လီဗာပူးလ္ကစားသမားႏွစ္ေယာက္ကသူမထံစာပို႔ျပီးၾကဴခဲ့ေၾကာင္းရုရွားေမာ္ဒယ္လ္ဖြင့္ဟ

လီဗာပူးလ္နဲ႔စပါးတို႔ရဲ႕ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ပြဲကစားခ်ိန္အတြင္း ကြင္းထဲကိုအလန္းစားဖက္ရွင္ဝတ္ျပီး ေျပးဝင္လာခဲ့တဲ့ သိုင္းေလာကထဲက ေမာ္ဒယ္လ္မမကိုမွတ္မိၾကဦးမယ္ထင္ပါတယ္။

သူမရဲ႕နာမည္ကေတာ့ ကင္စီဝိုလန္စကီလို႔ေခၚျပီး၊ သူမဟာ သူမရဲ႕ရည္းစားပိုင္ ဝက္ဆိုက္တစ္ခုကို လူေတြသတိထားမိေစဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ တစ္ကမာၻလံုးက ေစာင့္ၾကည့္ေနတဲ့ ကြင္းၾကီးထဲကို မေၾကာက္မရြံ႕ေျပးဝင္လာခဲ့တာပါ။ အခ်စ္အတြက္နဲ႔ အဲသလို ရဲရင့္ခဲ့တဲ့ဒီရုရွားေမာ္ဒယ္လ္ရဲ႕ အသက္က(၂၃)ႏွစ္သာရွိပါေသးတယ္။

ဒီျဖစ္ရပ္ျဖစ္ပြားျပီးတဲ့ေနာက္ သူမကိုယ္တိုင္လည္း ကမာၻေက်ာ္ဆယ္လီတစ္ေယာက္ျဖစ္သြားခဲ့သလို အရင္က ပရိသတ္(၃)သိန္းသာရွိတဲ့ သူမရဲ႕အင္စတာဂရမ္မွာလည္း အခုဆိုရင္ ပရိသတ္(၃)သန္းအထိတိုးလာခဲ့ျပီး ဒီပရိသတ္ေတြရဲ႕ဝန္းရံမႈနဲ႔အတူ သူမရဲ႕ပို႔စ္တိုင္းဟာ ပြဲေစ်းတမွ်ေဝဆာေနပါေတာ့တယ္။ အခုတစ္ခါလည္း ဝိုလန္စကီဟာ လူအမ်ားအာရံုစိုက္မႈကို ရရွိေစမယ့္ ကိစၥတစ္ခုကို ဖြင့္ခ်လိုက္ျပန္ပါျပီ။ ဝိုလန္စကီဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျပီးမွာ လီဗာပူးလ္ကစားသမားႏွစ္ေယာက္က သူမထံကိုစာပို႔ျပီး ရိသဲ့သဲ့လုပ္ခဲ့တယ္လို႔ဆိုပါတယ္။ ဝိုလန္စကီက-

” နာမည္ေတြကိုေတာ့ ထုတ္မေျပာခ်င္ပါဘူး၊ ဗိုလ္လုပြဲအျပီးမွာ လီဗာပူးလ္ကစားသမားႏွစ္ေယာက္ ကြ်န္မဆီကို သီးသန္႔စာတိုလွမ္းပို႔ျပီး အီစီကလီလုပ္ခဲ့ပါတယ္၊ တစ္ေယာက္က အသည္းပံုအီမိုဂ်ိေလးေတြပိုခဲ့ျပီး ေနာက္တစ္ေယာက္ကေတာ့’ ေဟ့ ငါမင္းကိုကြင္းထဲမွာ ေတြ႔လိုက္တယ္’ ဆိုျပီး စကားစခဲ့တာပါ ” လို႔ ဖြင့္ခ်သြားခဲ့ပါတယ္။

ကင္စီဝိုလန္စကီအေနနဲ႔ စာပို႔ခဲ့သူေတြဟာ ဘယ္သူဘယ္ဝါဆိုတာကို ထုတ္မေျပာခဲ့တာက ပိုမိုရႈပ္ေထြးသြားေစခဲ့ျပီး၊ လီဗာပူးလ္္တစ္သင္းလံုးကို သို႔ေလာ သို႔ေလာအထင္မွားေစခဲ့ပါတယ္။ ဒီလိုျဖစ္ေအာင္ သူမတမင္ရည္ရြယ္ျပီးေတာ့မ်ား ေျပာခဲ့ေလသလားဆိုတာ မေျပာတက္ေပမဲ့ သူမရဲ႕အင္စတာဂရမ္ထက္မွေောေတာ့ ပရိသတ္ဦးေရ ဒီ့ထက္ပိုျပီးတိုးပြားလာဖို႔ရွိတာ ေသခ်ာေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

