အေဝးကြင္းႏိုင္ပြဲျပန္ရွာေတြ႔မႈနဲ႔အတူပရီးမီးယားလိဂ္ဂိုး(၂၀၀၀)ျပည့္သြားတဲ့ယူႏိုက္တက္

မေန႔ညက ယွဥ္ျပိဳင္ကစားခဲ့ၾကတဲ့ မန္ယူႏိုက္တက္နဲ႔ေနာ္ဝွစ္အသင္းတို႔ရဲ႕ပရီးမီးယားလိဂ္ပြဲစဥ္(၁၀)မွာ ဧည့္သည္ယူႏိုက္တက္အသင္းက (၃)ဂိုး(၁)ဂိုးနဲ႔အႏိုင္ရရွိခဲ့ျပီး သူတို႔ရဲ႕ပေ်ာက္ဆံုးေနတာၾကာျပီျဖစ္တဲ့ အေဝးကြင္းႏိုင္ပြဲတစ္ပြဲကို ျပန္ရွာေတြ႔သြားခဲ့ပါတယ္။

ယူႏိုက္တက္အတြက္ အဖြင့္ဂိုးကိုေတာ့ ပြဲခ်ိန္(၂၁)မိနစ္မွာ ကြင္းလယ္ကစားသမား စေကာ့မက္တိုမီေနးက သြင္းယူေပးခဲ့ျပီး၊ ဒီဂိုးေၾကာင့္ပဲ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ဂိုး(၂၀၀၀)ျပည့္တဲ့ ပထမဆံုးအသင္းျဖစ္လာခဲ့ပါတယ္။ ပြဲခ်ိန္မိနစ္(၃၀)မွာေတာ့ ဒန္နီရယ္ဂ်ိမ္းရဲ႕တိက်ေသသပ္တဲ့ ေပးပို႔မႈကို တိုက္စစ္မွဴးမားကပ္ရက္ဖို႔က သူ႔ရဲ႕လ်င္ျမန္တဲ့ ေျပးႏႈန္း၊ ပါးနပ္တဲ့ အဆံုးသတ္မႈနဲ႔အတူ ဂိုးအျဖစ္ေျပာင္းလဲေပးခဲ့ပါတယ္။

ဒုတိယပိုင္း(၇၃)မိနစ္မွာ ယူႏိုက္တက္တို႔ တတိယေျမာက္ဦးေဆာင္ဂိုးရရွိခဲ့ျပီး၊ မာရွယ္နဲ႔ရက္ဖို႔တို႔ရဲ႕လွပတဲ့ တြဲလံုးကေနတစ္ဆင့္ မာရွယ္က ဂိုးသမားကိုအသာအယာေက်ာ္ျပီး ကန္သြင္းရယူသြားခဲ့တာျဖစ္ပါတယ္။ အဲဒီ့ေနာက္ အေျခအေနမဟန္ေတာ့မွန္း သိသြားတဲ့ ေနာ္ဝွစ္တို႔ဟာ ဂိုးရဖို႔ ေဖာင္ဖ်က္ကစားလာခဲ့ျပီး၊ ပြဲျပီးဖို႔ (၂)မိနစ္ခန္႔သာလိုေတာ့ခ်ိန္မွာ ယူႏိုက္တက္ကြင္းလယ္လူ တိုမီေနးရဲ႕အမွားကို အမိအရ အသံုးခ်ကာ ႏွစ္သိမ့္ဂိုး တစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

မန္စီးတီးအသင္းကို(၃)ဂိုး(၂)ဂိုးနဲ႔အႏိုင္ရျပီးကတည္းက အိမ္ကြင္းႏိုင္ပြဲေပ်ာက္ဆံုးေနတဲ့ ေနာ္ဝွစ္တို႔ ဒီေန႔မွာလည္း ကံမေကာင္းခဲ့ပဲ အေဝးကြင္းႏိုင္ပြဲလာရွာတဲ့ ယူႏိုက္တက္ကို ပါရမီျဖည့္ေပးခဲ့ပါတယ္။ ပြဲခ်ိန္အတြင္း ယူႏိုက္တက္ရရွိခဲ့တဲ့ ပင္နယ္တီ(၂)လံုးစလံုးကို စြမ္းစြမ္းတမံ ကာကြယ္ေပးႏိုင္ခဲ့တဲ့ ေနာ္ဝွစ္ဂိုးသမားအတြက္လည္း ခဲေလသမွ် သဲေရက်ခဲ့ရတဲ့ပြဲလို႔ဆိုရမွာပါ။

ဒီႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္တို႔ဟာ အဆင့္(၇)ေနရာအထိ ခုန္တက္ႏိုင္ခဲ့ျပီး၊ အဆင့္(၄)ေနရာက ခ်ဲလ္ဆီးနဲ႔(၇)မွတ္ကြာ အေနအထားကို ျပန္ေရာက္လာခဲ့ပါတယ္။ ေနာ္ဝွစ္ကေတာ့ ေဆာင္သမ္တန္၊ ဝက္ဖို႔တို႔နဲ႔အတူ တန္းဆင္းဇုန္ထဲမွာ ဆက္လက္ရုန္းကန္သြားရေတာ့မွာျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

အဝေးကွင်းနိုင်ပွဲပြန်ရှာတွေ့မှုနဲ့အတူပရီးမီးယားလိဂ်ဂိုး(၂၀၀၀)ပြည့်သွားတဲ့ယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ယူနိုက်တက်နဲ့နော်ဝှစ်အသင်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)မှာ ဧည့်သည်ယူနိုက်တက်အသင်းက (၃)ဂိုး(၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး သူတို့ရဲ့ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ အဝေးကွင်းနိုင်ပွဲတစ်ပွဲကို ပြန်ရှာတွေ့သွားခဲ့ပါတယ်။

ယူနိုက်တက်အတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန်(၂၁)မိနစ်မှာ ကွင်းလယ်ကစားသမား စကော့မက်တိုမီနေးက သွင်းယူပေးခဲ့ပြီး၊ ဒီဂိုးကြောင့်ပဲ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဂိုး(၂၀၀၀)ပြည့်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ ပွဲချိန်မိနစ်(၃၀)မှာတော့ ဒန်နီရယ်ဂျိမ်းရဲ့တိကျသေသပ်တဲ့ ပေးပို့မှုကို တိုက်စစ်မှူးမားကပ်ရက်ဖို့က သူ့ရဲ့လျင်မြန်တဲ့ ပြေးနှုန်း၊ ပါးနပ်တဲ့ အဆုံးသတ်မှုနဲ့အတူ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။

ဒုတိယပိုင်း(၇၃)မိနစ်မှာ ယူနိုက်တက်တို့ တတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပြီး၊ မာရှယ်နဲ့ရက်ဖို့တို့ရဲ့လှပတဲ့ တွဲလုံးကနေတစ်ဆင့် မာရှယ်က ဂိုးသမားကိုအသာအယာကျော်ပြီး ကန်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။ အဲဒီ့နောက် အခြေအနေမဟန်တော့မှန်း သိသွားတဲ့ နော်ဝှစ်တို့ဟာ ဂိုးရဖို့ ဖောင်ဖျက်ကစားလာခဲ့ပြီး၊ ပွဲပြီးဖို့ (၂)မိနစ်ခန့်သာလိုတော့ချိန်မှာ ယူနိုက်တက်ကွင်းလယ်လူ တိုမီနေးရဲ့အမှားကို အမိအရ အသုံးချကာ နှစ်သိမ့်ဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းကို(၃)ဂိုး(၂)ဂိုးနဲ့အနိုင်ရပြီးကတည်းက အိမ်ကွင်းနိုင်ပွဲပျောက်ဆုံးနေတဲ့ နော်ဝှစ်တို့ ဒီနေ့မှာလည်း ကံမကောင်းခဲ့ပဲ အဝေးကွင်းနိုင်ပွဲလာရှာတဲ့ ယူနိုက်တက်ကို ပါရမီဖြည့်ပေးခဲ့ပါတယ်။ ပွဲချိန်အတွင်း ယူနိုက်တက်ရရှိခဲ့တဲ့ ပင်နယ်တီ(၂)လုံးစလုံးကို စွမ်းစွမ်းတမံ ကာကွယ်ပေးနိုင်ခဲ့တဲ့ နော်ဝှစ်ဂိုးသမားအတွက်လည်း ခဲလေသမျှ သဲရေကျခဲ့ရတဲ့ပွဲလို့ဆိုရမှာပါ။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ဟာ အဆင့်(၇)နေရာအထိ ခုန်တက်နိုင်ခဲ့ပြီး၊ အဆင့်(၄)နေရာက ချဲလ်ဆီးနဲ့(၇)မှတ်ကွာ အနေအထားကို ပြန်ရောက်လာခဲ့ပါတယ်။ နော်ဝှစ်ကတော့ ဆောင်သမ်တန်၊ ဝက်ဖို့တို့နဲ့အတူ တန်းဆင်းဇုန်ထဲမှာ ဆက်လက်ရုန်းကန်သွားရတော့မှာဖြစ်ပါတယ်။

လူညိုချော@SportsGabar