ဟက္ထရစ္သြင္းျပီးေနာက္ဘာေပကိုေခၚယူဖို႔ဆႏၵပိုမိုျပင္းထန္လာတဲ့ရီးရဲလ္ဥကၠဌပီရက္ဇ္

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ဥကၠဌတျဖစ္လဲ အေျပာင္းအေရႊ႕ၾကိဳးကိုင္သူၾကီး ပီရက္ဇ္ဟာ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ ကလပ္ဘရုအသင္းဘက္ကို မိနစ္(၂၀)အတြင္း(၃)ဂိုးသြင္းျပီး ဟက္ထရစ္ရယူႏိုင္ခဲ့တဲ့ အမ္ဘာေပကို ေခၚယူဖို႔ စိတ္ဆႏၵပိုမိုျပင္းထန္လာတယ္လို႔ သိရပါတယ္။

ကမာၻဖလားခ်န္ပီယံ ဘာေပဟာ ပီအက္စ္ဂ်ီက ကလပ္ဘရုကို (၅)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ပြဲမွာ ဒုတိယပိုင္း(၆၁)မိနစ္နဲ႔(၈၃)မိနစ္ၾကား ဟက္ထရစ္သြင္းျပီး သူ႔ရဲ႕ရပ္တန္႔လို႔မရတဲ့ ေျခစြမ္းကိုဆက္လက္ျပသႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒီပြဲစဥ္ကို ပီရက္ဇ္လည္းၾကည့္ရႈခဲ့ျပီး ဘာေပရဲ႕ေျခစြမ္းကို သေဘာက်လ်က္ရွိကာ ဘာေနဗ်ဴးကိုေခၚယူဖို႔ ဖင္တၾကြၾကြျဖစ္ေနတယ္လို႔ အတြင္းသတင္းမ်ားကဆိုပါတယ္။

ရီးရဲလ္အေနနဲ႔လက္ရွိျပိဳင္ပြဲစံုမွာ ႏိုင္ပြဲရဖို႔ ရုန္းကန္ေနရသလို ေရာ္နယ္ဒိုမရွိေတာ့တဲ့ေနာက္ အားကိုးရေလာက္တဲ့ ကစားသမားရွားပါးေနမႈအေပၚ ပီရက္ဇ္က စိုးရိမ္လ်က္ရွိျပီး အနာဂတ္အတြက္ရည္ရြယ္ကာ ဘာေပကိုအလိုရွိေနတာပါ။ ပီရက္ဇ္ဟာ ဒီအေၾကာင္းေတြကို သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြဆီ စာတိုေတြေပးပို႔ျပီး ေျပာထားခဲ့တာလည္းျဖစ္ပါတယ္။ ဒီစာတိုေတြထဲမွာဆိုရင္ ပီရက္ဇ္က-

” ဘာေပရဲ႕ပြဲကို ခင္ဗ်ားတို႔ၾကည့္ျပီးၾကျပီလား၊ ဒုတိယပိုင္းမွာ ကလပ္ဘရုအသင္းဘက္ကို သူဟက္ထရစ္သြင္းခဲ့တယ္၊ ဒီအသင္းက ငါတို႔ကို ဘာေနဗ်ဴးမွာ တစ္မွတ္ပဲေပးခဲ့တဲ့အသင္း၊ အဲဒီ့အသင္းကိုသူ(၃)ဂိုးသြင္းခဲ့တာ၊ ငါတို႔ သူ႔ကိုသာေခၚႏိုင္ခဲ့မယ္ဆိုရင္ ရီးရဲလ္က အနည္းဆံုး(၁၀)ႏွစ္ေလာက္ ထိပ္တန္းအဆင့္မွာ ရပ္တည္ႏိုင္မွာေသခ်ာတယ္ “လို႔ ေျပာထားခဲ့ပါတယ္။

