အာဆင္နယ္ပရိသတ္ေတြနဲ႔ျပႆနာတက္ခဲ့တဲ့အသင္းေခါင္းေဆာင္ဇာခါ

အာဆင္နယ္အသင္းနဲ႔ခရစ္စတယ္ပဲေလ့အသင္းတို႔(၂)ဂိုးစီ သေရက်ခဲ့ၾကတဲ့ ပရိးမီးယားလိဂ္ပြဲစဥ္မွာ အာဆင္နယ္အသင္းေခါင္းေဆာင္ ဇာခါနဲ႔ အာဆင္နယ္ပရိသတ္ေတြ အျပန္အလွန္ဆဲဆိုမႈေတြျပဳလုပ္ခဲ့ၾကျတဲ့အထိ ျပႆနာတက္ခဲ့ပါတယ္။

ဇာခါဟာ သူ႔ကို ဘူကာရိုဆာကာ နဲ႔လူစားလဲတဲ့အခ်ိန္မွာ ေဒါသထြက္ေနခဲ့ျပီး၊ အာဆင္နယ္ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္မႈကိုပါ ခံခဲ့ရလို႔ ထိန္းခ်ဳပ္ႏိုင္စြမ္းကင္းမဲ့ခဲ့ကာ ပရိသတ္ေတြကို ေအာ္ဟစ္တုန္႔ျပန္ခဲ့တာပါ။ ကြင္းအတြင္းကထြက္ခြာတဲ့အခ်ိန္မွာလည္း တိုက္စစ္မွဴး လာကာဇက္ရဲ႕ႏႈတ္ဆက္မႈကို မ်က္ကြယ္ျပဳခဲ့သလို၊ ပြဲအျပီးမွာ လာကာဇက္ကလည္း ဇာခါကိုဆဲဆိုထားတဲ့ ပို႔စ္တစ္ခုကို လိုက္ခ္ လုပ္ခဲ့တာေၾကာင့္ သူတို႔ႏွစ္ဦးရဲ႕ဆက္ဆံေရးဟာလည္း အက္ေၾကာင္းေတြထင္လာခဲ့ျပီျဖစ္ပါတယ္။

ဒါ့အျပင္နည္းျပ အူႏိုင္းအမ္မရီရဲ႕ လက္ကမ္းႏႈတ္ဆက္မႈကိုလည္း ဇာခါက အေခ်မငံတုန္႔ျပန္ခဲ့ပါေသးတယ္။ ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ မိမိကိုယ္ကိုမထိန္းခ်ဳပ္ႏိုင္ခဲ့ဘဲ ဒီလိုအျပဳအမူမ်ိဳးကိုလုပ္ခဲ့တာက မွားယြင္းေၾကာင္းကိုလည္း အူႏိုင္းအမ္မရီက ေျပာပါတယ္။ အမ္မရီက-

” ဇာခါ မွားခဲ့တယ္လို႔ေျပာခ်င္ပါတယ္၊ ကြ်န္ေတာ္ သူနဲ႔အသင္းၾကား စကားေျပာဆိုေဆြးေႏြးမႈေတြျပဳလုပ္ရေတာ့မယ္၊ အဲတာျပီးရင္ေတာ့ သူ႔ကို အသင္းေခါင္းေဆာင္ရာထူး ဆက္ေပးသင့္ မေပးသင့္ဆံုးျဖတ္ခ်က္ခ်သြားမွာပါ၊ ကြ်န္ေတာ္တို႔ ေခါင္းေအးေအးထားဖို႔ေတာ့လိုပါတယ္ ”

“တစ္ခါတစ္ရံ ဖိအားေတြေအာက္မွာေရာက္ေနခ်ိန္ ကြ်န္ေတာ္တို႔ရဲ႕ႏွလံုးသားေတြဟာ ဆူပြတ္ေကာင္း ဆူပြတ္ေနႏိုင္ေပမဲ့ ကြ်န္ေတာ္တို႔ရဲ႕ ဦးေႏွာက္ကေတာ့ ဒါကို ထိန္းခ်ဳပ္ႏိုင္ဖို႔လိုအပ္ပါတယ္၊ ကြ်န္ေတာ္တို႔ဟာ ပရိသတ္ေတြအတြက္ ကစားေနၾကတယ္ဆိုတာ ေခါင္းထဲမွာ ထည့္ထားရပါမယ္၊ သူတို႔အားေပးသည္ျဖစ္ေစ၊ ေလွာင္ေျပာင္သည္ျဖစ္ေစ၊ ကြ်န္ေတာ္တို႔အေနနဲ႔ သူတို႔အေပၚ ေလးစားမႈရွိရမွာပါ၊ “လို႔ေျပာသြားခဲ့ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ အာဆင္နယ္နဲ႔ ဇာခါတို႔ရဲ႕ အကြဲအျပဲဇာတ္လမ္းေတြကို မၾကာခင္ေတြ႔ျမင္ရေတာ့မလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါျပီ။

