အနာခံျပီးဖ်က္ထုတ္လိုက္ေပမဲ့မ်က္ႏွာမရေျခေထာက္ရသြားတဲ့စေမာလင္း

ညကယွဥ္ျပိဳင္ကစားခဲ့ၾကတဲ့ ယူရိုပါလိဂ္အုပ္စုပြဲစဥ္တစ္ပြဲျဖစ္တဲ့ စီးရီးေအကလပ္ ရိုးမားအသင္းနဲ႔ ဂ်ာမန္ဘြန္ဒက္လီဂါကလပ္ မိုခ်င္ဂလာဘက္အသင္းတို႔ရဲ႕ပြဲကေတာ့ တစ္ဘက္(၁)ဂိုးစီနဲ႔ ျပီးဆံုးသြားခဲ့ပါတယ္။

အိမ္ရွင္ရိုးမားအသင္းအေနနဲ႔ မိုခ်င္ဂလာဘက္ကို ပထမပိုင္းသြင္းဂိုးတစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ျပီး၊ အႏိုင္ရဖို႔နီးစပ္ခဲ့ေပမဲ့လည္း ပြဲျပီးဆံုးခါနီးမွ ေျခပဂိုးျပန္ေပးလိုက္ရလို႔ ခဲေလသမွ် သဲေရက်သြားခဲ့ပါတယ္။ ရိုးမားဟာ ခံစစ္ကို အထပ္ထပ္ပိတ္ဆို႔ကာကြယ္ခဲ့ေပမဲ့လည္း ေနာက္ခံလူ စေမာလင္းေၾကာင့္ ပင္နယ္တီေပးလိုက္ရျပီး၊ ရမွတ္ေတြဆံုးရံႈးခဲ့ရတာျဖစ္လို႔ ရင္ခံစရာေကာင္းခဲ့ပါတယ္။ ဒီပြဲမွာ ဗီလိန္ျဖစ္ခဲ့ရတဲ့ စေမာလင္းအတြက္ ေတာ့ ပိုျပီး အခဲမေက်စရာေကာင္းခဲ့ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ စေမာလင္းဟာ မိုခ်င္ဂလာဘက္တိုက္စစ္မွဴးရဲ႕ ေခါင္းတိုက္ခ်က္ကို သူ႔ရဲ႕မ်က္ႏွာနဲ႔အနာခံကာဖ်က္ထုတ္လိုက္ေပမဲ့ ကြင္းလယ္ဒိုင္ကေတာ့ လက္ထိခဲ့တယ္ဆိုျပီး ပင္နယ္တီလို႔သတ္မွတ္ေပးခဲ့တာပါ။ ဒီပင္နယ္တီကို မိုခ်င္ဂလာဘက္တိုက္စစ္မွဴး လားစ္စတင္ဒယ္လ္က အမွားအယြင္းမရွိကန္သြင္းရယူသြားခဲ့ျပီး၊ အဖိုးတန္ရမွတ္တစ္မွတ္ကို ယူေပးခဲ့ပါတယ္။

ရိုးမားအေနနဲ႔ဒီပြဲကို သေရက်ခဲ့ေပမဲ့ ဒုတိယေနရာကလိုက္လံဖိအားေပးေနတဲ့ ဝုစ္ဘာဂါအသင္းကလည္း အက္စတန္လ္ဘူဘာဆက္ခ္ရွီးယားအသင္းကိုရံႈးနိမ့္သြားခဲ့တာေၾကာင့္ အုပ္စု(ေဂ်)ရဲ႕ထိပ္ဆံုးမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။

ကစားပံုအထာမက်တဲ့ အဂၤလန္ေနာက္ခံလူ စေမာလင္းဟာ ယူႏိုက္တက္အသင္းမွာ ကစားစဥ္တုန္းကလည္း ဧရိယာအတြင္း ျပစ္ဒဏ္က်ဴးလြန္မႈေတြေၾကာင့္ မၾကာခဏဆိုသလို ပင္နယ္တီအေပးခံခဲ့ရေပမဲ့ ဒီတစ္ၾကိမ္ေပးလိုက္ရတဲ့ ပင္နယ္တီဟာ ကံဆိုးမႈေတြနဲ႔ဒြန္တြဲေနပါတယ္။ စေမာလင္းအေနနဲ႔ ဒီလိုပင္နယ္တီက်ိန္စာဆိုးေတြ သူ႔ေနာက္က ဆက္ျပီး ကပ္လိုက္ေနဦးမယ္ဆိုရင္ေတာ့ ရိုးမားမွာလည္းအခ်ိန္ၾကာၾကာခံမွာ မဟုတ္တာေသခ်ာေနပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

