လီဗာပူးလ္၊အာဆင္နယ္ကာရာဘာအိုဖလားပြဲၾကိဳသံုးသပ္ခ်က္

ဒီေန႔ညမွာေတာ့ ကာရာဘာအိုဖလားပြဲစဥ္အျဖစ္ လီဗာပူးလ္နဲ႔အာဆင္နယ္တို႔ ယွဥ္ျပိဳင္ကစားၾကပါေတာ့မယ္။ အသင္းၾကီးႏွစ္သင္းထိပ္တိုက္ေတြ႔ဆံုၾကတာျဖစ္လို႔ ဂုဏ္သိကၡာအရ တစ္သင္းနဲ႔တစ္သင္း အညံ့ခံမွာမဟုတ္ဘဲ ပြဲေကာင္းတစ္ပြဲျဖစ္လာမွာေတာ့ေသခ်ာေနပါတယ္။

လီဗာပူးလ္က ေနာက္ဆံုးကစားခဲ့တဲ့ပြဲမွာ စပါးအသင္းကို အႏိုင္ရထားျပီး၊ အာဆင္နယ္ကေတာ့ ခရစ္စတယ္ပဲေလ့အသင္းနဲ႔(၂)ဂိုးစီသေရက်ထားပါတယ္။ ယခုႏွစ္ပရီးမီးယားလိဂ္မွာ ဒီႏွစ္သင္း ေနာက္ဆံုးထိပ္တိုက္ေတြ႔စဥ္ လီဗာပူးလ္က (၃)ဂိုး(၁)ဂိုးနဲ႔အႏိုင္ရထားတယ္။ ဒါ့အျပင္ အာဆင္နယ္ဟာ လီဗာပူးလ္နဲ႔ ေေတြ႕ခဲ့တဲ့နာက္ဆံုး(၆)ၾကိမ္မွာ တစ္ၾကိမ္မွ အႏိုင္ရခဲ့ျခင္းမရွိဘဲ အိမ္ကြင္း(၂)ပြဲသေရက်ခဲ့ကာ၊ အန္ဖီးလ္မွာကန္သမွ်ပြဲတိုင္းကို ရံႈးထားပါတယ္။

ဒါ့ေၾကာင့္ အစဥ္အလာအရေရာ လက္ရွိေျခစြမ္းအရပါ အိမ္ရွင္လီဗာပူးလ္က အျပတ္အသတ္သာလြန္ေနတယ္လို႔ ဆိုရမွာပါ။ လီဗာပူးလ္အသင္းမွာ စပါးနဲ႔ပြဲတုန္းက ဒဏ္ရာရရွိခဲ့တဲ့ ေနာက္ခံလူဗန္ဒိုက္နဲ႔ဆာလက္တို႔လြဲေခ်ာ္ဖြယ္ရွိေနသလို၊ အာဆင္နယ္အသင္းမွာလည္း ျပီးခဲ့တဲ့ ပဲေလ့နဲ႔ပြဲစဥ္မွာ ပရိသတ္ေတြနဲ႔ျပႆနာတက္ခဲ့တဲ့ ဇာခါ ပါဝင္လာဖို႔ မေသခ်ာတဲ့အေနအထားမွာရွိေနပါတယ္။ ဒီကစားသမားေတြကလြဲလို႔ က်န္တဲ့သူေတြအကုန္လံုးကေတာ့ ဒဏ္ရာရ ပြဲပယ္ ကင္းစင္ေနပါတယ္။

ဒါေပမဲ့လည္း ပရီးမီးယားလိဂ္မွာ အေရးၾကီးတဲ့ပြဲစဥ္ေတြကို ရင္ဆိုင္ရမယ့္အေနအထားမွာ လိဂ္ဖလားျပိဳင္ပြဲရဲ႕ရံႈးထြက္ပြဲစဥ္အေပၚ လီဗာပူုးလ္ေရာ အာဆင္နယ္ေရာ သူတို႔မွာရွိတဲ့ အေကာင္းဆံုးလူစာရင္းနဲ႔ ပြဲထြက္လာပါ့မလားဆိုတာေတာ့ စဥ္းစားစရာပါ။ အထူးသျဖင့္ လီဗာပူုးလ္အေနနဲ႔ ပရီးမီးယားလိဂ္မွာ မန္စီးတီးနဲ႔အမွတ္ကြာဟမႈ ဒီ့ထက္မေလ်ာ့က်သြားဖို႔ သတိထားေနရသလို ခ်န္ပီယံလိဂ္မွာလည္း ေနာက္တစ္ဆင့္အတြက္ ရုန္းကန္ရဦးမွာျဖစ္လို႔ လိဂ္ဖလားပြဲမွာ လူငယ္ေတြနဲ႔အရံေတြကိုပဲ ထုတ္သံုးလာဖြယ္ရွိပါတယ္။

