တြန္ခရုရဲ႕”Top Gun”ရုပ္ရွင္သစ္မွာဟာမီတန္ပါလာေတာ့မွာလား???

တေလာက ကမာၻေက်ာ္ ေဖာ္ျမဴလာဝမ္းကားေမာင္းျပိဳင္ပြဲရဲ႕ နာမည္ၾကီးအားကစားသမားတစ္ေယာက္ျဖစ္တဲ့ လူးဝစ္ဟာမီတန္တစ္ေယာက္ မင္းသားတြန္ခရုရဲ႕”Top Gun”ရုပ္ရွင္သစ္မွာ ပါဝင္သရုပ္ေဆာင္ေတာ့မယ္ဆိုတဲ့ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚလာပါတယ္။

ဒီ”Top Gun”ရုပ္ရွင္ဟာဆိုရင္ တြန္ခရုကို ကမာၻေက်ာ္ေစခဲ့တဲ့ မွတ္ေက်ာက္တစ္ခုလိုလည္း ဆိုရမွာျဖစ္ျပီး၊ (၁၉၈၆)ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ ဒီရုပ္ရွင္ဟာ ကမာၻတစ္ဝွမ္း ဝက္ဝက္ကြဲေအာင္ျမင္ခဲ့တာလည္းျဖစ္ပါတယ္။ အဲ့ဒီေနာက္(၃၃)ႏွစ္အၾကာမွာေတာ့ ဒါရိုက္တာ ဂ်ိဳးဇက္ကိုစင္စကီဟာ တိုနီစေကာ့ရဲ႕ “top Gun”ကို ျပန္လည္အသက္ဆက္ဖို႔စိတ္ကူးကို အေကာင္အထည္ေဖာ္ခဲ့ပါတယ္။

ဒါေၾကာင့္ လာမယ့္(၂၀၂၀)ခုႏွစ္မွာေတာ့ “Top Gun”(၁၉၈၆)ရဲ႕အဆက္ျဖစ္တဲ့ “Top Gun:Maverick”ရုပ္ရွင္ထြက္ရွိလာေတာ့မွာျဖစ္ျပီး၊ တြန္ခရုကိုယ္တိုင္ပဲ အဓိကဇာတ္ေကာင္ေနရာကေန သရုပ္ေဆာင္မွာျဖစ္သလို ဟာမီတန္ကိုလည္း ဒီရုပ္ရွင္မွာ ျမင္ေတြ႔ရလိမ့္မယ္လို႔ ေကာလဟာလေတြထြက္ေပၚခဲ့တာပါ။ ဒါနဲ႔ပတ္သက္ျပီး ကာယကံရွင္ဟာမီတန္ကေတာ့ ဒီသတင္းေတြဟာ မဟုတ္မွန္ေၾကာင္း ျငင္းဆိုမႈျပဳလုပ္သြားပါတယ္။ ဟာမီတန္က-

” ေတာ့ပ္ဂန္းရုပ္ရွင္မွာပါႏိုင္ဖို႔ ကြ်န္ေတာ္ၾကိဳးစားခဲ့ပါတယ္၊ ဘာလို႔လဲဆိုေတာ့ ကြ်န္ေတာ္က ေတာ့ပ္ဂန္းရုပ္ရွင္ရဲ႕ အမာခံပရိသတ္တစ္ေယာက္မို႔ပါ၊ ဒါေပမဲ့ ရုပ္ရွင္ရိုက္ဖို႔ ကြ်န္ေတာ့္မွာ အခ်ိန္မရွိခဲ့ဘူး၊ ကြ်န္ေတာ့္ရဲ႕အခ်ိန္ဇယားကိုၾကည့္လိုက္မယ္ဆိုရင္ အလုပ္တာဝန္ေတြနဲ႔ပိေနတာကို ေတြ႔ရမွာပါ ” ” တစ္ခ်ိန္ခ်ိန္မွာေတာ့ ကြ်န္ေတာ့္အေနနဲ႔ သရုပ္ေဆာင္ေကာင္းတစ္ေယာက္ ျဖစ္လာမလား မေျပာတက္ပါဘူး၊ ဒါေပမဲ့ ကြ်န္ေတာ္ ဒါကို လုပ္ခြင့္ရဖို႔ေတာ့ ၾကိဳးစားဦးမွာပါ ” လို႔ ေျပာသြားခဲ့ပါတယ္။

