လီဗာပူးလ္ကိုစကားစစ္ထိုးလိုက္တဲ့ဟယ္ရီကိန္း

ဒီကေန႔ညမွာေတာ့ ေဘာလံုးပရိသတ္ေတြအတြက္ ပရီးမီးယားလိဂ္ရဲ႕ပြဲၾကီးပြဲေကာင္းတစ္ပြဲျဖစ္တဲ့ လီဗာပူးလ္နဲ႔စပါးအသင္းတို႔ထိပ္တိုက္ေတြ႔မယ့္ပြဲက ေစာင့္ၾကိဳလို႔ေနပါတယ္။

ဒီႏွစ္သင္းဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာေတြ႔ဆံုခဲ့ၾကဖူးျပီး လီဗာပူးလ္ကစပါးကိုအႏိုင္ယူကာ ခ်န္ပီယံဆုရယူထားပါတယ္။ လီဗာပူးလ္ဟာ ျပီးခဲ့တဲ့ အပတ္က ယူႏိုက္တက္နဲ႔အေတြ႔မွာ ပရီးမီးယားလိဂ္ႏိုင္ပြဲဆက္မႈရပ္တန္႔သြားခဲ့ေပမဲ့ ရံႈးပြဲေတာ့မရွိေသးပါဘူး။ စပါးတိုက္စစ္မွဴးဟယ္ရီကိန္းကေတာ့ ခ်န္ပီယံလိဂ္မွာ သူတို႔ကိုငိုေၾကြးေစခဲ့တဲ့ ၾကိဳးၾကာနီေတြကို ကလဲ့စားေခ်ဖို႔ စိတ္အားထက္သန္ေနပါတယ္။

ျပီးေတာ့ လီဗာပူးလ္ကိုပထမဆံုးရံႈးပြဲေတြ႔သြားေအာင္ လုပ္ပစ္ဖို႔ မျဖစ္ႏိုင္စရာအေၾကာင္းမရွိဘူးလို႔လည္း ကိန္းကယံုၾကည္ေနပါတယ္။ ကိန္းက-

” ဗန္ဒိုက္က ၾကီးက်ယ္တဲ့ခံစစ္မွဴးတစ္ေယာက္ပါ၊ ျပီးခဲ့တဲ့(၂)ႏွစ္လံုးမွာ သူဟာ အံ့အားသင့္စရာေအာင္ျမင္မႈေတြရယူခဲ့တဲ့သူပါ၊ ဒါေပမဲ့ သူလည္း ျပီးျပည့္စံုတဲ့ခံစစ္သမားတစ္ေယာက္ေတာ့မဟုတ္ပါဘူး၊ လီဗာပူးလ္အသင္းကလည္း အဲ့လိုပါပဲ၊ ကြ်န္ေတာ္တို႔ ကိုယ္တိုင္အာရံုစူးစိုက္ဖို႔ပဲလိုတာပါ ” ” ကြ်န္ေတာ္တို႔ ဘယ္အသင္းကိုမဆို ဘယ္ေန႔မွာမဆို အခ်ိန္မေရြး အႏိုင္ယူႏိုင္ပါတယ္၊ အန္ဖီးလ္မွာ အဲလိုစြမ္းေဆာင္ႏိုင္ေအာင္ ၾကိဳးစားသြားမွာပါ ”

ဆက္လက္ျပီး ေဘာလံုးဆိုတာ တစ္ဦးေကာင္းကစားရတာမဟုတ္ဘဲ အသင္းလိုက္ညီညြတ္စြာကစားဖို႔ အေရးၾကီးေၾကာင္းကိုလည္း ကိန္းက-

” တိုက္စစ္မွဴးတစ္ေယာက္အေနနဲ႔ တစ္ေယာက္ခ်င္းအေျခအေနတင္မကဘဲ အားလံုးနဲ႔ထိပ္တိုက္ေတြ႔ရမွာပါ၊ ကြ်န္ေတာ္ကေတာ့ ကြ်န္ေတာ့္အလုပ္ ကြ်န္ေတာ္လုပ္သြားမွာပါ၊ ေျပးမယ္လႊားမယ္၊ ေနရာလြတ္ေတြရွာမယ္၊ ဂိုးသြင္းႏိုင္ဖို႔ၾကိဳးစားမယ္၊ ဒီလိုမွမဟုတ္ရင္လည္း အသင္းေဖာ္ေတြအတြက္ ဂိုးဖန္တီးႏိုင္ဖို႔ အားထုတ္မယ္၊ ” ” ေဘာလံုးဟာ အသင္းအဖြဲ႔နဲ႔ကစားရတဲ့ ဂိမ္းတစ္ခုျဖစ္ျပီး၊ ကြ်န္ေတာ္တို႔ ေသြးစည္းညီညြတ္ဖို႔လိုတယ္၊ ဒါက ကြ်န္ေတာ္တို႔ရဲ႕အဓိကရည္မွန္းခ်က္ပါပဲ “လို႔ ေျပာသြားပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