အသက္(၂၀)သာရွိေသးတဲ့ ဘာေပဟာ ေရာင္းခ်ဖို႔မဟုတ္ဘူးလို႔ ပီအက္စ္ဂ်ီအသင္းက ေၾကျငာေမာင္းခတ္ထားေပမဲ့လည္း ပီရက္ဇ္အေနနဲ႔ ပီအက္စ္ဂ်ီဥကၠဌနက္ဆာနဲ႔ရင္းႏွီးတဲ့ ဆက္ဆံေရးေကာင္းတစ္ခုရွိထားတာက ဘာေပအေျပာင္းအေရႊ႕အတြက္ အေရးပါတဲ့ အစိတ္အပိုင္းတစ္ရပ္ျဖစ္လာဖို႔ရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဟက်ထရစ်သွင်းပြီးနောက်ဘာပေကိုခေါ်ယူဖို့ဆန္ဒပိုမိုပြင်းထန်လာတဲ့ရီးရဲလ်ဥက္ကဌပီရက်ဇ်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဥက္ကဌတဖြစ်လဲ အပြောင်းအရွှေ့ကြိုးကိုင်သူကြီး ပီရက်ဇ်ဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ကလပ်ဘရုအသင်းဘက်ကို မိနစ်(၂၀)အတွင်း(၃)ဂိုးသွင်းပြီး ဟက်ထရစ်ရယူနိုင်ခဲ့တဲ့ အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဆန္ဒပိုမိုပြင်းထန်လာတယ်လို့ သိရပါတယ်။

ကမ္ဘာဖလားချန်ပီယံ ဘာပေဟာ ပီအက်စ်ဂျီက ကလပ်ဘရုကို (၅)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲမှာ ဒုတိယပိုင်း(၆၁)မိနစ်နဲ့(၈၃)မိနစ်ကြား ဟက်ထရစ်သွင်းပြီး သူ့ရဲ့ရပ်တန့်လို့မရတဲ့ ခြေစွမ်းကိုဆက်လက်ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲစဉ်ကို ပီရက်ဇ်လည်းကြည့်ရှုခဲ့ပြီး ဘာပေရဲ့ခြေစွမ်းကို သဘောကျလျက်ရှိကာ ဘာနေဗျူးကိုခေါ်ယူဖို့ ဖင်တကြွကြွဖြစ်နေတယ်လို့ အတွင်းသတင်းများကဆိုပါတယ်။

ရီးရဲလ်အနေနဲ့လက်ရှိပြိုင်ပွဲစုံမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရသလို ရော်နယ်ဒိုမရှိတော့တဲ့နောက် အားကိုးရလောက်တဲ့ ကစားသမားရှားပါးနေမှုအပေါ် ပီရက်ဇ်က စိုးရိမ်လျက်ရှိပြီး အနာဂတ်အတွက်ရည်ရွယ်ကာ ဘာပေကိုအလိုရှိနေတာပါ။ ပီရက်ဇ်ဟာ ဒီအကြောင်းတွေကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဆီ စာတိုတွေပေးပို့ပြီး ပြောထားခဲ့တာလည်းဖြစ်ပါတယ်။ ဒီစာတိုတွေထဲမှာဆိုရင် ပီရက်ဇ်က-

” ဘာပေရဲ့ပွဲကို ခင်ဗျားတို့ကြည့်ပြီးကြပြီလား၊ ဒုတိယပိုင်းမှာ ကလပ်ဘရုအသင်းဘက်ကို သူဟက်ထရစ်သွင်းခဲ့တယ်၊ ဒီအသင်းက ငါတို့ကို ဘာနေဗျူးမှာ တစ်မှတ်ပဲပေးခဲ့တဲ့အသင်း၊ အဲဒီ့အသင်းကိုသူ(၃)ဂိုးသွင်းခဲ့တာ၊ ငါတို့ သူ့ကိုသာခေါ်နိုင်ခဲ့မယ်ဆိုရင် ရီးရဲလ်က အနည်းဆုံး(၁၀)နှစ်လောက် ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်မှာသေချာတယ် “လို့ ပြောထားခဲ့ပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ ဘာပေဟာ ရောင်းချဖို့မဟုတ်ဘူးလို့ ပီအက်စ်ဂျီအသင်းက ကြေငြာမောင်းခတ်ထားပေမဲ့လည်း ပီရက်ဇ်အနေနဲ့ ပီအက်စ်ဂျီဥက္ကဌနက်ဆာနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတစ်ခုရှိထားတာက ဘာပေအပြောင်းအရွှေ့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာဖို့ရှိနေပါတယ်။

လူညိုချော@SportsGabar