ခ်ဲလ္ဆီးနဲ႔မန္ယူႏိုက္တက္တို႔ေတြ႔မယ့္ကာရာဘာအိုဖလားပြဲၾကိဳသံုးသပ္ခ်က္

ကာရာဘာအိုဖလားျပိဳင္ပြဲရဲ႕ေနာက္ထပ္ စိတ္ဝင္စားစရာ ပြဲစဥ္တစ္ပြဲကေတာ့ မန္ယူႏိုက္တက္နဲ႔ခ်ဲလ္ဆီးတို႔ စတန္းဖို႔ဘရစ္မွာ ထိပ္တိုက္ေတြ႔ေနတဲ့ပြဲပဲျဖစ္ပါတယ္။

ေနာက္ဆံုးကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ ႏွစ္သင္းစလံုးဟာ အေဝးကြင္းမွာ ဂိုးျပတ္ႏိုင္ပဲေတြအသီးသီးရယူထားခဲ့ၾကျပီး၊ ခ်ဲလ္ဆီးက ဘန္ေလကို (၄)ဂိုး (၂)ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္သလို၊ ယူႏိုက္တက္ကလည္း ေနာ္ဝွစ္ကို(၃)ဂိုး(၁)ဂိုးနဲ႔အႏိုင္ရကာ ပထမဆံုးပရီးမီးယားလိဂ္ဂိုး(၂၀၀၀)ျပည့္တဲ့အသင္းအျဖစ္ မွတ္တမ္းတင္ထားႏိုင္ပါတယ္။ ပရီးမီးယားလိဂ္မွာ ဒီႏွစ္သင္းထိပ္တိုက္ေတြ႔စဥ္ကေတာ့ ယူႏိုက္တက္က ခ်ဲလ္ဆီးကို (၄)ဂိုးျပတ္အႏိုင္ယူထားပါတယ္။

ျပိဳင္ပြဲစံုေနာက္ဆံုးထိပ္တိုက္ေတြ႕တဲ့ (၆)ၾကိမ္မွာလည္း ယူႏိုက္တက္ဟာ ခ်ဲလ္ဆီးကို (၃)ၾကိမ္အႏိုင္ရထားျပီး၊ (၂)ပြဲသေရက်ကာ၊ (၁)ပြဲသာရံႈးနိမ့္ထားပါတယ္။ ဒါေၾကာင့္ အစဥ္အလာအရ ယူႏိုက္တက္အ အသာစီးရေနတာေတာ့အမွန္ပါ။ ဒါေပမဲ့လည္း လူငယ္ေတြရဲ႕အားနဲ႔ ျဖည္းျဖည္းမွန္မွန္ခ်ီတက္ေနတဲ့ ခ်ဲလ္ဆီးအေနနဲ႔အိမ္ကြင္းမွာ ယူႏိုက္တက္ကို ကလဲ့စားေခ်ဖို႔ ဆႏၵျပင္းျပေနမွာျဖစ္ျပီး အႏိုင္ရဖို႔အားထုတ္လာမွာ ေျမၾကီးလက္ခက္မလြဲပါပဲ။

ခ်ဲလ္ဆီးမွာ အားထားရတဲ့ကြင္းလယ္လူ ကန္တီနဲ႔ေလာ့ဖ္တက္ခ်ိတို႔ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာျဖစ္သလို၊ ခရစ္တီယန္ဆန္နဲ႔ဘာကေလတို႔လည္း ပါဝင္ဖို႔ မေသခ်ာတဲ့အေနအထားမွာရွိေနပါတယ္။ ယူႏိုက္တက္မွာလည္း အဓိကကြင္းလယ္လူ ေပါ့ဘာ၊ မာတစ္၊ လုခ္ေရွာ၊ ဘိုင္လီတို႔ ဒဏ္ရာေၾကာင့္ ေသခ်ာေပါက္လြဲေခ်ာ္ဖို႔ရွိျပီး၊ လူငယ္အမ်ားစုနဲ႔ပဲပြဲထြက္လာမွာပါ။ ဘန္ေလနဲ႔ပြဲမွာ (၃)ဂိုးသြင္းႏိုင္ခဲ့တဲ့ ပူလီဆစ္က လမ္းပတ္ရဲ႕ လက္နက္ျဖစ္လာႏိုင္သလို၊ နလန္ထမာရွယ္နဲ႔ဒံုးပ်ံရက္ဖို႔တိုက္စစ္အတြဲဟာလည္း ဆိုးလ္ရွားရဲ႕ဓါးသြားေတြျဖစ္လာပါလိမ့္မယ္။

ပရီးမီးယားလိဂ္နဲ႔ခ်န္ပီယံလိဂ္စစ္မ်က္ႏွေတြမွာ လူစံုတက္စံု တိုက္ပြဲဝင္ေနရတဲ့ ခ်ဲလ္ဆီးတို႔ ဒီပြဲကို ခ်င့္ခ်င့္ခ်ိန္ခ်ိန္ ယွဥ္ျပိဳင္လာရဖို႔ရွိျပီး၊ ဒီအခ်က္ကပဲ ခ်ဲလ္ဆီးအေနနဲ႔ ယူႏိုက္တက္ကိုအသာမရႏိုင္တဲ့ အေၾကာင္းအရင္းျဖစ္လာမွာပါ။ မိနစ္(၉၀)အတြင္း ယူႏိုက္တက္က ကပ္ျပီးအႏိုင္ရသြားဖို႔ရွိေပမဲ့ ပင္နယ္တီအထိေရာက္ခဲ့ရင္ေတာ့ ေနာ္ဝွစ္နဲ႔ပြဲမွာ ပင္နယ္တီ(၂)လံုးလြဲေခ်ာ္ထားတဲ့ ယူႏိုက္တက္အသင္းထက္ အိမ္ရွင္တို႔က ပိုမိုအခြင့္သာေနပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ချဲလ်ဆီးနဲ့မန်ယူနိုက်တက်တို့တွေ့မယ့်ကာရာဘာအိုဖလားပွဲကြိုသုံးသပ်ချက်