လူညိဳေခ်ာ@SportsGabar

Unicode

အာဆင်နယ်ပရိသတ်တွေနဲ့ပြဿနာတက်ခဲ့တဲ့အသင်းခေါင်းဆောင်ဇာခါ

အာဆင်နယ်အသင်းနဲ့ခရစ်စတယ်ပဲလေ့အသင်းတို့(၂)ဂိုးစီ သရေကျခဲ့ကြတဲ့ ပရိးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းခေါင်းဆောင် ဇာခါနဲ့ အာဆင်နယ်ပရိသတ်တွေ အပြန်အလှန်ဆဲဆိုမှုတွေပြုလုပ်ခဲ့ကြတြဲ့အထိ ပြဿနာတက်ခဲ့ပါတယ်။

ဇာခါဟာ သူ့ကို ဘူကာရိုဆာကာ နဲ့လူစားလဲတဲ့အချိန်မှာ ဒေါသထွက်နေခဲ့ပြီး၊ အာဆင်နယ်ပရိသတ်တွေရဲ့လှောင်ပြောင်မှုကိုပါ ခံခဲ့ရလို့ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ခဲ့ကာ ပရိသတ်တွေကို အော်ဟစ်တုန့်ပြန်ခဲ့တာပါ။ ကွင်းအတွင်းကထွက်ခွာတဲ့အချိန်မှာလည်း တိုက်စစ်မှူး လာကာဇက်ရဲ့နှုတ်ဆက်မှုကို မျက်ကွယ်ပြုခဲ့သလို၊ ပွဲအပြီးမှာ လာကာဇက်ကလည်း ဇာခါကိုဆဲဆိုထားတဲ့ ပို့စ်တစ်ခုကို လိုက်ခ် လုပ်ခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာလည်း အက်ကြောင်းတွေထင်လာခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင်နည်းပြ အူနိုင်းအမ်မရီရဲ့ လက်ကမ်းနှုတ်ဆက်မှုကိုလည်း ဇာခါက အချေမငံတုန့်ပြန်ခဲ့ပါသေးတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ မိမိကိုယ်ကိုမထိန်းချုပ်နိုင်ခဲ့ဘဲ ဒီလိုအပြုအမူမျိုးကိုလုပ်ခဲ့တာက မှားယွင်းကြောင်းကိုလည်း အူနိုင်းအမ်မရီက ပြောပါတယ်။ အမ်မရီက-

” ဇာခါ မှားခဲ့တယ်လို့ပြောချင်ပါတယ်၊ ကျွန်တော် သူနဲ့အသင်းကြား စကားပြောဆိုဆွေးနွေးမှုတွေပြုလုပ်ရတော့မယ်၊ အဲတာပြီးရင်တော့ သူ့ကို အသင်းခေါင်းဆောင်ရာထူး ဆက်ပေးသင့် မပေးသင့်ဆုံးဖြတ်ချက်ချသွားမှာပါ၊ ကျွန်တော်တို့ ခေါင်းအေးအေးထားဖို့တော့လိုပါတယ် ”

“တစ်ခါတစ်ရံ ဖိအားတွေအောက်မှာရောက်နေချိန် ကျွန်တော်တို့ရဲ့နှလုံးသားတွေဟာ ဆူပွတ်ကောင်း ဆူပွတ်နေနိုင်ပေမဲ့ ကျွန်တော်တို့ရဲ့ ဦးနှောက်ကတော့ ဒါကို ထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်၊ ကျွန်တော်တို့ဟာ ပရိသတ်တွေအတွက် ကစားနေကြတယ်ဆိုတာ ခေါင်းထဲမှာ ထည့်ထားရပါမယ်၊ သူတို့အားပေးသည်ဖြစ်စေ၊ လှောင်ပြောင်သည်ဖြစ်စေ၊ ကျွန်တော်တို့အနေနဲ့ သူတို့အပေါ် လေးစားမှုရှိရမှာပါ၊ “လို့ပြောသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အာဆင်နယ်နဲ့ ဇာခါတို့ရဲ့ အကွဲအပြဲဇာတ်လမ်းတွေကို မကြာခင်တွေ့မြင်ရတော့မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။

လူညိုချော@SportsGabar