ျပိဳင္ဘက္ပရိသတ္တစ္ခ်ိဳ႕ရဲ႕ေလွာင္ေျပာင္မႈကိုစကားနာထိုးျပီးတုန္႔ျပန္ခဲ့တဲ့အီဗရာဟီမိုဗစ္

အယ္လ္ေအဂလက္ဆီအသင္းက အယ္လ္ေအအက္ဖ္စီအသင္းကို (၅)ဂိုး(၃)ဂိုးနဲ႔ ရံႈးနိမ့္ခဲ့တဲ့ ပြဲအျပီးမွာ ကြင္းျပင္ပကို စိတ္ပ်က္လက္ပ်က္ထြက္ခြာလာတဲ့ ဂလက္ဆီတိုက္စစ္မွဴး အီဗရာဟီမိုဗစ္ကို အယ္လေအပရိသတ္တစ္ခ်ိဳ႕က ေလွာင္ေျပာင္ခဲ့ပါတယ္။

ဒီ့အတြက္ အီဗရာဟီမိုဗစ္ကလည္း ေဒါသသၾကီးနဲ႔ျပန္လည္တုန္႔ျပန္ခဲ့ျပီး၊ ပြဲအျပီး အင္တာဗ်ဴးမွာလည္း သူ႔ရဲ႕အရွိန္အဝါၾကီးမႈကို ေမဂ်ာလိဂ္နဲ႔ႏႈိင္းယွဥ္ကာ စကားနာထိုးမႈေတြျပဳလုပ္သြားခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္ျပီး အီဗရာဟီမိုဗစ္က-

” အဲဒီ့ေကာင္ေတြ က်ဳပ္ကိုတစ္ခုခုေျပာလိုက္တယ္၊ လံုးဝေလးစားမႈမရွိတဲ့ပံုစံနဲ႔ပါ၊ ဒါေပမဲ့ ဒီလိုကိစၥေတြက က်ဳပ္အတြက္ အေလ့အက်င့္ျဖစ္ေနပါျပီ၊ ဒီကြင္းက က်ဳပ္အတြက္ေတာ့ အရမ္းေသးလြန္းတယ္၊ က်ဳပ္ဆိုတဲ့ေကာင္က လူေပါင္း(၈၀၀၀၀)ေလာက္ၾကည့္တဲ့ကြင္းထဲမွာကစားဖို႔ပဲ သင့္ေတာ္တာဗ်၊ ဒီကြင္းက က်ဳပ္အတြက္ ပန္းျခံထဲမွာ လမ္းေလွ်ာက္ေနရသလိုပဲ “လို႔ဆိုျပီး အယ္လ္ေအပရိသတ္ေတြ မခံခ်င္ေအာင္ တုန္႔ျပန္ခဲ့တာပါ။

ဆက္လက္ျပီး မိုဗစ္က ေမဂ်ာလိဂ္နဲ႔ သူ႔ရဲ႕အနာဂတ္အေပၚ-

” ေနာက္လာမယ့္ႏွစ္မွာ ဘာေတြျဖစ္မလဲဆိုတာ က်ဳပ္မသိဘူး၊ က်ဳပ္ဒီမွာဆက္ရွိေနရင္ ေမဂ်ာလိဂ္အတြက္ ေကာင္းတာေပါ့၊ ဘာေၾကာင့္လဲဆိုေတာ့ က်ဳပ္ပါတဲ့ လိဂ္ကို တစ္ကမာၻလံုးကေစာင့္ၾကည့္ၾကမွာမို႔လို႔ေလ၊ တကယ္လို႔ က်ဴပ္သာ ဒီကထြက္သြားခဲ့မယ္ဆိုရင္ ေမဂ်ာလိဂ္ဆိုတာ ဘယ္သူမွေတာင္ အေရးလုပ္ေတာ့မွာမဟုတ္ဘူး “လို႔ ဒုတ္ထိုးအိုးေပါက္ပဲေျပာၾကားသြားခဲ့ပါတယ္။

