သမိုင္းဝင္ဂိုးအေရအတြက္နဲ႔ေဆာင္သမ္တန္ကိုမ်က္ႏွာအိုးမဲသုတ္လိုက္တဲ့လက္စတာ

ညက ယွဥ္ျပိဳင္ခဲ့ၾကတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လက္စတာ စီးတီး အသင္း ကေတာ့ လိဂ္သမိုင္း တစ္ေလ်ာက္ အၾကီးမားဆံုး အေဝးကြင္း နုိင္ပြဲကို ရယူ သြားခဲ့ပါျပီ။ လက္စတာဟာ အိမ္ရွင္ ေဆာက္သမ္တန္ကို (၉)ဂိုးအထိသြင္းယူခဲ့ျပီး၊ လက္စတာကစားသမားႏွစ္ေယာက္ျဖစ္တဲ့ ပီးရက္စ္နဲ႔ဗာဒီတို႔လည္း ဟက္ထရစ္အသီးသီးရယူႏိုင္ခဲ့ၾကပါတယ္။

ေဆာင္သမ္တန္အသင္းဟာ ပြဲခ်ိန္(၁၂)မိနစ္မွာ ေတာင္ပံကစားသမား ဘာထရန္အထုတ္ခံခဲ့ရျပီးေနာက္ မိနစ္(၉၀)လံုး လက္စတာကို (၁၀)ေယာက္ (၁၁)ေယာက္နဲ႔ကစားခဲ့ရတာပါ။ လူစံုတက္စံုခ်ိန္ကတည္းက (၁)ဂိုးေပးထားရတဲ့ ေဆာင္သမ္တန္တို႔ တစ္ေယာက္ေလ်ာ့သြားခ်ိန္မွာ လံုးဝျပိဳဆင္းသြားခဲ့ျပီး၊ လက္စတာရဲ႕ေတာက္ေလ်ာက္ဖိအားေပးမႈေတြကို အလူးအလဲခုခံခဲ့ရပါတယ္။

ဒါေပမဲ့ ေဆာက္သမ္တန္ဟာ အခြင့္အေရးကို အမိအရအသံုးခ်ဖို႔အားထုတ္လာတဲ့ လက္စတာရဲ႕ထိုးစစ္ကို ေတာင့္မခံႏိုင္ခဲ့ပဲ ပြဲခ်ိန္(၁၇)မိနစ္မွာ ယူရီတိုင္လီမန္၊ (၁၉)မိနစ္နဲ႔(၃၉)မိနစ္ေတြမွာ ပီးရက္ဇ္၊ (၄၅)မိနစ္မွာ ေဂ်မီဗာဒီ၊ (၅၇)မိနစ္မွာ ပီရက္ဇ္၊ (၅၈)မိနစ္မွာ ေဂ်မီဗာဒီ၊ (၈၅)မိနစ္မွာ ဂ်ိမ္းမက္ဒီဆင္နဲ႔အခ်ိန္ပိုမွာ ေဂ်မီဗာဒီ တို႔က ဂိုးေတြအသီးသီးသြင္းယူခဲ့ၾကျပီး လက္စတာအတြက္ သမိုင္းတြင္ေစမဲ့ ႏိုင္ပြဲတစ္ပြဲကို ဖန္တီးေပးသြားခဲ့ၾကပါတယ္။

ေဆာက္သမ္တန္ဟာ လက္စတာရဲ႕ ဂိုးေပါက္ကန္သြင္းမႈကို (၂၅)ၾကိမ္အထိခြင့္ျပဳေပးခဲ့ရလို႔လည္း ဒီေလာက္အထိ ဂိုးျပတ္သြားခဲ့ရတာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္လိုျပိဳင္ပြဲမ်ိဳးမွာ တစ္ေယာက္ေလ်ာ့အေနအထားနဲ႔ယွဥ္ျပိဳင္ရတာဟာ ဘယ္ေလာက္အထိ အက်ိဳးသက္ေရာက္မႈရွိသလဲဆိုတာ ဒီပြဲက မီးေမာင္းထိုးျပသြားတာလည္းျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

