တက်တို့ အနိုင်ဂိုးရရှိသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့ကတော့ ပရီးမီးယားလိဂ်အရှုံးကို အိမ်ကွင်းပရိသတ်ေ့ရှမှောက်မှာ ကလဲ့စားချေပြဖို့ ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့ဘဲ ယူနိုက်တက်အပေါ် နောက်ထပ်အကြွေးတစ်ခုထပ်တင်သွားခဲ့ပါတယ်။

လူညိုချော@SportsGabar