ဟာမီတန္အေနနဲ႔ ဒီတစ္ပတ္အတြင္း မကၠဆီကိုမွာ ယွဥ္ျပိဳင္ရမယ့္ အက္ဖ္ဝမ္းဒရိုက္ဘာခ်န္ပီယံရွစ္ကားေမာင္းျပိဳင္ပြဲမွာ ခ်န္ပီယံဆုသိမ္းပိုက္ႏိုင္ဖို႔အတြက္ သူ႔ရဲ႕ မာစီဒီးအသင္းေဖာ္ ဗက္ထရီေဗာ့ဒက္ ကို (၁၄)မွတ္အသာနဲ႔အႏိုင္ရဖို႔လိုေနပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

တွန်ခရုရဲ့”Top Gun”ရုပ်ရှင်သစ်မှာဟာမီတန်ပါလာတော့မှာလား???

တလောက ကမ္ဘာကျော် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲရဲ့ နာမည်ကြီးအားကစားသမားတစ်ယောက်ဖြစ်တဲ့ လူးဝစ်ဟာမီတန်တစ်ယောက် မင်းသားတွန်ခရုရဲ့”Top Gun”ရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်တော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။

ဒီ”Top Gun”ရုပ်ရှင်ဟာဆိုရင် တွန်ခရုကို ကမ္ဘာကျော်စေခဲ့တဲ့ မှတ်ကျောက်တစ်ခုလိုလည်း ဆိုရမှာဖြစ်ပြီး၊ (၁၉၈၆)ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ ကမ္ဘာတစ်ဝှမ်း ဝက်ဝက်ကွဲအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီနောက်(၃၃)နှစ်အကြာမှာတော့ ဒါရိုက်တာ ဂျိုးဇက်ကိုစင်စကီဟာ တိုနီစကော့ရဲ့ “top Gun”ကို ပြန်လည်အသက်ဆက်ဖို့စိတ်ကူးကို အကောင်အထည်ဖော်ခဲ့ပါတယ်။

ဒါကြောင့် လာမယ့်(၂၀၂၀)ခုနှစ်မှာတော့ “Top Gun”(၁၉၈၆)ရဲ့အဆက်ဖြစ်တဲ့ “Top Gun:Maverick”ရုပ်ရှင်ထွက်ရှိလာတော့မှာဖြစ်ပြီး၊ တွန်ခရုကိုယ်တိုင်ပဲ အဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်မှာဖြစ်သလို ဟာမီတန်ကိုလည်း ဒီရုပ်ရှင်မှာ မြင်တွေ့ရလိမ့်မယ်လို့ ကောလဟာလတွေထွက်ပေါ်ခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ကာယကံရှင်ဟာမီတန်ကတော့ ဒီသတင်းတွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုမှုပြုလုပ်သွားပါတယ်။ ဟာမီတန်က-

” တော့ပ်ဂန်းရုပ်ရှင်မှာပါနိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်က တော့ပ်ဂန်းရုပ်ရှင်ရဲ့ အမာခံပရိသတ်တစ်ယောက်မို့ပါ၊ ဒါပေမဲ့ ရုပ်ရှင်ရိုက်ဖို့ ကျွန်တော့်မှာ အချိန်မရှိခဲ့ဘူး၊ ကျွန်တော့်ရဲ့အချိန်ဇယားကိုကြည့်လိုက်မယ်ဆိုရင် အလုပ်တာဝန်တွေနဲ့ပိနေတာကို တွေ့ရမှာပါ ” ” တစ်ချိန်ချိန်မှာတော့ ကျွန်တော့်အနေနဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်လာမလား မပြောတက်ပါဘူး၊ ဒါပေမဲ့ ကျွန်တော် ဒါကို လုပ်ခွင့်ရဖို့တော့ ကြိုးစားဦးမှာပါ ” လို့ ပြောသွားခဲ့ပါတယ်။

ဟာမီတန်အနေနဲ့ ဒီတစ်ပတ်အတွင်း မက္ကဆီကိုမှာ ယှဉ်ပြိုင်ရမယ့် အက်ဖ်ဝမ်းဒရိုက်ဘာချန်ပီယံရှစ်ကားမောင်းပြိုင်ပွဲမှာ ချန်ပီယံဆုသိမ်းပိုက်နိုင်ဖို့အတွက် သူ့ရဲ့ မာစီဒီးအသင်းဖော် ဗက်ထရီဗော့ဒက် ကို (၁၄)မှတ်အသာနဲ့အနိုင်ရဖို့လိုနေပါတယ်။

လူညိုချော@SportsGabar