ကာရာဘာအိုဖလားပြိုင်ပွဲရဲ့နောက်ထပ် စိတ်ဝင်စားစရာ ပွဲစဉ်တစ်ပွဲကတော့ မန်ယူနိုက်တက်နဲ့ချဲလ်ဆီးတို့ စတန်းဖို့ဘရစ်မှာ ထိပ်တိုက်တွေ့နေတဲ့ပွဲပဲဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ နှစ်သင်းစလုံးဟာ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပဲတွေအသီးသီးရယူထားခဲ့ကြပြီး၊ ချဲလ်ဆီးက ဘန်လေကို (၄)ဂိုး (၂)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်သလို၊ ယူနိုက်တက်ကလည်း နော်ဝှစ်ကို(၃)ဂိုး(၁)ဂိုးနဲ့အနိုင်ရကာ ပထမဆုံးပရီးမီးယားလိဂ်ဂိုး(၂၀၀၀)ပြည့်တဲ့အသင်းအဖြစ် မှတ်တမ်းတင်ထားနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဒီနှစ်သင်းထိပ်တိုက်တွေ့စဉ်ကတော့ ယူနိုက်တက်က ချဲလ်ဆီးကို (၄)ဂိုးပြတ်အနိုင်ယူထားပါတယ်။

ပြိုင်ပွဲစုံနောက်ဆုံးထိပ်တိုက်တွေ့တဲ့ (၆)ကြိမ်မှာလည်း ယူနိုက်တက်ဟာ ချဲလ်ဆီးကို (၃)ကြိမ်အနိုင်ရထားပြီး၊ (၂)ပွဲသရေကျကာ၊ (၁)ပွဲသာရှုံးနိမ့်ထားပါတယ်။ ဒါကြောင့် အစဉ်အလာအရ ယူနိုက်တက်အ အသာစီးရနေတာတော့အမှန်ပါ။ ဒါပေမဲ့လည်း လူငယ်တွေရဲ့အားနဲ့ ဖြည်းဖြည်းမှန်မှန်ချီတက်နေတဲ့ ချဲလ်ဆီးအနေနဲ့အိမ်ကွင်းမှာ ယူနိုက်တက်ကို ကလဲ့စားချေဖို့ ဆန္ဒပြင်းပြနေမှာဖြစ်ပြီး အနိုင်ရဖို့အားထုတ်လာမှာ မြေကြီးလက်ခက်မလွဲပါပဲ။

ချဲလ်ဆီးမှာ အားထားရတဲ့ကွင်းလယ်လူ ကန်တီနဲ့လော့ဖ်တက်ချိတို့ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်သလို၊ ခရစ်တီယန်ဆန်နဲ့ဘာကလေတို့လည်း ပါဝင်ဖို့ မသေချာတဲ့အနေအထားမှာရှိနေပါတယ်။ ယူနိုက်တက်မှာလည်း အဓိကကွင်းလယ်လူ ပေါ့ဘာ၊ မာတစ်၊ လုခ်ရှော၊ ဘိုင်လီတို့ ဒဏ်ရာကြောင့် သေချာပေါက်လွဲချော်ဖို့ရှိပြီး၊ လူငယ်အများစုနဲ့ပဲပွဲထွက်လာမှာပါ။ ဘန်လေနဲ့ပွဲမှာ (၃)ဂိုးသွင်းနိုင်ခဲ့တဲ့ ပူလီဆစ်က လမ်းပတ်ရဲ့ လက်နက်ဖြစ်လာနိုင်သလို၊ နလန်ထမာရှယ်နဲ့ဒုံးပျံရက်ဖို့တိုက်စစ်အတွဲဟာလည်း ဆိုးလ်ရှားရဲ့ဓါးသွားတွေဖြစ်လာပါလိမ့်မယ်။

ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်စစ်မျက်နှတွေမှာ လူစုံတက်စုံ တိုက်ပွဲဝင်နေရတဲ့ ချဲလ်ဆီးတို့ ဒီပွဲကို ချင့်ချင့်ချိန်ချိန် ယှဉ်ပြိုင်လာရဖို့ရှိပြီး၊ ဒီအချက်ကပဲ ချဲလ်ဆီးအနေနဲ့ ယူနိုက်တက်ကိုအသာမရနိုင်တဲ့ အကြောင်းအရင်းဖြစ်လာမှာပါ။ မိနစ်(၉၀)အတွင်း ယူနိုက်တက်က ကပ်ပြီးအနိုင်ရသွားဖို့ရှိပေမဲ့ ပင်နယ်တီအထိရောက်ခဲ့ရင်တော့ နော်ဝှစ်နဲ့ပွဲမှာ ပင်နယ်တီ(၂)လုံးလွဲချော်ထားတဲ့ ယူနိုက်တက်အသင်းထက် အိမ်ရှင်တို့က ပိုမိုအခွင့်သာနေပါတယ်။

လူညိုချော@SportsGabar