လီဗာပူးလ္နဲ႔စပါးပြဲမွာအႏိုင္ရမယ့္အသင္းကိုေရြးေပးလိုက္တဲ့အာႏိုးလ္

အဂၤလန္ႏိုင္ငံကိုေရာက္ရွိေနတဲ့ ကမာၻေက်ာ္အက္ရွင္မင္းသားၾကီး အာႏိုးလ္ကေတာ့ လာမယ့္တနဂၤေႏြေန႔မွာ ကန္မယ့္ ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ လီဗာပူးလ္ စပါးပြဲစဥ္မွာ အႏိုင္ရမယ့္အသင္းကို ခန္႔မွန္း ေရြးခ်ယ္ေပးသြားခဲ့ပါတယ္။

အာႏိုးလ္ဟာ ေနာက္ဆံုးရိုက္ကူးထားတဲ့ တာမနိပ္တာရုပ္ရွင္ကားတစ္ကားျဖစ္တဲ့ “Dark Fate” ရုပ္ရွင္ဇာတ္ကားပရိုမိုးရွင္းပြဲအတြက္ အဂၤလန္မွာေရာက္ေနတာျဖစ္ျပီး၊ သူ႔အေနနဲ႔ နည္းျပဂ်ာဂင္ကေလာ့ရဲ႕လီဗာပူးလ္ဟာ စပါးနဲ႔ပြဲမွာ သူတို႔ရဲ႕ပံုစ့ေကာင္းကို ဆက္လက္ျပသသြားႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေနတာပါ။ ဒီပြဲစဥ္နဲ႔ပတ္သက္ျပီး အာႏိုးလ္က-

” ကြ်န္ေတာ္ကေတာ့ လီဗာပူးလ္ကိုၾကိဳက္တယ္၊ သူတို႔က အျမဲတမ္းအႏိုင္ရေနတဲ့ အသင္းေတာ့မဟုတ္ေပမဲ့ အခုအခ်ိန္ဟာ သူတို႔အတြက္ ႏိုင္ပြဲေရာက္လာမယ့္ အခ်ိန္အခါပါပဲ၊ တစ္ခါတစ္ရံက်ရင္ အႏိုင္ရသင့္တဲ့ပြဲေတြကို သူတို႔ဘာေၾကာင့္ အႏိုင္မရသလဲဆိုတာ ကြ်န္ေတာ္စဥ္းစားလို႔မရဘူး၊ ဒါေပမဲ့ ေနာက္ေတာ့လည္း သူတို႔မွန္မွန္ကန္ကန္ျပန္လာႏိုင္တာပါပဲ ” လို႔ ေျပာသြားခဲ့တာပါ။

အဲဒီေနာက္ အာႏိုးလ္က လီဗာပူးလ္အသင္းအေနနဲ႔ စပါးကို (၂)ဂိုး(၁)ဂိုးနဲ႔အႏိုင္ရသြားလိမ့္မယ္လို႔ ခန္႔မွန္းခဲ့ျပီး၊ အျခားပရီးမီးယားလိဂ္ပြဲစဥ္ေတြကိုလည္း ဂိုးအေရအတြက္ အတိအက်နဲ႔ခန္႔မွန္းသြားခဲ့ပါတယ္။ မန္စီးတီးနဲ႔ဗီလာပြဲကို မန္စီးတီးအသင္းက(၃)ဗီလာ(၀)၊ ဘန္ေလနဲ႔ခ်ဲလ္ဆီးပြဲကို ဘန္ေလ(၀) ခ်ဲလ္ဆီး(၁)၊ အာဆင္နယ္နဲ႔ခရစ္စတယ္ပဲေလ့ပြဲကို အာဆင္နယ္(၂) ပဲေလ့(၁)၊ ေနာ့ဝွစ္နဲ႔မန္ယူႏိုက္တက္ပြဲကို ေနာ့ဝွစ္(၀) ယူႏိုက္တက္(၃) လို႔ အသီးသီးခန္႔မွန္းေပးသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

လီဗာပူးလ်နဲ့စပါးပွဲမှာအနိုင်ရမယ့်အသင်းကိုရွေးပေးလိုက်တဲ့အာနိုးလ်

အင်္ဂလန်နိုင်ငံကိုရောက်ရှိနေတဲ့ ကမ္ဘာကျော်အက်ရှင်မင်းသားကြီး အာနိုးလ်ကတော့ လာမယ့်တနင်္ဂနွေနေ့မှာ ကန်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးလ် စပါးပွဲစဉ်မှာ အနိုင်ရမယ့်အသင်းကို ခန့်မှန်း ရွေးချယ်ပေးသွားခဲ့ပါတယ်။

အာနိုးလ်ဟာ နောက်ဆုံးရိုက်ကူးထားတဲ့ တာမနိပ်တာရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ “Dark Fate” ရုပ်ရှင်ဇာတ်ကားပရိုမိုးရှင်းပွဲအတွက် အင်္ဂလန်မှာရောက်နေတာဖြစ်ပြီး၊ သူ့အနေနဲ့ နည်းပြဂျာဂင်ကလော့ရဲ့လီဗာပူးလ်ဟာ စပါးနဲ့ပွဲမှာ သူတို့ရဲ့ပုံစ့ကောင်းကို ဆက်လက်ပြသသွားနိုင်လိမ့်မယ်လို့ ယုံကြည်နေတာပါ။ ဒီပွဲစဉ်နဲ့ပတ်သက်ပြီး အာနိုးလ်က-

” ကျွန်တော်ကတော့ လီဗာပူးလ်ကိုကြိုက်တယ်၊ သူတို့က အမြဲတမ်းအနိုင်ရနေတဲ့ အသင်းတော့မဟုတ်ပေမဲ့ အခုအချိန်ဟာ သူတို့အတွက် နိုင်ပွဲရောက်လာမယ့် အချိန်အခါပါပဲ၊ တစ်ခါတစ်ရံကျရင် အနိုင်ရသင့်တဲ့ပွဲတွေကို သူတို့ဘာကြောင့် အနိုင်မရသလဲဆိုတာ ကျွန်တော်စဉ်းစားလို့မရဘူး၊ ဒါပေမဲ့ နောက်တော့လည်း သူတို့မှန်မှန်ကန်ကန်ပြန်လာနိုင်တာပါပဲ ” လို့ ပြောသွားခဲ့တာပါ။

အဲဒီနောက် အာနိုးလ်က လီဗာပူးလ်အသင်းအနေနဲ့ စပါးကို (၂)ဂိုး(၁)ဂိုးနဲ့အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး၊ အခြားပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း ဂိုးအရေအတွက် အတိအကျနဲ့ခန့်မှန်းသွားခဲ့ပါတယ်။ မန်စီးတီးနဲ့ဗီလာပွဲကို မန်စီးတီးအသင်းက(၃)ဗီလာ(ဝ)၊ ဘန်လေနဲ့ချဲလ်ဆီးပွဲကို ဘန်လေ(ဝ) ချဲလ်ဆီး(၁)၊ အာဆင်နယ်နဲ့ခရစ်စတယ်ပဲလေ့ပွဲကို အာဆင်နယ်(၂) ပဲလေ့(၁)၊ နော့ဝှစ်နဲ့မန်ယူနိုက်တက်ပွဲကို နော့ဝှစ်(ဝ) ယူနိုက်တက်(၃) လို့ အသီးသီးခန့်မှန်းပေးသွားခဲ့ပါတယ်။

လူညိုချော@SportsGabar