လီဗာပူးလ်ကိုစကားစစ်ထိုးလိုက်တဲ့ဟယ်ရီကိန်း

ဒီကနေ့ညမှာတော့ ဘောလုံးပရိသတ်တွေအတွက် ပရီးမီးယားလိဂ်ရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့စပါးအသင်းတို့ထိပ်တိုက်တွေ့မယ့်ပွဲက စောင့်ကြိုလို့နေပါတယ်။

ဒီနှစ်သင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတွေ့ဆုံခဲ့ကြဖူးပြီး လီဗာပူးလ်ကစပါးကိုအနိုင်ယူကာ ချန်ပီယံဆုရယူထားပါတယ်။ လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ အပတ်က ယူနိုက်တက်နဲ့အတွေ့မှာ ပရီးမီးယားလိဂ်နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့ပေမဲ့ ရှုံးပွဲတော့မရှိသေးပါဘူး။ စပါးတိုက်စစ်မှူးဟယ်ရီကိန်းကတော့ ချန်ပီယံလိဂ်မှာ သူတို့ကိုငိုကြွေးစေခဲ့တဲ့ ကြိုးကြာနီတွေကို ကလဲ့စားချေဖို့ စိတ်အားထက်သန်နေပါတယ်။

ပြီးတော့ လီဗာပူးလ်ကိုပထမဆုံးရှုံးပွဲတွေ့သွားအောင် လုပ်ပစ်ဖို့ မဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့လည်း ကိန်းကယုံကြည်နေပါတယ်။ ကိန်းက-

” ဗန်ဒိုက်က ကြီးကျယ်တဲ့ခံစစ်မှူးတစ်ယောက်ပါ၊ ပြီးခဲ့တဲ့(၂)နှစ်လုံးမှာ သူဟာ အံ့အားသင့်စရာအောင်မြင်မှုတွေရယူခဲ့တဲ့သူပါ၊ ဒါပေမဲ့ သူလည်း ပြီးပြည့်စုံတဲ့ခံစစ်သမားတစ်ယောက်တော့မဟုတ်ပါဘူး၊ လီဗာပူးလ်အသင်းကလည်း အဲ့လိုပါပဲ၊ ကျွန်တော်တို့ ကိုယ်တိုင်အာရုံစူးစိုက်ဖို့ပဲလိုတာပါ ” ” ကျွန်တော်တို့ ဘယ်အသင်းကိုမဆို ဘယ်နေ့မှာမဆို အချိန်မရွေး အနိုင်ယူနိုင်ပါတယ်၊ အန်ဖီးလ်မှာ အဲလိုစွမ်းဆောင်နိုင်အောင် ကြိုးစားသွားမှာပါ ”

ဆက်လက်ပြီး ဘောလုံးဆိုတာ တစ်ဦးကောင်းကစားရတာမဟုတ်ဘဲ အသင်းလိုက်ညီညွတ်စွာကစားဖို့ အရေးကြီးကြောင်းကိုလည်း ကိန်းက-

” တိုက်စစ်မှူးတစ်ယောက်အနေနဲ့ တစ်ယောက်ချင်းအခြေအနေတင်မကဘဲ အားလုံးနဲ့ထိပ်တိုက်တွေ့ရမှာပါ၊ ကျွန်တော်ကတော့ ကျွန်တော့်အလုပ် ကျွန်တော်လုပ်သွားမှာပါ၊ ပြေးမယ်လွှားမယ်၊ နေရာလွတ်တွေရှာမယ်၊ ဂိုးသွင်းနိုင်ဖို့ကြိုးစားမယ်၊ ဒီလိုမှမဟုတ်ရင်လည်း အသင်းဖော်တွေအတွက် ဂိုးဖန်တီးနိုင်ဖို့ အားထုတ်မယ်၊ ” ” ဘောလုံးဟာ အသင်းအဖွဲ့နဲ့ကစားရတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး၊ ကျွန်တော်တို့ သွေးစည်းညီညွတ်ဖို့လိုတယ်၊ ဒါက ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ပါပဲ “လို့ ပြောသွားပါတယ်။

လူညိုချော@SportsGabar