ဒီအေျခအေနက အာဆင္နယ္အတြက္ အခြင့္အေရးျဖစ္လာႏိုင္ျပီး၊ နည္းျပအမ္မရီအေနနဲ႔ လီဗာပူးလ္ကို အႏိုင္ရဖို႔ ဘယ္လိုနည္းဗ်ဴဟာေတြ ျပင္ဆင္လာမလဲဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။ အခ်ဳပ္ဆိုရရင္ မိနစ္(၉၀)အတြင္း သေရက်သြားဖို႔မ်ားေနျပီး ပင္နယ္တီအဆံုးအျဖတ္အထိေရာက္ခဲ့ရင္ေတာ့ အာဆင္နယ္က အသာရသြားဖြယ္ရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

လီဗာပူးလ်၊အာဆင်နယ်ကာရာဘာအိုဖလားပွဲကြိုသုံးသပ်ချက်

ဒီနေ့ညမှာတော့ ကာရာဘာအိုဖလားပွဲစဉ်အဖြစ် လီဗာပူးလ်နဲ့အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားကြပါတော့မယ်။ အသင်းကြီးနှစ်သင်းထိပ်တိုက်တွေ့ဆုံကြတာဖြစ်လို့ ဂုဏ်သိက္ခာအရ တစ်သင်းနဲ့တစ်သင်း အညံ့ခံမှာမဟုတ်ဘဲ ပွဲကောင်းတစ်ပွဲဖြစ်လာမှာတော့သေချာနေပါတယ်။

လီဗာပူးလ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ စပါးအသင်းကို အနိုင်ရထားပြီး၊ အာဆင်နယ်ကတော့ ခရစ်စတယ်ပဲလေ့အသင်းနဲ့(၂)ဂိုးစီသရေကျထားပါတယ်။ ယခုနှစ်ပရီးမီးယားလိဂ်မှာ ဒီနှစ်သင်း နောက်ဆုံးထိပ်တိုက်တွေ့စဉ် လီဗာပူးလ်က (၃)ဂိုး(၁)ဂိုးနဲ့အနိုင်ရထားတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ လီဗာပူးလ်နဲ့ ေတွေ့ခဲ့တဲ့နာက်ဆုံး(၆)ကြိမ်မှာ တစ်ကြိမ်မှ အနိုင်ရခဲ့ခြင်းမရှိဘဲ အိမ်ကွင်း(၂)ပွဲသရေကျခဲ့ကာ၊ အန်ဖီးလ်မှာကန်သမျှပွဲတိုင်းကို ရှုံးထားပါတယ်။

ဒါ့ကြောင့် အစဉ်အလာအရရော လက်ရှိခြေစွမ်းအရပါ အိမ်ရှင်လီဗာပူးလ်က အပြတ်အသတ်သာလွန်နေတယ်လို့ ဆိုရမှာပါ။ လီဗာပူးလ်အသင်းမှာ စပါးနဲ့ပွဲတုန်းက ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူဗန်ဒိုက်နဲ့ဆာလက်တို့လွဲချော်ဖွယ်ရှိနေသလို၊ အာဆင်နယ်အသင်းမှာလည်း ပြီးခဲ့တဲ့ ပဲလေ့နဲ့ပွဲစဉ်မှာ ပရိသတ်တွေနဲ့ပြဿနာတက်ခဲ့တဲ့ ဇာခါ ပါဝင်လာဖို့ မသေချာတဲ့အနေအထားမှာရှိနေပါတယ်။ ဒီကစားသမားတွေကလွဲလို့ ကျန်တဲ့သူတွေအကုန်လုံးကတော့ ဒဏ်ရာရ ပွဲပယ် ကင်းစင်နေပါတယ်။

ဒါပေမဲ့လည်း ပရီးမီးယားလိဂ်မှာ အရေးကြီးတဲ့ပွဲစဉ်တွေကို ရင်ဆိုင်ရမယ့်အနေအထားမှာ လိဂ်ဖလားပြိုင်ပွဲရဲ့ရှုံးထွက်ပွဲစဉ်အပေါ် လီဗာပူုးလ်ရော အာဆင်နယ်ရော သူတို့မှာရှိတဲ့ အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာပါ့မလားဆိုတာတော့ စဉ်းစားစရာပါ။ အထူးသဖြင့် လီဗာပူုးလ်အနေနဲ့ ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့အမှတ်ကွာဟမှု ဒီ့ထက်မလျော့ကျသွားဖို့ သတိထားနေရသလို ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်အတွက် ရုန်းကန်ရဦးမှာဖြစ်လို့ လိဂ်ဖလားပွဲမှာ လူငယ်တွေနဲ့အရံတွေကိုပဲ ထုတ်သုံးလာဖွယ်ရှိပါတယ်။

ဒီအခြေအနေက အာဆင်နယ်အတွက် အခွင့်အရေးဖြစ်လာနိုင်ပြီး၊ နည်းပြအမ်မရီအနေနဲ့ လီဗာပူးလ်ကို အနိုင်ရဖို့ ဘယ်လိုနည်းဗျူဟာတွေ ပြင်ဆင်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ အချုပ်ဆိုရရင် မိနစ်(၉၀)အတွင်း သရေကျသွားဖို့များနေပြီး ပင်နယ်တီအဆုံးအဖြတ်အထိရောက်ခဲ့ရင်တော့ အာဆင်နယ်က အသာရသွားဖွယ်ရှိနေပါတယ်။

လူညိုချော@SportsGabar