သမိုင်းဝင်ဂိုးအရေအတွက်နဲ့ဆောင်သမ်တန်ကိုမျက်နှာအိုးမဲသုတ်လိုက်တဲ့လက်စတာ

ညက ယှဉ်ပြိုင်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာ စီးတီး အသင်း ကတော့ လိဂ်သမိုင်း တစ်လျောက် အကြီးမားဆုံး အဝေးကွင်း နိုင်ပွဲကို ရယူ သွားခဲ့ပါပြီ။ လက်စတာဟာ အိမ်ရှင် ဆောက်သမ်တန်ကို (၉)ဂိုးအထိသွင်းယူခဲ့ပြီး၊ လက်စတာကစားသမားနှစ်ယောက်ဖြစ်တဲ့ ပီးရက်စ်နဲ့ဗာဒီတို့လည်း ဟက်ထရစ်အသီးသီးရယူနိုင်ခဲ့ကြပါတယ်။

ဆောင်သမ်တန်အသင်းဟာ ပွဲချိန်(၁၂)မိနစ်မှာ တောင်ပံကစားသမား ဘာထရန်အထုတ်ခံခဲ့ရပြီးနောက် မိနစ်(၉၀)လုံး လက်စတာကို (၁၀)ယောက် (၁၁)ယောက်နဲ့ကစားခဲ့ရတာပါ။ လူစုံတက်စုံချိန်ကတည်းက (၁)ဂိုးပေးထားရတဲ့ ဆောင်သမ်တန်တို့ တစ်ယောက်လျော့သွားချိန်မှာ လုံးဝပြိုဆင်းသွားခဲ့ပြီး၊ လက်စတာရဲ့တောက်လျောက်ဖိအားပေးမှုတွေကို အလူးအလဲခုခံခဲ့ရပါတယ်။

ဒါပေမဲ့ ဆောက်သမ်တန်ဟာ အခွင့်အရေးကို အမိအရအသုံးချဖို့အားထုတ်လာတဲ့ လက်စတာရဲ့ထိုးစစ်ကို တောင့်မခံနိုင်ခဲ့ပဲ ပွဲချိန်(၁၇)မိနစ်မှာ ယူရီတိုင်လီမန်၊ (၁၉)မိနစ်နဲ့(၃၉)မိနစ်တွေမှာ ပီးရက်ဇ်၊ (၄၅)မိနစ်မှာ ဂျေမီဗာဒီ၊ (၅၇)မိနစ်မှာ ပီရက်ဇ်၊ (၅၈)မိနစ်မှာ ဂျေမီဗာဒီ၊ (၈၅)မိနစ်မှာ ဂျိမ်းမက်ဒီဆင်နဲ့အချိန်ပိုမှာ ဂျေမီဗာဒီ တို့က ဂိုးတွေအသီးသီးသွင်းယူခဲ့ကြပြီး လက်စတာအတွက် သမိုင်းတွင်စေမဲ့ နိုင်ပွဲတစ်ပွဲကို ဖန်တီးပေးသွားခဲ့ကြပါတယ်။

ဆောက်သမ်တန်ဟာ လက်စတာရဲ့ ဂိုးပေါက်ကန်သွင်းမှုကို (၂၅)ကြိမ်အထိခွင့်ပြုပေးခဲ့ရလို့လည်း ဒီလောက်အထိ ဂိုးပြတ်သွားခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်လိုပြိုင်ပွဲမျိုးမှာ တစ်ယောက်လျော့အနေအထားနဲ့ယှဉ်ပြိုင်ရတာဟာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိသလဲဆိုတာ ဒီပွဲက မီးမောင်းထိုးပြသွားတာလည်းဖြစ်ပါတယ်။

လူညိုချော@SportsGabar