အီဗရာဟီမိုဗစ္အေနနဲ႔တစ္ဂိုးဖန္တီးေပးခဲ့ျပီး၊ ဂလက္ဆီအတြက္ ကိုယ္တိုင္(၁)ဂိုးသြင္းယူႏိုင္ခဲ့ေပမဲ့ အိမ္ရွင္အယ္လ္ေအအသင္းရဲ႕တိုက္စစ္မွဴး ဒိုင္အိုမန္ဒီက အႏိုင္ဂိုးေတြထပ္မံသြင္းယူသြားခဲ့တာေၾကာင့္ ပြဲအျပီးမွာေတာ့ ဂလက္ဆီဟာ (၅)ဂိုး၊(၃)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ရပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ပြိုင်ဘက်ပရိသတ်တစ်ချို့ရဲ့လှောင်ပြောင်မှုကိုစကားနာထိုးပြီးတုန့်ပြန်ခဲ့တဲ့အီဗရာဟီမိုဗစ်

အယ်လ်အေဂလက်ဆီအသင်းက အယ်လ်အေအက်ဖ်စီအသင်းကို (၅)ဂိုး(၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ကွင်းပြင်ပကို စိတ်ပျက်လက်ပျက်ထွက်ခွာလာတဲ့ ဂလက်ဆီတိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို အယ်လအေပရိသတ်တစ်ချို့က လှောင်ပြောင်ခဲ့ပါတယ်။

ဒီ့အတွက် အီဗရာဟီမိုဗစ်ကလည်း ဒေါသသကြီးနဲ့ပြန်လည်တုန့်ပြန်ခဲ့ပြီး၊ ပွဲအပြီး အင်တာဗျူးမှာလည်း သူ့ရဲ့အရှိန်အဝါကြီးမှုကို မေဂျာလိဂ်နဲ့နှိုင်းယှဉ်ကာ စကားနာထိုးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အီဗရာဟီမိုဗစ်က-

” အဲဒီ့ကောင်တွေ ကျုပ်ကိုတစ်ခုခုပြောလိုက်တယ်၊ လုံးဝလေးစားမှုမရှိတဲ့ပုံစံနဲ့ပါ၊ ဒါပေမဲ့ ဒီလိုကိစ္စတွေက ကျုပ်အတွက် အလေ့အကျင့်ဖြစ်နေပါပြီ၊ ဒီကွင်းက ကျုပ်အတွက်တော့ အရမ်းသေးလွန်းတယ်၊ ကျုပ်ဆိုတဲ့ကောင်က လူပေါင်း(၈၀၀၀၀)လောက်ကြည့်တဲ့ကွင်းထဲမှာကစားဖို့ပဲ သင့်တော်တာဗျ၊ ဒီကွင်းက ကျုပ်အတွက် ပန်းခြံထဲမှာ လမ်းလျှောက်နေရသလိုပဲ “လို့ဆိုပြီး အယ်လ်အေပရိသတ်တွေ မခံချင်အောင် တုန့်ပြန်ခဲ့တာပါ။

ဆက်လက်ပြီး မိုဗစ်က မေဂျာလိဂ်နဲ့ သူ့ရဲ့အနာဂတ်အပေါ်-

” နောက်လာမယ့်နှစ်မှာ ဘာတွေဖြစ်မလဲဆိုတာ ကျုပ်မသိဘူး၊ ကျုပ်ဒီမှာဆက်ရှိနေရင် မေဂျာလိဂ်အတွက် ကောင်းတာပေါ့၊ ဘာကြောင့်လဲဆိုတော့ ကျုပ်ပါတဲ့ လိဂ်ကို တစ်ကမ္ဘာလုံးကစောင့်ကြည့်ကြမှာမို့လို့လေ၊ တကယ်လို့ ကျူပ်သာ ဒီကထွက်သွားခဲ့မယ်ဆိုရင် မေဂျာလိဂ်ဆိုတာ ဘယ်သူမှတောင် အရေးလုပ်တော့မှာမဟုတ်ဘူး “လို့ ဒုတ်ထိုးအိုးပေါက်ပဲပြောကြားသွားခဲ့ပါတယ်။

အီဗရာဟီမိုဗစ်အနေနဲ့တစ်ဂိုးဖန်တီးပေးခဲ့ပြီး၊ ဂလက်ဆီအတွက် ကိုယ်တိုင်(၁)ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ အိမ်ရှင်အယ်လ်အေအသင်းရဲ့တိုက်စစ်မှူး ဒိုင်အိုမန်ဒီက အနိုင်ဂိုးတွေထပ်မံသွင်းယူသွားခဲ့တာကြောင့် ပွဲအပြီးမှာတော့ ဂလက်ဆီဟာ (၅)ဂိုး၊(၃)ဂိုးနဲ့ရှုံးနိမ့်ခဲ့ရပါတယ်။

လူညိုချော@SportsGabar