အနာခံပြီးဖျက်ထုတ်လိုက်ပေမဲ့မျက်နှာမရခြေထောက်ရသွားတဲ့စမောလင်း

ညကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ စီးရီးအေကလပ် ရိုးမားအသင်းနဲ့ ဂျာမန်ဘွန်ဒက်လီဂါကလပ် မိုချင်ဂလာဘက်အသင်းတို့ရဲ့ပွဲကတော့ တစ်ဘက်(၁)ဂိုးစီနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

အိမ်ရှင်ရိုးမားအသင်းအနေနဲ့ မိုချင်ဂလာဘက်ကို ပထမပိုင်းသွင်းဂိုးတစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး၊ အနိုင်ရဖို့နီးစပ်ခဲ့ပေမဲ့လည်း ပွဲပြီးဆုံးခါနီးမှ ခြေပဂိုးပြန်ပေးလိုက်ရလို့ ခဲလေသမျှ သဲရေကျသွားခဲ့ပါတယ်။ ရိုးမားဟာ ခံစစ်ကို အထပ်ထပ်ပိတ်ဆို့ကာကွယ်ခဲ့ပေမဲ့လည်း နောက်ခံလူ စမောလင်းကြောင့် ပင်နယ်တီပေးလိုက်ရပြီး၊ ရမှတ်တွေဆုံးရှုံးခဲ့ရတာဖြစ်လို့ ရင်ခံစရာကောင်းခဲ့ပါတယ်။ ဒီပွဲမှာ ဗီလိန်ဖြစ်ခဲ့ရတဲ့ စမောလင်းအတွက် တော့ ပိုပြီး အခဲမကျေစရာကောင်းခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ စမောလင်းဟာ မိုချင်ဂလာဘက်တိုက်စစ်မှူးရဲ့ ခေါင်းတိုက်ချက်ကို သူ့ရဲ့မျက်နှာနဲ့အနာခံကာဖျက်ထုတ်လိုက်ပေမဲ့ ကွင်းလယ်ဒိုင်ကတော့ လက်ထိခဲ့တယ်ဆိုပြီး ပင်နယ်တီလို့သတ်မှတ်ပေးခဲ့တာပါ။ ဒီပင်နယ်တီကို မိုချင်ဂလာဘက်တိုက်စစ်မှူး လားစ်စတင်ဒယ်လ်က အမှားအယွင်းမရှိကန်သွင်းရယူသွားခဲ့ပြီး၊ အဖိုးတန်ရမှတ်တစ်မှတ်ကို ယူပေးခဲ့ပါတယ်။

ရိုးမားအနေနဲ့ဒီပွဲကို သရေကျခဲ့ပေမဲ့ ဒုတိယနေရာကလိုက်လံဖိအားပေးနေတဲ့ ဝုစ်ဘာဂါအသင်းကလည်း အက်စတန်လ်ဘူဘာဆက်ခ်ရှီးယားအသင်းကိုရှုံးနိမ့်သွားခဲ့တာကြောင့် အုပ်စု(ဂျေ)ရဲ့ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ကစားပုံအထာမကျတဲ့ အင်္ဂလန်နောက်ခံလူ စမောလင်းဟာ ယူနိုက်တက်အသင်းမှာ ကစားစဉ်တုန်းကလည်း ဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်မှုတွေကြောင့် မကြာခဏဆိုသလို ပင်နယ်တီအပေးခံခဲ့ရပေမဲ့ ဒီတစ်ကြိမ်ပေးလိုက်ရတဲ့ ပင်နယ်တီဟာ ကံဆိုးမှုတွေနဲ့ဒွန်တွဲနေပါတယ်။ စမောလင်းအနေနဲ့ ဒီလိုပင်နယ်တီကျိန်စာဆိုးတွေ သူ့နောက်က ဆက်ပြီး ကပ်လိုက်နေဦးမယ်ဆိုရင်တော့ ရိုးမားမှာလည်းအချိန်ကြာကြာခံမှာ မဟုတ်တာသေချာနေပါတယ်။

လူညိုချော@SportsGabar