လီဗာပူးလ်ကစားသမားနှစ်ယောက်ကသူမထံစာပို့ပြီးကြူခဲ့ကြောင်းရုရှားမော်ဒယ်လ်ဖွင့်ဟ

လီဗာပူးလ်နဲ့စပါးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပွဲကစားချိန်အတွင်း ကွင်းထဲကိုအလန်းစားဖက်ရှင်ဝတ်ပြီး ပြေးဝင်လာခဲ့တဲ့ သိုင်းလောကထဲက မော်ဒယ်လ်မမကိုမှတ်မိကြဦးမယ်ထင်ပါတယ်။

သူမရဲ့နာမည်ကတော့ ကင်စီဝိုလန်စကီလို့ခေါ်ပြီး၊ သူမဟာ သူမရဲ့ရည်းစားပိုင် ဝက်ဆိုက်တစ်ခုကို လူတွေသတိထားမိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ ကွင်းကြီးထဲကို မကြောက်မရွံ့ပြေးဝင်လာခဲ့တာပါ။ အချစ်အတွက်နဲ့ အဲသလို ရဲရင့်ခဲ့တဲ့ဒီရုရှားမော်ဒယ်လ်ရဲ့ အသက်က(၂၃)နှစ်သာရှိပါသေးတယ်။

ဒီဖြစ်ရပ်ဖြစ်ပွားပြီးတဲ့နောက် သူမကိုယ်တိုင်လည်း ကမ္ဘာကျော်ဆယ်လီတစ်ယောက်ဖြစ်သွားခဲ့သလို အရင်က ပရိသတ်(၃)သိန်းသာရှိတဲ့ သူမရဲ့အင်စတာဂရမ်မှာလည်း အခုဆိုရင် ပရိသတ်(၃)သန်းအထိတိုးလာခဲ့ပြီး ဒီပရိသတ်တွေရဲ့ဝန်းရံမှုနဲ့အတူ သူမရဲ့ပို့စ်တိုင်းဟာ ပွဲဈေးတမျှဝေဆာနေပါတော့တယ်။ အခုတစ်ခါလည်း ဝိုလန်စကီဟာ လူအများအာရုံစိုက်မှုကို ရရှိစေမယ့် ကိစ္စတစ်ခုကို ဖွင့်ချလိုက်ပြန်ပါပြီ။ ဝိုလန်စကီဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ လီဗာပူးလ်ကစားသမားနှစ်ယောက်က သူမထံကိုစာပို့ပြီး ရိသဲ့သဲ့လုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဝိုလန်စကီက-

” နာမည်တွေကိုတော့ ထုတ်မပြောချင်ပါဘူး၊ ဗိုလ်လုပွဲအပြီးမှာ လီဗာပူးလ်ကစားသမားနှစ်ယောက် ကျွန်မဆီကို သီးသန့်စာတိုလှမ်းပို့ပြီး အီစီကလီလုပ်ခဲ့ပါတယ်၊ တစ်ယောက်က အသည်းပုံအီမိုဂျိလေးတွေပိုခဲ့ပြီး နောက်တစ်ယောက်ကတော့’ ဟေ့ ငါမင်းကိုကွင်းထဲမှာ တွေ့လိုက်တယ်’ ဆိုပြီး စကားစခဲ့တာပါ ” လို့ ဖွင့်ချသွားခဲ့ပါတယ်။

ကင်စီဝိုလန်စကီအနေနဲ့ စာပို့ခဲ့သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို ထုတ်မပြောခဲ့တာက ပိုမိုရှုပ်ထွေးသွားစေခဲ့ပြီး၊ လီဗာပူးလ်တစ်သင်းလုံးကို သို့လော သို့လောအထင်မှားစေခဲ့ပါတယ်။ ဒီလိုဖြစ်အောင် သူမတမင်ရည်ရွယ်ပြီးတော့များ လုပ်ခဲ့လေသလားဆိုတာ မပြောတက်ပေမဲ့ သူမရဲ့အင်စတာဂရမ်ထက်မှေောတော့ ပရိသတ်ဦးရေ ဒီ့ထက်ပိုပြီးတိုးပွားလာဖို့ရှိတာ သေချာနေပါတယ်။

လူညိုချော@SportsGabar